ရှာဖွေရေး ...

Loading...
PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။ HOME, ၅၈/၆၀ ဗိုလ်အောင်ကျော်အောက်လမ်း၊ ရန်ကုန်၊ ဖုံး (၀၉၂၅- ၄၂၀၀ - ၆၀၆)။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်ဝေး - ရ န် ကု န် ချီေ ကျာ င်း သား သ ပိ တ် တ ပ် ကြီး ဘွဲ့  (၃)

Artist - Than Htay Maung

STUDENT LONG MARCH- 3

အောင်ဝေး - ရ န် ကု န် ချီေ ကျာ င်း သား သ ပိ တ် တ ပ် ကြီး ဘွဲ့  (၃)
(မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၅


( ၃ )
သြော် ... အရေးတော်ပုံဆိုတာ
ကျောင်းသားအတွေးအခေါ်အဟုန်က စရတာပဲ
ကျနစွာယုံပါ
ဒဂုန်တာရာပြောခဲ့သလို
ကောက်ရိတ်ပွဲတော် နွှဲပျော်ဖို့ 
နွေဦးကိုကြိုပါစို့ ရဲဘော်တို့ ရယ်
ရဲဘော်တို့ သွေးခရီးမှာ
အရေးအကြီးဆုံးက
စည်းကမ်းရှိဖို့ နဲ့ 
ညီညွတ်ဖို့ ပဲ
မညွှတ်ဦးခေါင်း
အတောင်မညောင်းတဲ့
ဒေါင်းတို့ ရဲ့ ခရီး
အတွင်းစည်းထဲမှာ
သပ်လျှိုခွဲမယ့်ဒလန်
ပဉ္စမံတွေ အ၀င်မခံနဲ့ 
ကလေကချေ
လန်ပန်တွေလည်း အ၀င်မခံလေနဲ့ 
ဒါ ... မုန်တိုင်းထန်ချိန်
တို့ နိုင်ငံရေးလုပ်နေတာ
ဟုတ်တယ်
ကျောင်းသားတွေ နိုင်ငံရေးမလုပ်ရင်
သူတောင်းစားတွေ သမ္မတဖြစ်ကုန်မှာပေါ့ 
ဒါ ... ခေတ်ပုံလွှာပြယုဂ်
နောက်မဆုတ်တမ်း
ချီရာလမ်းမှာ
ပန်း ခင်းမထားဘူး
ခြေလှမ်းများ တရားဖြစ်စေ
ဓားအိမ်က ဓားကိုငတ်သလို
ငါတို့ ဟာ အနာဂတ်ကိုငတ်ခဲ့
ထလော့
အငတ်ဘေးကျရောက်သူတွေ
ထလော့
ငါတို့ ဟာ
ရာဇ၀င်ကိုလည်းဖြတ်ခဲ့ကြပေါ့ 
ကြည့်စမ်း -
ကတ္တရာလမ်းပူပူမှာ
သနပ်ခါးထူထူနဲ့ 
ကျောင်းသူကလေး
တပ်ဦးထိပ်မှာ လက်ချင်းချိတ်လို့ 
မိတ်ကပ် မလိမ်းမခြယ်နဲ့ 
စိတ်ဓာတ် မတိမ်းမပြယ်တဲ့
မိန်းမငယ်ကလေး
ဟယ် ... မိန်းမလည် သိန်းကြွယ်အစိုးရ
ကျဆုံးရမတဲ့
ရဲဘော်တို့ 
လာ စုရုံးကြဟေ
အဆုံးသတ်တိုက်ပွဲ နွှဲမယ်လေ ... တဲ့
ကွယ် ... အင်တာနေရှင်နယ်တေးတဝေေ၀နဲ့ 
အရေးတော်ပုံရေရှည်ခရီးမှာ
သွေးသစ်ဝေလို့  ချွေးမြစ်ရေသွင်သွင်စီး
အို ... ကျောင်းအမရဲ့
ဒေါင်း ဘာ့ကြောင့် ဘာ့ကြောင့် တွန်ချေသနည်း။

(ဆ က် ရ န် )

ေ အ ာ င္ ေ ၀ း

ဇန္န၀ါရီ ၂၄- ၂၀၁၅။ 

ကာတွန်း ATH - စင်ကာပူလို ဖြစ်အောင်


ကာတွန်း ATH - စင်ကာပူလို ဖြစ်အောင်
(မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၅

ဇွန်မိုး - မြန်မာပြည်သို့ပေးစာ - ရောမပြည် ရောက်ခဲ့ရင်


ဇွန်မိုး  - မြန်မာပြည်သို့ပေးစာ - ရောမပြည် ရောက်ခဲ့ရင်
(မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၅

၂၀၁၄ ဒီဇင်ဘာလတစ်လလုံး မင်းတို့ဆီ စာမရေးနိုင်ဖြစ်ခဲ့တယ်။ တခါတလေတော့ ရွှေရီ၊ ကျော်ထင်၊ ဝင်းဆွေတို့နဲ့တော့ Viber နဲ့ စကားပြောဖြစ်ပါတယ်။ ဆင်ခြေပေးရရင်တော့ နှစ်ကုန်မှာ တသက်လုံး သင်ယူလေ့လာမယ် (Lifelong learning) ခံယူချက်နဲ့ ယူထားတဲ့ Online အတန်းတွေအတွက် စာမေးပွဲတွေဖြေရ၊  စာတမ်းတွေ ရေးတင်နေရတာရယ်။ အလုပ်မှာလည်း နှစ်ချုပ်လုပ်ရမယ့် အလုပ်တွေကို လက်စသတ်နေတာရယ်။ ပြီးတော့ မလုပ်မဖြစ် နှမ်းဝင်ဖြူးရတဲ့ ရပ်ရေးရွာရေး သာရေးနာရေးကိစ္စတွေနဲ့ ရှုပ်နေတာကြောင့် အားလုံးကို အချိန်ပေးပြီး စာမရေးနိုင်၊ ဖုန်းမခေါ်နိုင် ဖြစ်ခဲ့ရတယ်။ ဒီလို ဆင်ခြေပေးလို့ နားလည်ခွင့်လွတ်မယ်လို့ မျှော်လင့်ပါတယ်။ ကဲ နှစ်သစ်ကူးမှာ ရေးတဲ့စာဆိုတော့ မင်းတို့အားလုံး နဲ့ ရွှေနိုင်ငံသူနိုင်ငံသားတွေ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ကျန်းမာချမ်းသာကြပါစေ။

ဒီစာနဲ့ ပတ်သက်ပြီး တစ်ခု ကြိုတင်ပြောချင်တာက ဒီစာက နည်းနည်းတော့ရှည်တယ်။ အဓိက ပြောချင်တဲ့ အကြောင်းအရာကို ရေးရင်နဲ့ ပြောပြချင်တဲ့ အကြောင်းအရာတွေကို ထည့်ပြောဖြစ်တော့ ပေရှည်သွားတယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့လည်း အချိန်ပေးပြီး ဖတ်ကြည့်ပါ။ ပြောမယ်ဆိုရင် တစ်လနီးပါး စာမလာ အကြောင်းမကြားဆိုတော့ အခု တဝကြီးဖတ်ပေါ့။

မနှစ် ၂၀၁၄ ခရစ်စမတ် နဲ့ နှစ်သစ်ကူး ရက်ရှည်ရုံးပိတ်ရက်တွေမှာ ဘယ်မှ မသွားဖြစ်ခဲ့ပါဘူး။ ပုံမှန်အတိုင်းတော့ ရက်ရှည်အားလပ်ရက်တွေမှာ ဟိုသွားဒီသွား လုပ်ခဲ့တယ်။ ဒီတခါတော့ အိမ်မှာနေပြီး ကောင်းကောင်းနား၊ စာဖတ်စာရေး လုပ်မယ်လို့ စိတ်ကူးထားခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ အားချိန်ကို ချောင်းနေတဲ့  ရပ်ကွက်ထဲက အသိမိတ်ဆွေတစ်ယောက်က သူ့ယောက်ျားကို ကားမောင်းသင်ပေးဖို့ တောင်းဆိုတာနဲ့ စိတ်ကူးအစီအစဉ်တွေ ပျက်ခဲ့ရတယ်။ ဒီ ကားမောင်းသင်ပေးရတဲ့ကိစ္စကလဲ ပြောမယ်ဆိုရင်တော့ အုန်းပင်တက်လက်မှတ် ရထားသလိုပါ။ ထစ်ကနဲဆို ရပ်ထဲရွာထဲကလူတွေက သူတို့သွေးသားချင်းတွေကို ကားမောင်းသင်ပေးဖို့ တောင်းဆိုတတ်ကြတယ်။ မင်းတို့ ကြားဖူးသလားတော့ မသိဘူး။ ယောက်ျားက မိန်းမကို ကားမောင်းသင်ပေးတဲ့အခါ စိတ်မရှည်၊ အော်ငေါက်စကားများ ရန်ဖြစ်ပြီး လင်မယားတွေ ကွဲပြဲကြတယ်လို့ အမေရိကန်တွေက ဟာသပြောကြတယ်။ အဲဒါတော့ တကယ်အမှန် ဘယ်ယောက်ျားမှ ကိုယ့်မိန်းမကို ကားမောင်းသင်ပေးတာ မတွေ့ဖူးဘူး။ ဒို့ဗမာစကားမှာတော့ မိသားစုအရေး၊ လင်မယားကြား ဝင်မပါနဲ့ဆိုပေမယ့် ဒီကိစ္စကိုတော့ ကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုတတ်ကြတယ်။

တကယ်တော့ ငါက ကြီးကြီးကျယ်ကျယ် ပုံချဲ့ ပြီး ကားမောင်းသင်ပေးရတယ်လို့ ပြောပေမယ့် တကယ်တော့ အခုမှ ကားစမောင်းတဲ့ အမောင်းသင် မောင်းတဲ့ကားကို ဘေးကအဖော် လိုက်စီးတဲ့အလုပ်။ စိတ်လှုပ်ရှား ရင်တထိတ်ထိတ်နဲ့ အမှားလုပ်တတ်တဲ့ ကားမောင်းနေသူကို အားပေးစကားပြောဆိုပြီး၊ လေပြေလေးနဲ့ ကားစက်နှိုး၊ ဂီယာထိုး၊ အရှိန်လျှော့ ဖြေးဖြေးမောင်း၊ အရှိန်တင် သွက်သွက်လေးမောင်း၊ ရှေ့ မှာမီးပွိုင့် မီးဝါနေတယ် အရှိန်လျှော့၊ မီးနီမှာ ရပ်၊ မီးစိမ်းပြီ သွား၊ ဘယ်ကွေ့ညာကွေ့၊ မီးအချက်ပြ၊ ရှေ့ ကားနောက်ကားကြည့်၊ ရှေ့ နားမှာရပ်၊ နောက်ဆုတ် ဘာညာပြောဆိုတဲ့ အလုပ်ပါ။  ဒီလို စိတ်အေးလက်အေး၊ စိတ်ရှည်လက်ရှည်၊ အချိန်ပေးပြီး သင်ပေးနိုင်တယ်ဆိုတဲ့ သတင်းကြောင့် ကားမောင်းလေ့ကျင့်ပေးဖို့၊ ဘေးကလိုက်ထိုင်ပေးဖို့၊ ပြောပြပေးဖို့ တောင်းဆိုခံရတော့တယ်။ ဒီရဲ့  ဥပဒေတစ်ခုက သင်မောင်းလိုင်စင်နဲ့ ကားမောင်းလေ့ကျင့်သူဘေးမှာ ယာဉ်မောင်းလိုင်စင်ရှိသူ တဦးတယောက်ပါမှ ကားမောင်း လေ့ကျင့်နိုင်တယ်။ 

