satire on the mayor and No. 1

“ကာလ၀ိပါက် နောက်ပိုးတက်”
ဂျော်ဒီး
ဒီဇင်ဘာ ၁၊ ၂၀၁၀

“ အမယ်မင်း … ကြီးလှတဲ့ ဒွတ်ခ ဟဟ … …။ သွားလေသူဂျီး အဘ ပေါ တာ ခေါင် ချုပ် ရေး အေးအေး။ ကျွန်တော်မျိုးကြီး အ ရောင် အစိမ်း မလင်းတဲ့ ဗြောင်သိမ်းခြင်း ကို မကယ် နိုင် တော့ ဘူး လား ဟား ဟာ ဘုရာ့…”

အလို …ဘယ်လို ပု ဂ္ဂိုလ် ကြီး များ ငိုချင်းရှည် ချ နောက်ပိုင်း ဇာတ်ထုပ် ကနေတာပါလိမ့်။ ကြည့် စမ်း ဆံပင် မရှိတဲ့ နဖူး ပြောင် ပြောင် ပေါ် မှာ က သိကြားမင်း ဆောင်းတဲ့ မကိုဋ် ကြီး ကို ဆောင်း လို့။ အောက် ပိုင်း ကျတော့ ရင် ဖုံး တိုက်ပုံကြီး နဲ့ မလိုက် ဖက်စွာ စစ် ဘောင်း ဘီ အစုတ် ကြီး နဲ့။ ဟော … ကြည့် ပါဦး။ မအပ် မစပ်၊ လက်ထဲမှာက ခြောက် လုံး ပြူး သေနတ် ကြီး ကိုင်လို့။ ခြေထောက် မှာကျ စင် ကြယ် ဖိနပ်ကြီး စီး လို့။ မျက်နှာကို သေသေ ချာချာ ကြည့်မိတော့

“ဟယ် တော့ … မြို့တော်ဝန်ဂျီး ဦးဗြောင်သိမ်းခြင်းပါလား” လို့ ဂျီးဒေါ် အလန့် တကြား အော်လိုက်မိတော့ မလှမပ သူ့ နှုတ်ခမ်းကြီးနား လက်ညှိုးကြီး ကပ်လို့ “ရှူးးးး တိုး တိုး” တဲ့။ သိတယ် မဟုတ်လား။ ဂျီးဒေါ်ကလည်း စပ်စုစိန် ဆိုတော့ …

“ဘယ် လို ဖြစ် လာ ရ တာ လဲ ဦး ဗြောင် သိမ်း ခြင်း ရယ်။ လူ မဟုတ်၊ ဂျိုကုတ် မဟုတ်၊ သိကြားမင်း မဟုတ်။ သီဟဗာဟုကို အားကျပြီး သိကြား ဗာဟု ဇာတ်လမ်း ရိုက် နေတာလား”

“အမယ်မင်း ဟင်းးးး ငင်း ငင်း။ ဖြစ်ပုံ သနစ်စုံကို ပြောရရင်ဖြင့် ဟောဒီ ဘ၀၀ယ် လမ်းခင်း၊ တံတားဆောက်မောင် မာဂ လမ်းစဉ် လိုက် ရင် ဖြင့် သိကြား မင်း ဖြစ် တယ် ဆို လို့။ ရွေး ကောက် ပွဲ အတွက် မဲလေးလည်း ဆွယ်ရင်း လမ်းခင်းပေးတာ လမ်းတ၀က်သာ ခင်းမိလို့။ ခုတော့ သိကြား မဟုတ် ထန်းလျက် မဟုတ်၊ နို့ဆီလည်း မမည်။ အရေးကြီးတာက နတ် ပြည် မှာ သိကြား ဖြစ် ရင် တော့ နတ် သမီး မော်ဒယ် လေး တွေ တဖက် လေး ငါး ရာ နဲ့ စံ လိုက် မဟဲ့ လို့အား ခဲ ထား တာ။ ခုတော့ ခုတော့ အရှင် လတ်လတ် ဘာမှန်းမသိတဲ့ ဘ၀ကို တ၀က်ဘဲ ပြောင်းလို့။ နတ်သမီးလေးတွေကလည်း ကျုပ် ဒီဇိုင်း ကြည့်ပြီး အနားကပ်ကို မခံ။ မဲ ပုံး ကြီး အတင်း ဗြောင်သိမ်းသွား မိလို့ ဗြောင် သိမ်း ခြင်း လို့ အမည်သညာကလည်း သမုတ် ခံရသေး အေးဟေး ဟေး ဟေ”