ဒီနိုင်ငံမှာ ကားမောင်းလိုင်စင်ရဖို့ ပုံမှန်အားဖြင့် အဆင့်နှစ်ဆင့် ကျော်ဖြတ်ရတယ်။ ပထမအဆင့်က သင်မောင်းလိုင်စင် (Learner Permit) အတွက် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း လိုက်နာရမယ့် အချက်အလက်တွေကို လိုင်စင်ဌာနက တရားဝင်ထုတ်ထားတဲ့ လမ်းညွှန်စာအုပ်ကို ဖတ်မှတ်ပြီး၊ ရေးဖြေစာမေးပွဲကို လိုင်စင်ရုံးတွေမှာ ဖြေဆိုရတယ်။ အင်္ဂလိပ်စကား မကျွမ်းကျင် အားနည်းတဲ့သူတွေအတွက် အဆင်ပြေအောင်လို့ သက်ဆိုင်ရာဘာသာစကားနဲ့ ဖြေဆိုနိုင်အောင် စီစဉ်ပေးထားတယ်။ မြန်မာဘာသာစကားနဲ့ မြန်မာလူဦးရေများတဲ့ မြို့ တွေမှာ ဖြေဆိုနိုင်တယ်။ မေးတဲ့မေးခွန်းရဲ့  ၉၀-၉၅ ရာခိုင်နှုန်း အဖြေမှန်ဖြေဆိုနိုင်မှ သင်မောင်းလိုင်စင် ရတယ်။ သင်မောင်းလိုင်စင် က ယာဉ်မောင်းလိုင်စင် ဖြေဆိုဖို့အတွက် ကားမောင်းကျင့်၊ လေ့ကျင့်ပြင်ဆင်ဖို့အတွက်ဖြစ်တယ်။ ခွင့်ပြုထားတဲ့ ရက်အချိန်ကာလ ပြည်နယ်အလိုက် ကွဲပြားမှုရှိတယ်။ တချို့ ပြည်နယ်တွေမှာ တရားဝင်ဖွင့်လှစ်ထားတဲ့ ယာဉ်မောင်းသင်တန်းကျောင်းတက်ပြီး လေ့ကျင့်သင်ယူမှုတွေ လုပ်ရတယ်။ ပြည်နယ်မြို့ ရွာအနှံမှာ ကားလိုင်စင်ရုံးတွေရှိပြီး တပတ်မှာ (၆) ရက်ဖွင့်ကာ အချိန်ပြည့် ဝန်ဆောင်မှုတွေကို လုပ်ကိုင်ဆောင်ရွက်ပေးပါတယ်။ တနိုင်ငံလုံးမှာ ကားလိုင်စင်ရုံးကြီး တရုံးတည်းရှိတဲ့ ရွှေပြည်မှာလို ဘာဖိုးညာဖိုးတွေ ပေးကမ်းရ၊ ဟိုမဒီမ လုပ်စရာမလိုဘူး။ သင်မောင်းလိုင်စင်ကို အသက် (၁၆) နှစ်ပြည့်ရင် မိဘအုပ်ထိန်းသူ ထောက်ခံမှုနဲ့ လျှောက်ထားနိုင်တယ်။

သင်မောင်းလိုင်စင်နဲ့ အချိန်ပေးလေ့ကျင့်ပြီး အဆင်သင့်ဖြစ်ရင် ယာဉ်မောင်းလိုင်စင်အတွက် မောင်းဖြေ စာမေးပွဲ ဖြေဆိုနိုင်တယ်။ ကားမောင်းကျွမ်းကျင်မှုကို စစ်ဆေးသူဆရာက ဘေးကထိုင်ပြီး မြို့ အတွင်း လမ်းကျဉ်းလမ်းမတွေပေါ်မှာ တလမ်းဝင်တလမ်းထွက်၊ ဖြေးဖြေးမောင်းရတဲ့နေရာ၊ မြန်မြန်မောင်းရတဲ့နေရာ၊ ရပ်ရမယ့်နေရာ၊ မီးပွိုင့်တွေကို ဖြတ်မောင်းခိုင်းပြီး မီးဝါမှာ အရှိန်လျှော့ ရပ်လား၊ မီးနီကိုရပ်ဖို့ ပြင်ဆင်လား၊ မီးစိမ်းမှာ ပုံမှန်အရှိန်နဲ့ထွက်လား၊ ရပ်ရမယ့်နေရာ (stop sign) လမ်းစုံမှာ ရပ်လား၊ အရှိန်လျှော့ရမယ်နေရာ ကျောင်းရှေ့ ၊ ဆေးရုံရှေ့ တွေမှာ အရှိန်လျှော့လား၊ ဘယ်ကွေ့ညာကွေ့အတွက် မီးအချက်ပြလား။ နောက်ကြည့်မှန်ကနေ ကားအကျော်အတက် အသွားအလာကို ကြည့်လား စတဲ့ အခြေခံလိုက်နာရမယ့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာမောင်းနှင်းသလားကို ကြည့်ပြီး အမှတ်ပေးတယ်။ အဲဒီမှာ အမှားတွေလုပ် ချိုးဖောက်ရင် လိုင်စင်ရုံးကို ပြန်မောင်းခိုင်းပြီး မောင်းဖြေကျကြောင်း ပြောပြပြီး၊ ထပ်မံကြိုးစားလေ့ကျင့်ဖို့၊ ပြန်ဖြေဖို့ ပြောဆိုရှင်းပြတယ်။ လမ်းပေါ်မောင်းတာ အကုန်အဆင်ပြေ၊ အမှားအယွင်းမရှိရင် ကားရပ်နေရာမှာ သတ်မှတ်ထားတဲ့ စည်းအတွင်းကို မောင်းဝင်ပြီး ရပ်နိုင်လား။ နောက်ပြန်ဆုတ်ပြီး ကားနှစ်စီးကြားထဲ မောင်းဝင်နိုင်လားစတဲ့ နောက်ဆုံးအဆင့်တွေကို စစ်ဆေးတတ်တယ်။ အားလုံး မမှားမယွင်း မောင်းပြကျော်ဖြတ်နိုင်ရင်တော့ လိုင်စင်ရတာပေါ့။ တချို့ တော့ ပြင်ဆင်လေ့ကျင့်ပြီးဖြေတော့ တကြိမ်တည်းနဲ့အောင်ပြီး လိုင်စင်ရတယ်။ တချို့ တော့ စိုးရိမ်မှု၊ ခြေချော်လက်ချော် အမှားလုပ်မိလို့ အကြိမ်ကြိမ် ပြန်ဖြေရတာတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရက်ချိန်းပြန်ယူပြီး မအောင်မချင်း ဖြေဆိုနိုင်တယ်။ ငါ ညံ့လို့တော့ မဟုတ်ဘူးနော်။ ငါ လိုက်ထိုင်ကြည့်ပေးတဲ့ တချို့ အကိုအမတွေ တနှစ်နီးပါးလောက် အကြိမ်များစွာ မလျှော့ဇွဲနဲ့ ဖြေဆိုပြီးမှ လိုင်စင်ရကြတယ်။

မင်းတို့ သိတဲ့အတိုင်း ဒီနေ့ အောတိုဂီယာထိုးကားကို မောင်းတတ်ဖို့ သိပ်မခက်ပါဘူး။ ဒါပေမဲ့ ဒီမှာတော့ လိုက်နာရတဲ့ တင်းကြပ်တဲ့ ဥပဒေစည်းကမ်းတွေက အလွန်များတယ်။ ပထမဦးဆုံး ကားမောင်းဖို့ တရားဝင် ယာဉ်မောင်းလိုင်စင်ရဖို့ အရင်လုပ်ရတယ်။ လိုင်စင်ရရင် ကိုယ်မောင်းမယ့်ကား ကိုယ့်ကားအတွက် အာမခံကြေး ဝယ်ရတယ်။ ယာဉ်တိုက်မှု ဖြစ်တဲ့အခါဖြေရှင်းဖို့၊ လျော်ကြေးငွေ ပေးဖို့ရဖို့အတွက် အာမခံကို မဝယ်မနေရ ထားရှိရတယ်။ ပြီးရင် လိုင်စင်ဖြေတုန်းက ဖတ်မှတ်ထားတဲ့ အခြေခံ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လိုက်နာမောင်းနှင်းဖို့ လိုတယ်။ ဒီမှာက ရဲက ခရာမှုတ် အကြံအဖန်လုပ် မဖမ်းဘူး။ ဒါပေမဲ့ စည်းကမ်းဖောက်ပြီး သတ်မှတ်ထားတဲ့ အရှိန်နဲ့ မောင်းရမယ့်နေရာမယ့် အမြန်မောင်းတာ၊ အနှေးမောင်းတာဆိုရင်တော့ ဖမ်းဆီးခံရမယ်။ တားဆီးဖမ်းဆီးတဲ့အခါ “ဆရာရယ် မလုပ်ပါနဲ့၊ ဒီမှာ ဆရာအတွက်ဆိုပြီး” လာဘ်ထိုးပေးကမ်းလို့ မရဘူး။ လုပ်မိရင်တော့ အမှုတစ်မှု ထပ်တိုးမယ်။

အဆိုးဆုံးက တားဆီးအဖမ်းခံရတဲ့အချိန် အရက်သေစာ သောက်စားထားတာ၊ သောက်ထားတဲ့ အဖုံးဖွင့် အရက်ပုလင်း၊ ဘူးခွံတွေ ကားထဲမှာရှိနေရင်။ ဒါမှမဟုတ် ဆေးဝါးသုံးစွဲထားတာ၊ တရားမဝင် ဆေးဝါးတွေ ကားထဲမှာ ရှိနေတယ်ဆိုရင်တော့ အမှုကြီးတာပေါ့။ အရက်သောက်ထားတယ်ဆိုရင် ကားပေါ်က ဆင်းခိုင်းပြီး ဘယ်လောက် သောက်ထားသလဲဆိုတာကို စစ်ဆေးတယ်။ ဒီက ရဲတွေဆီမှာ အရက်ရေချိန် စစ်ဆေးတိုင်းတာတဲ့ စက်ကလေးတွေပါတယ်။ အဲဒါလေးကို ပါးစပ်ထဲထည့်ပြီး မှုတ်ခိုင်းတယ်။ အရက်သောက်နှုန်း သတ်မှတ်ထားတာထက် ကျော်လွန်ရင် ဖမ်းဆီးအရေးယူ၊ ဒဏ်ငွေရိုက်တယ်။ နောက် စစ်ဆေးတဲ့ ပုံစံတမျိုးက ကတ္တရာလမ်း မျဉ်းဖြောင့်ပေါ်အတိုင်း လမ်းလျှောက်ခိုင်းတယ်။ နောက် တခြားနည်းတွေလည်း ရှိပါတယ်။ သိတဲ့အတိုင်း ဒို့မဟာလူသားတွေက ဒီလောက် တားမြစ်ပိတ်ပင်၊  စည်းကျပ်ထားတဲ့ကြားက သောက်စားမူးယစ်ပြီး မောင်းရမ်းကြတော့ တနှစ်ကို ဒီငမူးတွေကြောင့် ကားတိုက်မှုတွေဖြစ်ပြီး လူ့အသက်ပေါင်းများစွာလည်း ဆုံးရှုံးကြတယ်။