“သြော် … ဒွတ်ခ … ဒွတ်ခ … တရားကျစရာ ပါလား”

ထိုစဉ် “ကယ်ကြပါဦးရှင် … ကူ ကြပါဦး တော့…” အသံ နက် ကြီး နဲ့  ၀င်လာသူ က စိန်စီ သော ည ဇာတ် ကား က အော် စကာ ဆု ရှင် အဖွားကြီး ပါလား။ ထမီ စွန် တောင် ဆွဲ ပြီး ပြေးလာပုံ ထောက်တော့ ပဋာ စာ ရီ ဇတ် လမ်း ကြည့် နေ ရသလို။ ဆံပင် တွေ ကလည်း ဖို့ယိုးဖားယား။ ရင်ဘတ် စည် တီး ငို ချင်း ကြီး တွေ ချ လို့။ ခု မှ ဘဲ ဇာတ် ထုပ် အစုံ ကြည့် နေ ရ တော့ တယ်လို့ ဂျီးဒေါ် တွေး နေ တုန်း …

“ကာ လ ၀ိ ပါက် နောက်ပိုးတက် ဆိုတာ တယ် မှန် ပါလား ဘုရား။ မောင်ဘုရား ပေါတာ ခုတော့ ကွိုင့်ကို ထားရစ် ခဲ့ ပြီ ပေါ့……။ ၁၀၉ ပါး သော ရောဂါတွေနဲ့  ဘ၀ တပါး ငရဲ လားရှာပေါ့ အို မောင် မောင် ပေါတာ ရဲ့ …။ သူများ မိသားစုတေ ကို သေကွဲ ရှင်ကွဲ ကွဲ အောင် ထောင်တွေ ချ၊ သတ် ပစ်၊ ရှင်းပစ် လုပ် ခဲ့သမျှ ခု ဘ၀တောင် မကူး လက် ငင်း ခံ စား နေရပါလား……။ ယမမင်း ဆိုတာကြီးက မောင် တော် ပေါ တာ ကြီး အလောင်းတောင် သင်္ဂြို လ်ခွင့် မပေး အေး ဟေး ဟေ………။ လူ သားခြင်း စာနာစိတ်တွေ ခေါင်း ပါးကြပုံ များ…”

“အမယ် သူတို့ တုံးကတော့ လူသားခြင်း စာနာ ရှာ သကိုး လို့” ဂျီးဒေါ် တိုးတိုးလေး ပြောတာကို မျက် စောင်း ကြီး လှမ်းထိုးရင်း

“အခုတော့ မြေးတော်လေး ဖိုးလောက်လန်းကိုလည်း ဘာမှု ညာ မှုတွေ ဆင်လို့ ဟိုး ပူတာအို ထောင်မှာ ထောင်ဒဏ် (၃၆၅) နှစ် တဲ့ တော်။ ရက်စက် လိုက်ပုံများ။ သူတို့ တုံးက ညှာညှာ တာတာ နှစ် (၁၀၀) ကျော်လေး ချ ခဲ့  တာ ကို။ အောင်မယ်လေး ကိုကိုပေါတာရေ … ငရဲ အိုး ထဲ က ခေါင်း ထောင် ကြည့် ပါဦး တော့……”

အသံ ပြဲ ကြီး ကြောင့် ဂျီးဒေါ် ခေါင်းတွေတောင် ကိုက်လာသည်။ ထိုစဉ် ညည်းသံ သဲ့ သဲ့ ကြားလို့ သေသေချာချာ နားထောင်လိုက် တော့

“ မယ်တော်…… မယ် ဟယ်……ဟယ် ……တော်………”