ပြောခဲ့သလို ရဲက တားမြစ်ဖမ်းဆီးပြီး ဒဏ်ငွေဆောင်ဖို့ လက်မှတ်ပေးရင် ဒဏ်ငွေဆောင်ရမယ့် ရက်မတိုင်ခင် အွန်လိုင်း၊ ဖုန်းဆက်၊ စာတိုက်ကနေ ဒဏ်ငွေပေးဆောင်နိုင်သလို၊ ဒဏ်ငွေဆောင်ရမယ့်နေ့၊ တရားရုံးချိန်ထားတဲ့နေ့မှာ တရားရုံးကိုသွားပြီး မိမိ မမှားကြောင်း၊ ဆင်ခြေဆင်လက် အကျိုးအကြောင်းနဲ့ လျှောက်လဲနိုင်တယ်။ အဲဒီနေ့မှာ အကယ်၍ ကိုယ့်ကို ဖမ်းဆီးတဲ့ရဲ အကြောင်းအမျိုးမျိုးကြောင့် တရားရုံးကို မရောက်လာခဲ့ရင် အဲဒီဒဏ်ကြေးငွေကို ပေးဆောင်စရာ မလိုဘူး။ ဒါပေမဲ့ မိမိအပြစ်ကျူးလွန်မှုကတော့ ရဲမှတ်တမ်းထဲမှာ ရှိသွားပြီး၊ ကားအာမခံကြေးလည်း တိုးသွားတတ်တယ်။ ပြီးတော့ နောက်တကြိမ် အဖမ်းခံရရင် ရဲမှတ်တမ်းထဲမှာ အရင်ပြစ်မှုရှိနေတော့ အပြစ်ပိုကြီး ပြဿနာ ပိုများတာပေါ့။ မူးပြီးမောင်းသလို နောက် အထူးရှောင်ရမှာက မီးနီဖြတ်မောင်းတာ၊ အရှိန်လျှော့မောင်းရမယ့် စာသင်ကျောင်း၊ ဆေးရုံရှေ့ တွေမှာ အမြန်မောင်းတာ။ အခုနောက်ပိုင်းတော့ အဲဒီနေရာတွေမှာ အော်တိုရိုက်တဲ့ ကင်မရာတွေ တပ်ထားပြီး အမြန်မောင်းတဲ့ကားတွေကို ဓါတ်ပုံရိုက်ပြီး ဒဏ်ငွေပေးဆောင်ဖို့ အိမ်ကိုစာတိုက်ကနေ ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ ဘယ်နေရာမှာ၊ ဘယ်လောက် အရှိန်နှုန်းနဲ့ မောင်းသွားတယ်ဆိုတဲ့ အချက်အလက်ပါတဲ့ စာပို့ပေးတယ်။ ပြည်နယ်အလိုက် ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေနှုန်းကတော့ မတူဘူးပေါ့။ ကိုယ်ကားမောင်းနေပုံ အမှတ်တရ ဓါတ်ပုံလိုချင်ရင်တော့ ကင်မရာရှိတဲ့နေရာတွေမှာ အမြန်သာမောင်းကြည့် ရက်ပိုင်းအတွင်း စာတိုက်ကနေ ဓါတ်ပုံရတာပဲ။

နောက် အထူးလိုက်နာရတဲ့ စည်းကမ်းဥပဒေက ကားမောင်းနေချိန် မီးနီမီးဝါတွေဖွင့် ဥသြဆွဲပြီး မီးသတ်ကား၊ ဆေးရုံကား၊ ရဲကားတွေ ကိုယ့်ကားရှေ့ နောက်က လာနေတယ်ဆိုရင် ချက်ချင်းဘေးကပ်၊ လမ်းဘေးထိုးရပ်ပြီး သူတို့အသွားအလာကို ဦးစားပေးရတယ်။ တို့ရွှေပြည်မှာ မရှိတဲ့ အထူးခြားဆုံး လိုက်နာရတဲ့ ယာဉ်စည်းကမ်းက ကျောင်းဘတ်စ်ကားတွေ ရပ်ပြီး ကျောင်းသူ/သားတွေကို အတင်းအချ လုပ်နေချိန် ဘယ်ကားမှ ကျော်ဖြတ်ပြီး သွားခွင့်မရှိဘူး။ ကျောင်းဘတ်စ်ကားဘေးက “ရပ်” ဆိုင်ဘုတ်ကလေး ထုတ်တားထားရင် နှစ်ဘက်ယာဉ်ကျောက ကားတွေအကုန်လုံး ရပ်ပြီးစောင့်ရတယ်။ နောက်တခုက အသုဘဈာပနာကို လိုက်လံပို့ဆောင်တဲ့ ယာဉ်တန်းကိုကျော်ဖြတ်ပြီး မမောင်းရဘူး။ အသုဘဈာပနာ လိုက်ပို့ကြတဲ့ ယာဉ်တန်းက အရေးပေါ် အချက်ပြမီးတွေဖွင့်ပြီး မီးနီ၊ မီးဝါ မီးပွိုင့်အားလုံးကို ဖြတ်ပြီးမောင်းနိုင်တယ်။ သူတို့သွားနေတဲ့ ယာဉ်လမ်းကြောင်းထဲကို ရှေ့ ကြားက ဖြတ်ဝင်ပြီး မောင်းခွင့်မရှိဘူး။ 
အထက်မှာပြောခဲ့တဲ့ ရဲဖမ်းတဲ့ကိစ္စကို ထပ်ဖြည့်ပြောရရင် မြန်မာပြည်မှာလို မီးပွိုင့်တွေ၊ လမ်းစုံတွေမှာ ရဲဂိတ်ထိုးပြီး စောင့်ဖမ်းတာမျိုး မရှိဘူး။ ဒီမှာ လှည့်ကင်းရဲကားတွေက လမ်းဘေး တနေရာကနေ ကားမောင်းကြမ်း၊ အရှိန်တင်မောင်းကြတဲ့ ကားတွေကို စောင့်ကြည့်ဖမ်းကြတာများတယ်။ သူတို့ စောင့်ကြည့်နေတဲ့ရှေ့ က ရမ်းကားမောင်းသွားတဲ့အခါ၊ သင်္ကာမကင်း ဖြစ်တယ်ဆိုရင် နောက်က လိုက်လာပြီး အချက်ပြမီး ဥသြသံပေးပြီး လမ်းဘေးထိုးရပ်ခိုင်းတယ်။ အဲဒီအခါကြရင် ကားမောင်းသူက ကားထဲမှာနေပြီး လက်နှစ်ဖက်ကို ကားစတီယာပေါ်မှာထားပြီး ရဲအလာကို စောင့်ရတယ်။ အဲဒီအချိန်မှာ ဟိုနှိုက်ဒီနှိုက်၊ ဟိုရှာဒီရှာတာတွေ မလုပ်ရဘူး။ ကားအပြင်လက်ထုတ်တာ၊ လူထွက်တာတွေလည်း လုံးဝမလုပ်ရဘူး။ ဒီမှာက လူဆိုးလူပေတွေက သေနတ်၊ လက်နက်တွေ သယ်ဆောင်သွားလာတော့ ဒီလိုလူမျိုးတွေနဲ့ ရဲ ပက်ပင်းတိုးရင် သူတို့တတွေရဲ့  ပစ်ခတ်မှုတွေရှိတော့၊ ရပ်ခိုင်းထားတုန်း ဟိုအိတ်နှိုက် ဒီဟာထုတ် လုပ်နေရင် ရဲက အထင်မှားပြီး ပစ်ခတ်တတ်တယ်။ ဒီလို လက်နက်ကိုင် လူဆိုးလူပေတွေရဲ့  ပစ်ခတ်မှုကြောင့် တနှစ်ကို ရဲ တစ်ရာနီးပါး သေဆုံးကြတယ်။

ဒီအချက်ကတော့ အတော်လေး အန္တရာယ်ရှိတော့ ကားမောင်းသူအနေနဲ့ အတော်သတိထားရတယ်။ ရဲ အမိန့်မရမချင်း ပစ္စည်းရှာတာ၊ အပြင်ထွက်တာမျိုးတွေ မလုပ်ဖို့ ရှောင်ကြဉ်ရတယ်။ ကိုယ်မှာ မတော်တဆ လမ်းစည်းကမ်း ချိုးဖောက်တာကလွှဲရင် အရက်ဆေးဝါး သောက်စားထားခြင်း၊ လက်နက်ဘာညာ မရှိဘူးဆိုရင် ဘာမှ ပူပန်ကြောက်စရာ မလိုဘူး။ အကျိုးအကြောင်းရှင်းပြ၊ ပေးတဲ့ စာရွက်စာတမ်း၊ ဒဏ်ငွေဆောင်ဖို့ လက်ခံပြီး ခရီးဆက်နိုင်တယ်။ ရဲအရာရှိက ဆူငေါက်တာ၊ ငွေတောင်းတာ၊ ပြဿနာလုပ်တာ မရှိဘူး။ ကောင်းကောင်းမွန်မွန် ဘာကြောင့် တားမြစ်ဖမ်းဆီးရတာကို ရှင်းပြတတ်တယ်။ ကိုယ်ကလည်း ကောင်းကောင်းမွန်မွန် သိချင်တာမေး၊ ပြောတာနားထောင်၊ တောင်းတဲ့ စာရွက်စာတမ်း (လိုင်စင်၊ ကားမှတ်ပုံတင်) ပြ၊ ပေးတဲ့ ဒဏ်ငွေပေးဆောင်ရမယ့် စာရွက်စာတမ်းယူပြီး ကိုယ့်ခရီး ကိုယ်ဆက်နိုင်တယ်။

မတော်တဆ ကိုယ့်ကားနဲ့ လူတစ်ဦးတစ်ယောက်ကို တိုက်ခိုက်မှုဖြစ်ရင် တိုက်ပြီးမောင်းပြေးရင် လူသတ်မှုမြောက်၊ အပြစ်အရမ်းကြီးတယ်။ အကောင်းဆုံးက ကားရပ်ပြီး ရဲ၊ ဆေးရုံ၊ မီးသတ်ကား (ဖုန်း ၉၁၁) ကို ဆက်သွယ်အကြောင်းကြားပြီး အတိုက်ခံရသူနဲ့အတူ ရှိနေရမယ်။ အကယ်၍ လူသေသွားတောင် ကိုယ်က မသောက်စားထားဘူး။ မူးရမ်းပြီး လမ်းဘေးရပ်နေသူကို သွားတိုက်တာ မဟုတ်ဘူးဆိုရင် ဘာမှ ကြောက်စရာ စိုးရိမ်စရာ မလိုဘူး။ လမ်းပေါ်မှာရှိနေသူတွေ၊ ရပ်ကွက်ထဲကလူတွေ ထွက်လာပြီး ရိုက်တာနှက်တာ မလုပ်ကြဘူး။ 
မောင်းနိုင်တဲ့ အရှိန်နှုန်းတွေအကြောင်း ပြောရရင် ပြည်နယ်အလိုက် အနည်းငယ် ကွာခြားပေမယ့် ပုံမှန်အားဖြင့်တော့ လူနေမြို့ ရွာ လမ်းတွေပေါ်မှာတော့ တစ်နာရီကို ၂၀-၄၀ မိုင်နှုန်း၊ ကျောင်းရှေ့ ဆေးရုံရှေ့ တွေမှာဆိုရင် ၁၅-၂၅ မိုင်နှုန်း၊ မြို့ ပတ်လမ်း (beltway, interstate highways) တွေမှာဆို ၅၅-၆၀ မိုင်နှုန်း၊ အဝေးပြေးလမ်းမကြီး (highways) တွေမှာဆို ၆၅-၇၀ မိုင်အထိ မောင်းနိုင်တယ် (လူဦးရေ အလွန်နည်းတဲ့ အိုင်ဒါဟို (Idaho) နဲ့ မွန်တားနား (Montana) ပြည်နယ် လမ်းမကြီးတွေမှာတော့ ၇၅-၈၀ မိုင်အထိ မောင်းနိုင်တယ်)။ တကယ်တော့ အဝေးပြေးလမ်းမကြီးတွေပေါ်မှာ တစ်နာရီကို ၆၅-၇၀ မိုင် သတ်မှတ်ထားပေမယ့် ကားရှင်းလမ်းရှင်းရင်တော့ အနည်းဆုံး ၇၅ မိုင်လောက်ထိ မောင်းနိုင်ပါတယ်။ မင်းတို့ ရုပ်ရှင်တွေထဲ၊ သတင်းတွေထဲမှာ တွေ့ဖူးမြင်ဖူးသလိုပဲ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံထက် အဆပေါင်း (၄၀) ဆကျော်ကြီးပြီး တနိုင်ငံလုံးကိုဖြတ်ပြီး ကားမောင်းပြီး သွားလာနိုင်တယ်။ လူသူနည်းတဲ့ အထက်မြောက်ပိုင်း တောတောင်ထူထပ်တဲ့ ပြည်နယ်တွေ၊ နယ်စပ်မြို့ ရွာအစွန်းအထိ ကားနဲ့ ကောင်းကောင်းသွားနိုင်တဲ့ ကတ္တရာ လမ်းတွေ အပြည့်ရှိတယ်။

ကားလမ်းတွေနဲ့ ဆက်နွှယ်ပြီး ပေရှည်ပြောချင်တာက နှစ်စဉ် အလွန်အေးတဲ့ နှင်းရေခဲတဲ့ ဆောင်းရာသီ၊ ပူပြင်းတဲ့ နွေရာသီ၊ ရေကြီးတဲ့ မိုးတွင်းကာလတွေမှာ လမ်းတွေ၊ တံတားတွေ ပျက်စီးနိုင်ပေမယ့် ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်ဘဏ္ဍာတွေကို ပြည်နယ်အလိုက် ခွဲဝေသုံးစွဲပြီး ပြုပြင်ပြင်ဆင် တည်ဆောက်ရေးတွေကို အချိန်နဲ့ တပြေညီ လုပ်ကိုင်ဆောင်ရွက်တာကို တွေ့နိုင်တယ်။ ဒါကြောင့် တနိုင်ငံလုံးမှာရှိတဲ့ လမ်းတွေက အချိန်ပြည့် ကောင်းမွန်နေတယ်။ အမေရိကန်ပြည်ထောင်စုက တကယ်တော့ ရာသီဥတု အလွန်ဆိုးဝါးတဲ့ တိုင်းနိုင်ငံဖြစ်တယ်။ နှစ်စဉ် ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ တောမီးတွေ အကြီးအကျယ်လောင်တယ်။ မိုးတွင်းကာလမှာ မုန်တိုင်းကျတယ်၊ ရေကြီးမြေပြိုတာတွေ ရှိတယ်။ ဆောင်းတွင်းမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေကျတယ်။ ဒါပေမဲ့ အစိုးရက တာဝန်အပြည့်ယူပြီး ကြိုတင်ကာကွယ်မှုတွေ၊ ကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေကို လုပ်ပေးပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေလည်း ဘယ်တော့မှ ရပ်တန့်မသွားခဲ့ဘူး။

နောက်တခု ဖြည့်ပြောချင်တာက … မင်းတို့ ရုပ်ရှင်တွေထဲမှာ တွေ့ဖူးမြင်ဖူးကြတဲ့ ရှည်လျားကြီးမားတဲ့ တံတားကြီးတွေအကြောင်းပါ။ ဒီနိုင်ငံမှာ တံတားပေါင်း (၆) သိန်းကျော်ရှိတယ်။ အထင်ကရ တံတားကြီးတွေကတော့ နယူးရော့မြို့ ကို ပတ်စီးနေတဲ့ ဟက်ဒ်ဆန်မြစ် (Hudson river) ကို ဖြတ်ကျော်တည်ဆောက်ထားတဲ့ အရှည် (၅၉၈၈) ပေရှည်တဲ့ ဘရုတ်ကလင် ကြိုးတံတား (Brooklyn Bridge)၊ အရှည် (၄၇၅၇) ပေရှည်တဲ့ ဂျော့ခ်ျ ဝါရှင်တန် ကြိုးတံတား (George Washington Bridge)။ ဒဲလ်ဝဲယားပြည်နယ် နဲ့ နယူးဂျာစီ ပြည်နယ်ကို ဆက်ထားတဲ့ အရှည် (၁၀၇၉၆) ပေရှည်တဲ့ ဒဲလ်ဝဲယား အထိမ်အမှတ်တံတားကြီး (Delaware Memorial Bridge)၊ မယ်ရီလန်းပြည်နယ်က အရှည် (၅) မိုင်ရှည်တဲ့ ချက်စပိခ် ပင်လယ်ကွေ့ တံတားကြီး (Chesapeake Bay Bridge)၊ ဆန်ဖရန်စစ္စကိုက အရှည် (၄၂၀၀) ပေရှည်တဲ့ ရွှေတံခါးကြိုးတံတားကြီး (Golden Gate)၊ ဖလော်ရီဒါပြည်နယ် က (၇) မိုင်တံတား (Seven Mile Bridge) တွေကို ဟိုရှေ့ ပဝေသဏီ (မင်းတုန်မင်းလက်ထက်) ခေတ်ကာလထဲက တည်ဆောက်ခဲ့ကြတာ။ မိုင် (၃၀၀၀) ကျော် ရှည်လျားတဲ့ အရှေ့ -အနောက် နဲ့ မိုင် (၂၀၀၀) နီးပါး ရှည်လျားတဲ့ မြောက်-တောင် အဝေးပြေး အပြိုင်လမ်းမကြီးတွေကိုလည်း ဘယ်သမ္မတ၊ ဘယ် အစိုးရ၊ ဘယ်ခေါင်းဆောင်ကမှ ငါတို့ တည်ဆောက်ခဲ့တာဆိုပြီး မာန်တက်ကြွားဝါ ပြောဆိုမနေကြဘူး။ ဒါတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားကူးသန်ရောင်းဝယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးအတွက် တိုင်းပြည်အုပ်ချုပ် အစိုးရတွေ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်အလုပ်။

ကားအကြောင်း စကားပြန်ဆက်ရရင် တိုင်းပြည်ကကြီး၊ တမြို့ တပြည်နယ် အလွယ်ကူးသန်းသွားလာနိုင်ဖို့ လူ (အိမ်) တိုင်းနီးပါး ကားတစီးလောက်တော့ ရှိကြရတယ်။ ကားပိုင်ဆိုင်ဖို့ကလဲ သိပ်တော့မခက်ပါဘူး။ ကိုယ့်မှာ ပုံမှန်ဝင်ငွေရှိတယ်။ အကြွေးကင်းတယ်။ ဘဏ်တွေက ငွေချေးခွင့်ရရင် ကြိုက်တဲ့ကား (ကားသစ်ကားဟောင်း) ကို ဝယ်ယူနိုင်တယ်။ အရေးကြီးတာက ကိုယ့်မှာ လစဉ်ပေးသွင်းဖို့ ပုံမှန်ဝင်ငွေရှိပြီး၊ ကိုယ်ငွေအပ်၊ ငွေစုထားတဲ့ဘဏ် (ငွေချေးနိုင်တဲ့ တနေရာ) က ငွေချေးနိုင်ရမယ်။ ဒီမှာပြောတဲ့ စကားတခုက ခရက်ဒစ် (Credit) ကောင်းရင် ရောင်းသမျှ ဘာမဆို ဝယ်နိုင်တယ်တဲ့။ ဆိုလိုတာက အကြွေးဝယ်ကဒ်ပြားတွေနဲ့ ပစ္စည်းဝယ်ပြီး အချိန်တန် မပျက်မကွက် ငွေပြန်ဆပ် ငွေပြန်သွင်းတယ်။ အိမ်လခ၊ ကားဖိုး၊ မီးဖိုးရေးဖိုး၊ ဖုန်းဖိုးတွေ အချိန်မီ ပေးသွင်းတယ်။ အလွယ်ပြောရင် ချေးထားတဲ့ ငွေတွေကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ပြန်ဆပ်တယ်ဆိုရင်တော့ ခရတ်ဒစ် ကောင်းတယ်လို့ ပြောလို့ရတယ်။ အဲဒီလိုဆိုရင် ဘဏ်က အတိုးနဲ့ငွေချေးပြီး ကားဝယ်လို့ရတယ်။ အိမ်ဝယ်လို့ရတယ်။ ရောင်းတဲ့ပစ္စည်းမှန်သမျှ အကုန်ဝယ်လို့ရတယ်။ ဒါကြောင့် ဒီမှာနေကြတဲ့ ရွှေတွေ ရောက်ပြီးသိပ်မကြာ အလုပ်အကိုင်ရှိ၊ ဝင်ငွေရှိတာနဲ့ ကားပိုင်၊ အိမ်ပိုင်ကြတယ်ဆိုတာ သိပ်တော့မဆန်းဘူး၊ အများစုက ခရက်ဒစ်နဲ့ ဝယ်ထားကြတာ။ ရွှေပြည်မှာလို့ တခါတည်း သိန်းပေါင်းများစွာ ပေးစရာမလိုတော့ ဝယ်နိုင်ကြတာပေါ့။ အတိုးမပေးချင်၊ ငွေချေးငွေသွင်း မရှုပ်ချင်လို့ ချက်ချင်းငွေချေပြီး ပစ္စည်းပစ္စယတွေကို ဝယ်နိုင်ဝယ်ချင်ရင်လည်း ဝယ်လို့ရတယ်။ ဒီမှာတော့ အကြွေးကင်းတဲ့လူ မရှိဘူး။ ကားမောင်းသင်၊ ကားလိုင်စင်၊ ကားပိုင်ဆိုင်မှု ပြောရင်နဲ့ ငွေကြေးကိစ္စရောက်သွားတယ်။ ငွေကြေးကိစ္စအကြောင်း ထပ်ပေရှည်နေရင် ပြီးမှာမဟုတ်တော့ဘူး။ နောက်မှ ငွေကြေးကိစ္စကို အသေးစိတ် ဆက်ပြောကြတာပေါ့။ 

ပြောခဲ့သလို ဒီမှာက တနေရာနဲ့တနေရာ အလှမ်းဝေးတော့ ကားရှိမှ အလုပ်ဖြစ်တယ်။ ဘတ်စ်ကား၊ မီးရထားလမ်းကြောင်းတွေ ရှိပေမယ့် နေရာတိုင်းမရောက်၊ သူ့အချိန်ဇယားနဲ့ သွားတော့ အမြဲတမ်း အဆင်မပြေလှဘူးပေါ့။ တက္ကစီ စီးမယ်ဆိုရင်လဲ ခရီးဝေးစီးမယ်ဆိုရင် အရမ်းဈေးကြီးတယ်။ နောက်ဆုံး ကားလေးတစီးလောက်ရှိမှ ဟိုနားဒီနားသွားဖို့၊ ဈေးဝယ်၊ ခရီးသွား၊ အလည်အပတ်အတွက် အဆင်ပြေတော့ ဝယ်ကြရတာပေါ့။ အခုနောက်ပိုင်း မြို့ ကြီးတွေမှာ စက်ဘီးစီးသူတွေ အတော်များလာတယ်။ စက်ဘီးစီးသူတွေအတွက် သီးသန့်လမ်းကြောတွေ ထားရှိပေးတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေးအတွက် လူတွေကို စက်ဘီးစီးဖို့ တိုက်တွန်းလှုံဆော်ကြတယ်။