အားနည်း တိုးတိမ်လွန်းသော အသံပိုင်ရှင်ကား ပေါတာဂျီးရဲ့  သမီးတော် ရှင် ဂွမ်း ဂွိ…။ အလို … ခင်သန္တာသက်ချိုပြုံး ဘော်ဒီပိုင်ရှင်က ဘယ် လို ဖြစ် လို့ ပိန်ချုံး ချိနဲ့  သွား ရ ပါ လိမ့်။

“မယ်တော် သ… သမီးတော်ကို ကယ်ပါ။ သ… သ… သမီးတော် အေအာတီဆေး ပြတ်နေလို့ သေရပါတော့မယ်၊ ကယ်ပါ……”

“ဟယ် …ဂွိဂွိ……။ ဘယ်လို ဖြစ် လာ တာ တုံး။ အမလေး… တပူပေါ် နှစ်ပူဆင့်။ မယ် တော့် အနား သိပ် မကပ်နဲ့နော်။ ခပ် လှမ်း လှမ်း လေး က ပြော၊ ရတယ်……”

ပြောရင်းဆိုရင်း မယ်တော်ကွိုင်က နှာ ခေါင်း စည်း လေး ထုတ်စည်း လိုက်သေး။

“ညည်းကို တို့ စောင့်ရှောက်ရေး ဂေဟာကို ပို့  ခဲ့ တာ လေ။ ဘယ်လို ဖြစ် လို့  အေ အာ တီ ဆေး မရ တာ လဲ။

“မယ်တော်တို့ စောင့်ရှောက်ရေးဌာနတွေက ဆေးတွေ မှောင်ခို ထုတ် ရောင်း ခဲ့ လို့ ဆေး ပြတ် နေတယ်။ အရင် တုံး က H I V လူ နာ တွေ ကို နေစရာ မရှိ အောင်၊ ဆေး မရအောင် မယ်တော်တို့ လုပ်ခဲ့ တာ တွေ… ခု သမီးတော်က ၀ဋ် ခံ နေရပြီ မယ်တော်…”

သြော်… ၀ဋ်……၀ဋ် …… တယ် … ကြောက်စရာ ကောင်းပါလား။ ဂျီး ဒေါ် သို့ကလို တထိုင်ထဲ တရားတွေ ရ နေ တုံး တူတော်မောင် သာဂိက အော်ကြီးဟစ်ကျယ်ဖြင့် ရောက်လာသည် ……

“ ဂျီးဒေါ်၊ ဂျီး ဒေါ် … နေ့ခင်းကြောင်တောင်ကြီး အိပ် ငိုက် နေ ရ သလားဗျ။ လာ… လိုက်မလား”

သြော်… သာဂိ၊ အမိုက်အမဲလေး သာဂိ …။ တရား ရနေတဲ့ လူကြီးကို အိပ်ငိုက်သလေး ဘာလေးနဲ့၊ ဂျီးဒေါ် အကြား အမြင် ရှေ့ ဖြစ်တွေ သိနေတာ ဒင်း မသိပါလား။

“ဘယ်ကို သွား မလို့လဲ … သာဂိ ရဲ့ ”

“မဖြူဖြူသင်း တို့ရဲ့  တောင်ဒဂုံ က H I V လူ နာ စောင့် ရှောက် ရေး ဂေဟာမှာ လူနာတွေ အကြီးအကျယ် ပြဿနာ ရှာခံနေရတယ်ဗျ။ နေ ထိုင် ခွင့် ဆက် မပေး တော့ ဘူး ဆို လို့။ ကျ နော် တို့ ပြည်သူတွေ သူတို့ ဆီ သွား ပြီး အားပေးကြောင်း ဆန္ဒ ဖော် ပြ မလို့ ဗျ”

“ဟေ…… ဂ လို လား…။ ဒါဆို ငါလည်း လိုက်မယ် ချန် မထားနဲ့”

ဤသို့ဖြင့် တောင်ဒဂုံသို့ သွားသည့် ဘတ်စ်ကား တစီးပေါ်တွင် ဂျီးဒေါ်က တူတော်မောင် သာဂိကို ပေါတာကြီးတို့ မိသားစု မည်သို့မည်ပုံ ကာလ၀ိပါက် နောက်ပိုးတက်နေကြောင်း ပြောပြရင်း လိုက်ပါသွားလေသတည်း။ ။

Comments