မြို့ အပြင်ဘက်ပိုင်း အိမ်ပိုင်ခြံဝန်းနဲ့ နေရင်တော့ ကိုယ့်အိမ်ခြံအတွင်းမှာ ကားရပ်ဖို့နေရာ (ကားဂိုဒေါင်၊ ကားဝင်လမ်း) ရှိရမယ်။ ကိုယ့်အိမ်ရှေ့  သတ်မှတ်ပေးထားတဲ့ လမ်းဘေးစပ်မှာလည်း ကားရပ်ထားလို့ရတယ်။ မြို့ ကြီးမြို့ လယ်ခေါင်တွေမှာတော့ ခက်တယ်။ ကိုယ့်တိုက်ခန်းရှေ့  လမ်းမပေါ်မှာ ရပ်ခွင့်မရှိဘူး။ ကိုယ့်အဆောက်အဦး အထဲ၊ မြေအောက်မှာရှိတဲ့ ကားရပ်ဖို့နေရာတွေမှာ ရပ်ရတယ်။ ဈေးကြီးတဲ့နေရာ၊ မြို့ လယ်တိုက်ခန်းတွေမှာ ကားရပ်ခအတွက် ငွေပိုပေးရတယ်။ 
အပြင်ထွက်သွားလာတဲ့အခါ ကားကို လမ်းပေါ်လမ်းဘေး တွေ့တဲ့နေရာ၊ လစ်တဲ့နေရာမှာ ရပ်ချင်သလို ရပ်လို့မရဘူး။ ဈေးဆိုင်၊ စားသောက်ဆိုင်၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ရုံးတွေ၊ ကျောင်းတွေဆိုရင်တော့ သတ်မှတ်ထားတဲ့ ကားရပ်နားရမယ့် နေရာတွေရှိတယ်။ အဲဒီ ကိုယ်သွားတဲ့နေရာအတွက် သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ ရပ်နိုင်တယ်။ ဥပမာ - ထိုင်းစားသောက်ဆိုင် သွားပြီး၊ တခြားဆိုင်ရှေ့ ၊ လမ်းတွေပေါ်မှာ သွားရပ်ထားလို့ မရဘူး။ တချို့ နေရာတွေမှာတော့ ကားရပ်နားခပေးပြီး ရပ်နားနိုင်တယ်။ မြို့ လယ်နဲ့ လူစည်းကားတဲ့ နေရာတွေမှာတော့ အခကြေးငွေပေးပြီး ရပ်နိုင်တဲ့ ကားဂိုဒေါင်၊ ကားရပ်နိုင်တဲ့နေရာတွေ ရှိတယ်။ တစ်နာရီ ဘယ်လောက်၊ တနေုကုန် (မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ) ဘယ်လောက်၊ ညအိပ်ထား ဘယ်လောက်၊ တစ်ပတ်၊ တစ်လ ဘယ်လောက်ဆိုပြီး ဈေးနှုန်းအမျိုးမျိုးရှိတယ်။ မြို့ ကြီးတွေဖြစ်တဲ့ နယူးရော့၊ အဲလ်အေ၊ ဆန်ဖရန်စစ္စကို၊ ချီကာဂို၊ ဝါရှင်တန်ဒီစီတွေမှာဆို ကားရပ်ခက အတော်ဈေးကြီးတယ်။ ပြောချင်တာက ဘယ်သူဘယ်ဝါဆိုပြီး ကားကို ဟိုထိုးဒီရပ် ထားခဲ့လို့မရဘူး။ ရပ်ခွင့်မပြုထားတဲ့ လမ်းဘေးနေရာတွေမှာ ရပ်ထားရင်၊ ကားရပ်မီတာခ မဆောင်ဘဲ ပိုက်ဆံမထည့်ဘဲ ရပ်ထားရင် ဒဏ်ငွေရိုက်၊ ကားဆွဲသိမ်းခံရမယ်။ ဒီလိုနည်းနဲ့ လမ်းတွေရဲ့  ပိတ်စို့မှုကို တနည်းတလမ်း ရှင်းလင်းထိန်းချုပ်တဲ့ သဘောပေါ့။

လမ်းပိတ်စို့မှုကို ရှင်းတဲ့ တခြားနည်းလမ်းတွေမှာ ကားများကားကြပ်တဲ့ မြို့ ကြီးတွေမှာဆိုရင် မနက်ပိုင်း အလုပ်သွားချိန်၊ ညနေပိုင်း အလုပ်ဆင်းချိန်မှာ မြို့ ပတ်လမ်းမကျယ်ကြီးတွေပေါ်မှာ အမြန်မောင်းနိုင်တဲ့ HOV (High Occupancy Vehicle) ခေါ် အထူးသီးသန့်လမ်းကြောတွေ ရှိတယ်။ အဲဒီလမ်းကြောပေါ် မောင်းဖို့ ကားတစီးပေါ်မှာ အနည်းဆုံး ခရီးသည် (၃) ယောက် လိုက်ပါရတယ်။ ဝါရှင်တန်ဒီစီမှာတော့ အလုပ်ရုံးတွေကို ကားမောင်းသွားတဲ့လူတွေက အဲဒီ အမြန်လမ်းကြောင်းပေါ်က မောင်းချင်လို့ သူတို့ အလုပ်နဲ့အိမ် ခရီးလမ်းကြောင်းအတိုင်း သွားကြတဲ့ တခြားခရီးသည်တွေကို ခေါ်တင်ပြီး သွားကြတယ်။ ဒို့ရုံးက အရာရှိတွေဆို အဲဒီနည်းအတိုင်း သွားလာကြတယ်။ ငါ ကိုယ်တိုင်လည်း ရုံးက လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ အလှည့်ကျ သူ့ကားငါ့ကား မောင်းပြီးသွားကြတယ်။ ပြီးတော့ ရုံး/ကျောင်းတက်ချိန်၊  ရုံး/ကျောင်းဆင်းချိန်တွေမှာ လမ်းပြရဲတွေက လမ်းတွေကို တစ်လမ်းမောင်း၊ နှစ်လမ်းမောင်း လိုအပ်သလို အချိန်နဲ့ကိုက် ဖွင့်ပိတ်ပြီး လမ်းပိတ်မှုကို ဖြေရှင်းပေးကြတယ်။ နောက်ပြီးတော့ ဘယ်အရာရှိ ဘယ်လူကြီးမှ တီတီတော်တော်၊ တဝီဝီနဲ့ ကားတွေကို ဗိုလ်ကျရပ်ခိုင်းပြီး သွားကြလာကြတာ မလုပ်ကြဘူး။

ကား ဘယ်လောက်မောင်း ဖြစ်သလဲဆိုရင် ဒီမှာ နေလာတဲ့ ဆယ်စုနှစ်အတွင်းမှာ အလုပ်ရုံး ရက်ရှည် ပိတ်ရက်တွေမှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ နေရာတွေကို အပန်းဖြေခရီးတွေတာ၊ တခြားပြည်နယ် မြို့ ရွာတွေမှာ နေထိုင်ကြတဲ့ သူငယ်ချင်း အသိမိတ်ဆွေတွေဆီ သွားလည်ကြတဲ့အခါ ကားမောင်းသွားရတယ်။ အမေရိကန် အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားကနေ အရှေ့ ဘက်ခြမ်း ဝါရှင်တန်ဒီစီကို တနေ့ (၁၀) နာရီကျော်၊ (၅) ရက်ဆက်တိုက် မိုင် (၃၀၀၀) ကျော်ခရီး ကားမောင်းဖူးတယ်။ ဝါရှင်တန်ဒီစီကနေ မိုင် (၁၀၀၀) ကျော်ဝေးတဲ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့ ကိုလည်း ကားမောင်းသွားဖူးတယ်။ အမေရိကန်နိုင်ငံ တနိုင်ငံလုံးနီးပါးကို ကားနဲ့ လျှောက်လည်ဖူးတော့ ကားမောင်းရတာကို ကြိုက်တယ်။ လမ်းတွေကောင်း၊ ခရီးတလျှောက် ကြည့်နိုင်တဲ့ လှပတဲ့ ရှုမျော်ခင်းတွေ၊ အဆင်ပြေစွာ နားနိုင်စားသောက်နိုင်တဲ့ နေရာတွေ၊ တည်ခိုခန်းတွေနဲ့ သက်တောင့်သက်သာ သွားလာနိုင်တော့ မိုင်ပေါင်းများစွာ ပြည်နယ်မြို့ ရွာတွေဖြတ်ပြီး လူတိုင်း ကားမောင်းပြီး ခရီးထွက်ကြတယ်။

ပြောမယ်ဆိုရင် ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်တယ်လို့ ပြောလို့ရတယ်။ ဒီနိုင်ငံမှာ ချမှတ်ပြဌာန်းထားတဲ့ မျှတတိကျသော စည်းကမ်းဥပဒေ (ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း) တွေကို နိုင်ငံသားကောင်းတစ်ဦးအနေနဲ့ သတိထားလိုက်နာလို့ ဒီနေ့အထိ ကားမောင်းကြမ်းလို့၊ မီးနီဖြတ်မောင်းလို့၊ အရှိန်နဲ့ မောင်းလို့၊ ယာဉ်စည်းကမ်း မလိုက်နာလို့စတဲ့ ရဲဖမ်းခံရတာ၊ ဒဏ်ငွေဆောင်ရ၊ တရားရုံးသွားရတာတွေ ဘာညာ မရှိခဲ့ဘူး။ ကြွားတယ်လို့တော့ မထင်လိုက်နဲ့ ပြောချင်တာက စည်းနဲ့ကမ်းနဲ့ လိုက်နာမောင်းခဲ့တော့ ခေါက်ရိုးကျိုးပြီး နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့ မွေးဌာနေ ရန်ကုန် ပြန်ရောက်တော့ ကားမောင်းပြီး ဟိုသွားမယ် ဒီသွားမယ်ဆိုတဲ့စိတ် ကြက်ပျောက်ငှက်ပျောက်ဖြစ်ကာ၊  မင်းတို့တွေ့တဲ့အတိုင်း ကိုယ်တိုင်မောင်း မပြောနဲ့ သူများမောင်းပို့တာကို လိုက်စီးရတာတောင် ရင်တုန်ပန်းတုန်နဲ့ အတော်လေး ထိတ်ထိတ်လန့်လန့် ဖြစ်ခဲ့ရတယ်။

မပြန်ခင် သူငယ်ချင်းတချို့ ကို ပြောခဲ့တာကို ပြန်ပြောရရင် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့နေ့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံရသလို မင်္ဂလာဒုံလေဆိပ်ကနေ အိမ်သွားလမ်းတလျှောက်မှာ ဟိုကျော်ဒီဖြတ်၊ မီးနီမီးဝါ ဖြတ်သွားတဲ့ကား၊  လမ်းကူးလာတဲ့ လူအုပ်စု၊ ပလက်ဖောင်းမဲ့ လမ်းဘေး၊ လမ်းလယ်ပေါ် ဘေးမကြည့် ရှေ့ နောက်မကြည့် လျှောက်နေသူတွေ၊ အရပ်ရှစ်မျက်နှာက ဖြတ်ဝင်လာတဲ့ စက်ဘီး၊ ဆိုက်ကားတွေကို ညီငယ်ကတော့ ကျွမ်းကျွမ်းကျင်ကျင် ရှောင်တိမ်ကျော်ဖြတ် သူ့အထာနဲ့သူ မောင်းနေပေမယ့် ငါမှာတော့ ခေါင်းတွေမူးနောက်၊ ရင်တထိတ်ထိတ်နဲ့ နှလုံးရောဂါ ရသလို ခံစားရတယ်။ တောသား မြို့ ရောက်သလို တအံ့တသြ၊ ရင်ခုန်သံ တဒုန်းဒုန်းနဲ့ ဇောချွေးတွေပြန်လို့ - ခြေတွေလည်းညောင်း (ဘရိတ်အုပ်နေရလို့)၊ စကားမပြောနိုင်၊ ဘေးပတ်ဝန်းကျင် မခံစားနိုင် ဖြစ်ခဲ့ရတယ်။ နောက်နေ့တွေ ကားမောင်းဖို့ မပြောနဲ့ ပလက်ဖောင်းမဲ့ လမ်းတွေပေါ် လမ်းလျှောက်တော့လည်း နောက်ကျောမလုံ။ လမ်းကူးရတော့လည်း မီးနီမီးဝါ အရှိန်မလျှော့ ဖြတ်မောင်းလာတဲ့ကားကို ကြောက်လန့်ရ၊ လူကူးမျဉ်းကြား ရှာမရနဲ့ လူတွေလမ်းကူးဖို့ ရပ်မပေးတဲ့ ကားတွေကို တမေ့တမော စောင့်ရ၊ ပြေးရလွှာရ၊ ကားကြိုးကားကြားထဲ ဖြတ်ကူးရနဲ့ (၂၅) နှစ် ဝေးခဲ့တဲ့အဖြစ်က ကမ္ဘာသစ်ကို ရောက်နေသလို ခံစားရတယ်။

 “ရောမ ရောက်ရင် ရောမလိုကျင့်” ဆိုတဲ့ ဆိုစကားအတိုင်း ပြုကျင့်ပေါ့လို့ ပြောတဲ့ မြန်မာပြည် ပြန်ရောက်ပြီး … သူကိုယ်တိုင် မကြိုက်ပေမဲ့ အများပြုကျင့်နေတဲ့အတိုင်း ရေစီးမျောလိုက်နေတဲ့ အသိမိတ်ဆွေကို အားနာနာနဲ့ ပြန်ပြောမိတာက ဒီဖက်နိုင်ငံမှာ ပညာသင် မျက်စိပွင့် နားပွင့်ခဲ့ပြီး၊  ကိုယ့်အတွက် အများအတွက် အကျိုးမရှိတဲ့ မကောင်းမှုတွေကို အတုမခိုး၊ လိုက်မလုပ်ဘဲ၊ လွတ်လပ်မျှတတဲ့ တရားဥပဒေ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ပုံကိုင်ပုံတွေကို သဘောကျ၊ အားကျ လေးစားလိုက်နာ ကျင့်ကြံခဲ့ပြီးမှ ပျက်စီးနေတဲ့ ရောမပြည်ကြီး ပြန်ရောက်တော့ အဲဒီမှာရှိတဲ့ လုပ်ပုံကိုင်ပုံတွေအတိုင်း ပြောင်းလဲ လိုက်မလုပ်နိုင်ဘူးလို့။ အဲဒီလို စဉ်းစဉ်းစားစား ပြောခဲ့ပြီး ကားမောင်းဖို့ကို လက်လျှော့ခဲ့တယ်။

မင်းတို့အားလုံး သိတဲ့အတိုင်း ရန်ကုန်မြို့ မှာ နေချင်းညချင်း ကာတွေကြပ်လာတာ အစိုးရ၊ တိုင်းအုပ်ချုပ်ရေး နဲ့ မြို့ နယ်အုပ်ချုပ်ရေးမှုးတွေရဲ့  လုပ်ချင်သလိုလုပ်ကိုင်တဲ့ ဗရမ်ဗတား စီမံကိန်းတွေကြောင့်ဆိုတာ သူတို့ မငြင်းနိုင်ဘူး။ အခြေခံ ဆက်သွယ်ရေး အဆောက်အအုံ လမ်းတံတား မီးပွိုင့်တွေကို စနစ်တကျ ဦးစွာပြင်ဆင်၊ ချဲ့ ထွင်မတည်ဆောက်။ လမ်းစည်းကမ်း ယာဉ်စည်းကမ်း နည်းဥပတွေကို တိတိကျကျ မှန်မှန်ကန်ကန် ပြန်လည်မရေးဆွဲ၊ ပြဌာန်းမှုမရှိဘဲ သူတို့လက်ဝေခံတွေကို ကားတင်သွင်းခွင့် လိုင်စင်တွေ ထုတ်ပေးလိုက်တော့ နိုင်ငံတကာက ကားမျိုးစုံ ရန်ကုန်မြို့  လမ်းတွေပေါ်ရောက် ယာဉ်ပိတ်စို့မှုတွေ၊ တိုက်ခိုက်မှုတွေ၊ လေထုညစ်ညမ်းမှုတွေ ဖြစ်ကုန်တာပေါ့။ 
တကယ်ပါ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ကြတဲ့ နိုင်ငံခြားသား အသိမိတ်ဆွေတွေက “မြန်မာနိုင်ငံသူနိုင်ငံသားတွေက အလွန်ချစ်ခင်ဖို့ကောင်းတယ်။ သဘောရိုး သဘောကောင်းကြတယ်။ ယဉ်ကျေး ပျူငှာတယ်။ စေတနာကောင်း ဖြူစင်ကြတယ်။ ဒါပေမဲ့ အုပ်ချုပ်သူတွေရဲ့  လုပ်ရပ်ကတော့ မယုံနိုင်လောက်အောင် ညံ့ဖျင်းတယ်၊ အမျှော်အမြင်နည်း၊ အမြင်ကျဉ်းမြောင်းကြတယ်။ တိုင်းပြည်က ချမ်းသာပြီး ကိုယ့်ကျိုးကြည့် အုပ်ချုပ်သူတွေကြောင့် ပြည်သူတွေ မဆင်းရဲသင့် မကြပ်တည်းသင့်ဘဲ နေနေရတာကို တွေ့ရတော့ ဝမ်းနည်းကြောင်း ပြောဆိုကြတယ်။ 

သူတို့ပြောတာ မလွန်ပါဘူး။ အခုအချိန်ကာလအထိ ဘာမှတိုးတက်ပြောင်းလဲမှု မရှိတဲ့ နယ်တောမြို့ ရွာတွေကို ထားလိုက်တော့။ အလွယ်ပြုပြင် ပြန်လည်တည်ဆောက်နိုင်တဲ့ လက်ရှိ ရန်ကုန်မြို့  အနေအထား၊ အခြေအနေကိုကြည့် … တိုင်းပြည်နိုင်ငံသားအကျိုး သိပ်ကြည့်တဲ့ မင်းလုပ်သူတွေက ငါတို့တော့ နေရာသစ်မှာ အကောင်းစားတွေနဲ့ သွားနေတော့မယ်။ မင်းတို့ဘဝနဲ့ မင်းတို့ဆိုပြီး ပစ်သွားတဲ့ မြို့ ပျက်ကြီးကို အာဏာရ သက်ဆိုင်ရာ တိုင်းမြို့ နယ် အုပ်ချုပ်သူတွေက ဒီနေ့အထိ စနစ်တကျ ပြုပြင်မတည်ဆောက်နိုင်တော့ ဒီလို ဖရိုဖရဲ၊ စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောရတာပေါ့။ ဒါကြောင့် အဆင်ပြေသလို အများ မိုးခါးရေသောက် နေထိုင်သွားလာပေါ့လို့ ပြောဆိုချက်ကို ငြင်းဆိုပြီး ကားမမောင်းခဲ့တာ (မင်းတို့) သူများမောင်းပေးတာကို အခန့်သာ စီးချင်လို့မဟုတ်ပါဘူး။ ရောက်ခဲ့တဲ့ ရောမပြည်ရဲ့  ဗလုပ်ရှုပ်ထွေး နားလည်ဖို့ ခက်ခဲတဲ့ စည်းကမ်းဥပဒေတွေအတိုင်း လိုက်မပျက်ချင်လို့ပါ။ နောက်တခေါက် ပြန်ရောက်ခဲ့ရင် တိုးတက်ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေရင်တော့ မင်းတို့တတွေကို မြို့ အနှံ ကားမောင်းလိုက်ပို့ပေးပါမယ်။ 

တော်ပြီကွာ။ ပြောချင်တာတွေ ပေရှည်ဆက်ရေးနေရင် လုံးချင်းဝထ္ထုစာအုပ် ဖြစ်တော့မယ်။ နောက်မှ တခြားပြောချင်တဲ့ အကြောင်းအရာတွေ ဆက်ပြောကြတာပေါ့။ တို့နိုင်ငံသူနိုင်ငံသားတွေ နှစ်သစ်မှာ ကြပ်တည်မှုအပေါင်းမှ လွတ်ကင်းလွတ်မြောက်နိုင်ကြပြီး၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

မင်းတို့ရဲ့ 

ဇွန်မိုး

ငြိမ်းချမ်းအေး - လက်ပိုက်ရပ်မနေကြပါနဲ့


ငြိမ်းချမ်းအေး - လက်ပိုက်ရပ်မနေကြပါနဲ့
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၁၅

ကျနော့် YouTube ရုပ်သံသီချင်းလိုင်းမှာ ငှက်ရဲ့ "အရေးကြီးပြီ" သီချင်းက ဇန်နဝါရီ (၂၁) ရက်နေ့က စ ရုတ်တရက်ချက်ချင်း နားထောင်သူ အရေအတွက် တိုးလာကြောင်း YouTube က ပြောတယ်။  ဖြစ်ရပ်ကလေးက မပြောပလောက်ပေမဲ့ လူသာမန်များရဲ့ ကျောင်းသားသပိတ် အပေါ် တုံ့ပြန်မှုရလဒ်ပဲ ဆိုတဲ့ အသိကိုပေးတော့ အားတက်ရတယ်။

အခု ကျောင်းသားလူငယ်တွေ ချီတက်ရာ လမ်းကြောင်းမှာ ပါဝင် ပံ့ပိုးကူညီတဲ့ ရပ်ထဲ ရွာထဲက သာမန် လူထု ကို ကြည့်ပါ။

အာဏာရှင်၊ ဒီမိုကရေစီ သီအိုရီ မသိဘူး။  အသွင်ကူးပြောင်းမှု ကာလ ဆိုတာတွေ နားမလည်ဘူး။

ဒါပေမဲ့ မတရားမှုကို ဆန့်ကျင်ရမယ်၊ ဖိနှိပ်သူကို တော်လှန်ရမယ် ဆိုတဲ့ အသိစိတ်ဓာတ်က လူထု စိတ်မှာ ကိန်းအောင်းနေပြီး ဖြစ်လို့ ဝိုင်းဝန်းနေကြတာပါ။

လူထုက  တကယ့် ကို ရင်ထဲ အသည်းထဲက "အဆုံးသတ်တိုက်ပွဲ" ကို မြင်လို လှပြီ။

"အရေးကြီးပြီ" ဆိုတဲ့ အချိန်အခါ ကို လူထု  နိုင်ငံရေး ရေချိန်က သိတယ်။

"ငါဒို့ရဲ့ သမိုင်း သစ်ကို ငါဒို့ ကိုယ်တိုင် ရေးထိုးရမယ်" အကြောင်းကို လူထုက သိပြီး ဖြစ်တယ်။

တော်လှန်ရေး အပေါ် "သွေးသစ္စာ" ပြုဖို့ကို လူထု က ဘယ်တော့မှ မပျက်ကွက်ခဲ့ပါဘူး။

 "အခါတိုင်ပြီ လက်မလွှတ်နဲ့ မကြေတဲ့ အကြွေးဆပ်ဖို့.."

"နီတဲ့သွေး ရဲရင့်လို့ ရန်သူ 'မင်း' ရှေ့ကို ချီတက်ဖို့.."

ဝိုင်းဝန်းဖို့ရာ လူထုက တခါမှ နောက်မတွန့်ခဲ့ဖူးဘူး။

မသိတာက၊ နှောင့်နှေးတာက ခေါင်းဆောင် ဆိုတဲ့ သူတွေပါ။

ဗမာ့ နိုင်ငံရေး သမိုင်း ကို ကြည့်ပါ။

တဖြည်းဖြည်း နဲ့ ပြောင်းလဲလာမှာပဲ ဆိုတဲ့ နိုင်ငံရေး လမ်းစဉ် ရွေးသူတွေ တဖြည်းဖြည်းနဲ့ ဘေးရောက်ခဲ့တာ ဒိုင်အာခီ ခေတ်ကတည်းကပါ။  အတွင်းဝင် ပေါင်းတိုက်မယ် ဆိုတဲ့သူတွေ နောက် ပေါင်းစား ဘဝ သာ ရောက်ခဲ့ရတာလည်း ဒိုင်အာခီ ခေတ် ကစတာပါပဲ။

ဒီလို ခေါင်းဆောင်တွေ ပျက်စီးသွားခဲ့ပေမဲ့ အဲဒီ အချိန်က လူထုကြားမှာ ဒိုင်အာခီ အုပ်ချုပ်ရေး ကို ဘယ်လောက်တောင် လက်မခံဘူးသလဲဆိုရင် "ဒိုင်အာခီ" ဆိုတဲ့ စကားလုံး ကို ရွံရှာလွန်းလို့ ဆဲသလို နာကြတယ်။  "ဟဲ့.. နင်က ဒိုင်အာခီ မ" ဆိုရင် ပြင်းထန်တဲ့ ဆဲရေးတိုင်းထွာမှုလို အရပ်ထဲမှာ ခံယူခဲ့ကြတယ်။

ဗမာ့လူထုနိုင်ငံရေး က အဲဒီလို ရပ်တည်မှု မှန်ခဲ့တာပါ။

ဖိနှိပ်သူ အာဏာရှင် လူထုတော်လှန်ရေးတွေမှာ အဆင့်တွေ တဆင့်ပြီး တဆင့် ကျော်ဖြတ်ရပါတယ်။

ကျောင်းသား၊ လယ်သမား၊ သံဃာ အကြောင်းတခုခုကြောင့် စတင် ဆန္ဒပြမှုတွေ ဖြစ်မယ်။  ဒါကို လူထု လူအများ ပူပေါင်းလာမယ်။  ဒီလိုနဲ့ အစိုးရ အုပ်ချုပ်ရေး ယန္တရား တခုလုံးရပ်တန့်စေမယ်။  နောက်ဆုံး အစိုးရ ဘက်တော်သား ဝန်ထမ်းနဲ့ စစ်တပ် ပါ ပူးပေါင်းပါဝင် အာဏာရှင် ဖိနှိပ်သူကို ဖြုတ်ချမယ်။  ဒီလို အဆင့်ဆင့်တွေကို ကမ္ဘာ့ အာဏာရှင်တော်လှန်ရေး တွေ မှာ ပုံစံတူ တွေ့ရမှာပါ။

ဗမာ့သမိုင်းက တော်လှန်ရေးတွေမှာလည်း အလားတူဖြစ်ခဲ့တာပါပဲ။  ဒါပေမဲ့ အဆုံးသတ်တိုက်ပွဲ အတွက် ခေါင်းဆောင်တွေ နည်းပရိယာယ် အားနည်းခဲ့တယ်၊ ညီညွတ်မှု နည်းခဲ့တယ်။

ဒီလို သမိုင်းဆိုးတွေကို သင်ခန်းစာယူရပါမယ်။  ဒါမှ မင်းဆိုးမင်းညစ်အောက်က လွတ်မြောက်နိုင်မှာပါ။

ဘယ်တော်လှန်ရေးမှ၊ ဘယ်လူထု လှုပ်ရှားမှု မျိုးမှ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင် သုခမိန် ဆိုသူတွေ ကြိုတင် မခန့်မှန်းနိုင်ခဲ့ပါ။  အဝေးရောက်၊ အနီးရောက် ဗမာ့အရေးကျွမ်းကျင်သူ အဖြူ၊ အညို၊ အဝါ ဘယ် ကဝိမှ ပြီးခဲ့တဲ့ သမိုင်းက လူထုအုံကြွမှုတွေကို ဟောကိန်း မထုတ်နိုင်ခဲ့ပါ။  အဖိနှိပ်ခံ တိုင်းပြည်မျိုးမှာ လူထုနိုင်ငံရေးက အချိန်မရွေး ထပေါက်ကွဲ နိုင်တဲ့ ဗုံးကြီးမျိုးပါ။  ဘာဖြစ်လာမလဲဆိုတဲ့ အတိုင်းအတာ အတိမ်အနက်ကို ဘယ်သူမှ မခန့်မှန်းနိုင်ပါ။

အခု ကျောင်းသားအရေးလှုပ်ရှားမှုကလည်း အလားတူသဘောပါပဲ။  လူထု အစစ်အမှန်ကတော့ ကျောင်းသားလေးတွေ ဘက်က အပြည့်ရှိပါတယ်။  လူထု ခေါင်းဆောင်၊ လူထု နိုင်ငံရေးသမား ဆိုသူတွေသာ တကယ် လူထုကိုယ်စားပြုကြောင်း ပြနိုင်ဖို့၊ လူတစု ခေါင်းဆောင်၊ လူတစု နိုင်ငံရေးသမား ကျတ်ပြေး ကိုယ်စားလှယ်များ သက်သက်မဟုတ်ကြောင်း ပြနိုင်ဖို့ အခု ကျောင်းသားအရေးကို ဝိုင်းဝန်းဖို့ လိုနေတာပါ။

လက်ရှိ ကျတ်ပြေးလွှတ်တော် နိုင်ငံရေး ကိုက ဒီလို ကျောင်းသားလှုပ်ရှားမှုတွေ၊ လူထုလှုပ်ရှားမှုတွေရဲ့ ရလဒ်ပါ။  ဆိုတော့ ခေါင်းဆောင်ဆိုသူများမှာ ကျောင်းသားလေးတွေကို စောင့်ရှောက်ဖို့ ကျင့်ဝတ် တာဝန် ရှိပါတယ်။  

အာဏာရှင်တော်လှန်ရေး လူထုလှုပ်ရှားမှုမှာ အောင်မြင်ပြီးမြောက်ဆောင်ရွက်နိုင်အောင် ဆိုခဲ့သလို ဖြတ်ကျော်ရမယ့် အဆင့်တွေ အများကြီး ရှိပါတယ်။  ဒါပေမဲ့ အဲဒီ အဆင့်တွေထဲမှာ ခေါင်းဆောင်တွေ ပူးပေါင်းမှု ဆိုတဲ့ အဆင့်တော့ မပါသင့်ပါဘူး။

ဒီမိုကရေစီ၊ လူ့အခွင့်အရး နဲ့ လွတ်လပ်မှု ကို မြတ်နိုးသူ နိုင်ငံရေး ခေါင်းဆောင်၊ လူထု ခေါင်းဆောင် အားလုံး သာမန် လူထုကိုစံနမူနာပြု ကျောင်းသားလေးတွေနဲ့အတူ ရပ်တည်ကြပါ။  လက်ပိုက်ရပ်မနေကြပါနဲ့။  လက်ရုံးတွေကို လူထုနဲ့ အတူ ဆန့်တန်းလိုက်ကြပါ ခင်ဗျာ။

ငြိမ်းချမ်းအေး
ဇန်နဝါရီ ၂၄၊ ၂၀၁၅

×××××××××××

(အရေးကြီးပြီ.. ညီနောင်.. အပေါင်းတို့.. သွေးစည်းကာ.. ညီစေ.. ညီ.. ကြစို့..
ငါတို့ရဲ့.. သမိုင်းတခေတ်ကို.. ငါတို့.. သွေးနဲ့.. ရေးခဲ့ပြီ..
သွေး.. သစ္စာလည်း ပြုခဲ့သည်..)၂

(နိုင်ငံတော်.. အတွက်.. ဆို.. အသက်.. ကိုလည်း.. ဘာမထီ..
သေပါစေ.. ခွပ်ဒေါင်းသွေး.. ဟေ့.. ရဲရဲ.. ရှေ့ကိုချီ..)၂

လွတ်လပ်ခွင့်.. နဲ့ ငြိမ်းချမ်းရေး.. အတွက်.. ရည်.. အဆုံးသတ်တိုက်ပွဲ.. ငါတို့.. နွဲရမည်..

အရေးကြီးပြီ / အဆုံးသတ်တိုက်ပွဲ / သွေးသစ္စာ ၊ သံစဉ်/စာသား - ထူးအိမ်သင် ၊  တေးဆို - မွန်းအောင် ၊ တေးစု - ငြိမ်းချမ်းရေးတိုက်ပွဲ (၁၉၉၂)

နားဆင်ရန် YouTube Music Video URL: http://youtu.be/frdzChPz9h0



×××××××××××




နီတဲ့သွေး ရဲရင့်လို့ ရန်သူ မင်းရှေ့ကို ချီတက်ခဲ့ကြပေမဲ့
စိုက်ခဲ့သမျှ ကျနော်တို့ မရိတ်သိမ်း ရသေးပါဘူး။
မကြေတဲ့ အကြွေးတွေ ဆပ်ဖို့
ငြိမ်းချမ်းရေး အတွက် တိုက်ပွဲတွေ ဆက်လက် လိုနေသေးပါတယ်။
အားလုံးပူးပေါင်းပါဝင်ကြပါ။

ကိုနေဝင်း ရဲ့ နာမည်ကျော် ငြိမ်းချမ်းရေးတိုက်ပွဲ နားဆင်ရန် --
YouTube Music Video URL: http://youtu.be/lVSx_-flLoI


ဇန်န၀ါရီ ၂၅၊ ၂၀၁၅ - မိုးမခရေဒီယို - ဆစ်ဒနီ

ဇန်န၀ါရီ ၂၅၊ ၂၀၁၅ - မိုးမခရေဒီယို - ဆစ်ဒနီ

အထီးကျန် - ဒေါက်တာလှဘူး၊ ဆိုရေးတီး၊ ၀ါသနာရှင်ကဏ္ဍ
သတင်းတိုထွာ၊ သီချင်းပဒေသာ
တရုတ်လက်တံ - ချစ်ဝင်းတင်၊ အီလဲဗင်းဂျာနယ်
စုနဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်စကား မှတ်သားစရာ
အိုဘားမား လင်မယား၊ လမ်းဘေးညစာ ကြည်နူးစရာ - အောင်ခန်း
ကျော်ဟိန်းသီချင်းနဲ့ ဦးဇင်းကျော်ဟိန်း အင်တာဗျူး ၊ ဆစ်ဒနီမြို့၊ နှင်းမြတ်ခိုင်
ဗကပအတွင်းရေးမှူး ရဲဘော်ကြင်မောင် ၉၂ နှစ်
ရင်သွေးအသက်ရှင်ရန် ကင်ဆာရောဂါ ပြန့်ပွားခံ၍ စောင့်ရှောက်တဲ့ ကယ်လီဖိုးနီးယားက မိခင်တဦး
ကတ္တီပါဘိနပ်စီး ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏ ၆၄နှစ် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အလွမ်းပြေ
အနုပညာကျောင်း အချိန်ပိုင်းပါမောက္ခ စန္ဒယားတင်ဝင်းလှိုင် တလ ဗမာငွေ ကျပ် သောင်းနှစ်ထောင် (သြစီဒေါ်လာ ၁၃.၇၀) နဲ့ ဦးပန်တျာ ပင်စင်လစာ တလဒေါ်လာ ၁၆၀၀၊ ဗမာငွေ ၁၄ သိန်း

အထူးကဏ္ဍ - ဆိုရေးတီးပညာရှင် စောဖိုးခွား အင်တာဗျူး ဒုတိယပိုင်း - ဦးပန်တျာ

စီစဉ်သူ - ဦးပန်တျာ၊ ကေသီဇော်
သတင်းတာဝန်ခံ - နှင်းမြတ်ခိုင်
(မိုးမခမှတ်ချက် - မိုးမခရေဒီယို (ဆစ်ဒနီ)အစီအစဉ်တွင် သတင်းထည့်သွင်းခြင်း၊ ကြော်ငြာများ ထည့်သွင်းခြင်းတို့အတွက် ဦးပန်တျာတို့ မိုးမခရေဒီယိုအဖွဲ့သို့ upantra@gmail.com အီးမေးဖြင့် ဆက်သွယ်နိုင်ပါကြောင်း)

ဂရပ်ဖစ် ကိုမျိုး - အားမာန်ဝင့်ချီ ဒေါင်းစစ်သည်



ဂရပ်ဖစ် ကိုမျိုး - အားမာန်ဝင့်ချီ ဒေါင်းစစ်သည်
ဇန်န၀ါရီ ၂၅၊ ၂၀၁၅

တူမောင်ညို - ကာချုပ် ပြောစကားနဲ့ သဘောထားအပေါ် လေ့လာဆန်းစစ်မိသမျှ



တူမောင်ညို - ကာချုပ် ပြောစကားနဲ့ သဘောထားအပေါ် လေ့လာဆန်းစစ်မိသမျှ
(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၅

နေ့စဉ်ထုတ်အစိုးရသတင်းစာတွေမှာ (၄) ရက်ဆက်၍ ဖော်ပြခဲ့တဲ့ (CNA) သတင်းဌာနသို့  ကာချုပ်ဗိုလ်မင်းအောင်လှိုင် ပြော စကားနဲ့ သဘောထားတွေကို လေ့လာကြည့်ကြပါစို့။

ပထမဆုံး အနေနဲ့ စစ်တပ်က ကာချုပ်တွေအကြောင်း အချက်အလက်အချို့နဲ့ နိဒါန်းပျိုးထားပါရစေ။

“ကျွန်တော်တို့ စစ်မှုထမ်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေအရအသက် ၆၀ ပြည့်ရင် အငြိမ်းစားယူပါတယ်” တဲ့။

မြန်မာစစ်တပ်မှာ ဗိုလ်ချုပ်စမစ်ဒွန်းကနေစတင်ပြီးရေတွက်မယ်ဆိုရင် လက်ရှိကာချုပ် ဗိုလ်မင်းအောင်လှိုင်အထိ ကာချုပ် (၈) ဦးရှိပါတယ်။ ဗိုလ်မင်းအောင်လှိုင်ဟာ (၈) ယောက်မြောက် ကာချုပ်ဖြစ်ပါတယ်။ ဗိုလ်နေဝင်းဟာ ဒုတိယမြောက် ကာ ချုပ်ဖြစ်ပါတယ်။

ဗိုလ်နေဝင်းဟာ (၁၉၄၉ - မှ - ၁၉၇၂ အထိ)  ၂၃ နှစ် ကာချုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ သူ့နောက် စစ်တပ်မှာ ကာချုပ်ဖြစ်ခဲ့ကြ သူတွေ အားလုံးဟာ (ဗိုလ်စန်းယု၊ ဗိုလ်သူရတင်ဦး၊ ဗိုလ်သူရကျော်ထင်၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ) သူစိတ်ကြိုက်ရွေး တင်တဲ့ စစ်ကဲ တွသာဖြစ်တယ်။ သူ့အပေါ်သစ္စာရှိတဲ့ ငယ်ကျွန် လူယုံတွေလည်းဖြစ်တယ်။

အဲဒီထဲမှာ ဗိုလ်သူရတင်ဦး (ဒီချုပ်ပါတီနာယကကြီး) နဲ့ ဗိုလ်စောမောင်တို့ဟာ ကာချုပ်ဘဝကနေ ဖယ်ရှားခံရသူတွေဖြစ်တယ်။ ဗိုလ်သန်းရွှေ က ထူးခြားတယ်။ ဘာကြောင့်ထူးခြားသလဲ၊ စစ်အာဏာရှင်ကြီးဗိုလ်နေဝင်း (နိုင်ငံရေးအရ/အသက်အရွယ်အရ) ကြောင်အို ကြွက်မလေးတဲ့အချိန်မှာ ဗိုလ်သန်းရွှေဟာ သူ့ရဲ့ကာချုပ်ထီးနန်းကို ပိုင်စိုးလာနိုင်သူဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဗိုလ်နေဝင်းရဲ့ နိုင်ငံရေးကို ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးက အစွယ်ချိုးကာ၊ အပြီးအပိုင်မြေမြုပ်ပစ်ခဲ့တယ်။ ဒါကြောင့်ဗိုလ်နေဝင်းဟာ ကန့်လန့်ကာနောက်ကွယ်ကို မဝင်ချင်ပဲဝင်သွားခဲ့ရတယ်။ နိုင်ငံရေးအရေ ကြောင်အို ကြွက်မ လေးတဲ့အချိန်ဆိုတာ ဒါကိုပြောချင်တာပါ။ ပြီးတော့  အဲဒီအချိန်ကာလမှာ စစ်ရေးချုပ်ကနေ (စစ်တပ်ထဲမှာထုံးစံ မရှိဘဲ) ကာချုပ်ဖြစ်လာတဲ့ ဗိုလ်စောမောင်ကလည်း “၁၉၉၀ ရွေးကောက်ပွဲပြီးရင် အနိုင်ရတဲ့ပါတီကိုအာဏာအပ်ပြီး စစ်တပ်က စစ် တပ်လျားပြန်မယ်” ဆိုတဲ့ အာချောင်မှုနဲ့ အဖြုတ်ခံလိုက်ရပြန်ပါတယ်။ ဒီအခြေအနေတွေက ဗိုလ်သန်းရွှေကာချုပ်ဖြစ် လာရတဲ့ ရေခံမြေခံ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဗိုလ်နေဝင်းသားမက်နဲ့မြေးတွေရဲ့ ကလန်ကဆန်လုပ်မှု၊ ဗိုလ်ခင်ညွန့်တို့ ထောက်လှမ်းရေးဂိုဏ်းကို ဖြုတ်ပယ် မှုတွေလုပ်ပြီး ဗိုလ်သန်းရွှေဟာ ကိုယ်ပိုင်စစ်အုပ်စုကို ပီပီပြင်ပြင် ထူထောင်နိုင်လာခဲ့ပြီး စစ်တပ်တစ်ခုလုံးကို ချုပ်ကိုင်လာနိုင်ခဲ့ သူဖြစ်လာ ပါတယ်။  ဗိုလ်သန်းရွှေရဲ့ကာချုပ်သက်တမ်း (၁၉၉၂ - မှ - ၂၀၁၁ အထိ) ၁၉ နှစ်ရှိပါတယ်။ ဗိုလ်နေဝင်းပြီးရင် သက်တမ်းအရှည်ဆုံး ကာချုပ်ဖြစ်ပါတယ်။ ဗိုလ်နေဝင်းလိုစိတ်ကြိုက်ကာချုပ်တွေမတင်ဘဲ။ ကိုယ်တိုင်ကာချုပ်လုပ်ခဲ့သူဖြစ်ပါတယ်။

ဗိုလ်မင်းအောင်လှိုင်ကတော့ ဗိုလ်သန်းရွှေအရိုက်အရာကို ဆက်ဆံခဲ့ရတဲ့ ကာချုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်နေဝင်း၊ ဗိုလ် သန်းရွှေတို့လို “ကာချုပ်ကြီး” မဟုတ်ဘဲ၊ “ကာချုပ်ကလေး” မျှသာဖြစ်ပါတယ်။ “ရင်ခွင်ပိုက် ကာချုပ်ကလေး” ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိစစ်တပ်ထဲမှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ကို ခွာရာတိုင်းနိုင်တဲ့ ဂျိုတူ-ဘို့တူတွေ သိပ်များပါတယ်။ ဗိုလ် မင်းအောင်လှိုင်က ဗိုလ်နေဝင်းလို “ရဲဘော်သုံး ကျိပ်ဝင်” ဆိုတဲ့ သမိုင်းမရှိပါဘူး။ အခြားကာချုပ်တွေလို တိုက်ပွဲကြီးတွေ ကို နင်လားငါလား တိုက်ခဲ့ဖူးတဲ့ အတွေ့အကြုံလည်း ရှိသူမဟုတ်ပါဘူး။

 ဒီတော့ သူပြောရတဲ့စကားက “ကျွန်တော်တို့ စစ်မှုထမ်း၊ နိုင်ငံဝန်ထမ်းဥပဒေအရအသက် ၆၀ ပြည့်ရင် အငြိမ်းစားယူပါတယ်” တဲ့။ ဒီစကားက သူဟာ “ကာချုပ်ကလေး” မျှသာဖြစ်တယ်ဆိုတာကို အတိအလင်းသက်သေခံနေတဲ့စကားဖြစ်ပါတယ်။
သူ့ရှေ့ “ကာချုပ်ကြီး” ဖြစ်တဲ့ ဗိုလ်သန်းရွှေက အသက် ၆၀ ပြည့်သော်လည်း စစ်မှုထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ အရ အငြိမ်း စားမယူခဲ့ပါဘူး။ ဗိုလ်မင်းအောင်လှိုင်ကတော့ အသက် ၆၀ ပြည့်ရင် အငြိမ်းစားယူရပါ့မယ်။ ဒါက ဗိုလ်သန်းရွှေရဲ့ နှုတ်မိန့်လည်းဖြစ်သလို၊ သူ့နောက်မှာ ကာချုပ်နေရာတန်းစီနေသူတွေရဲ့ ဖိအားလည်းဖြစ်တယ်။

“အာဏာနဲ့ ကာချုပ်” ဆိုတဲ့နေရာကို  အာဏာသိမ်းနိုင်တဲ့လူက ရတာပဲဆိုတဲ့ အစဉ်အလာကို ဗိုလ်နေဝင်း - ဗိုလ်သန်းရွှေ တို့ က စံနမူနာပြလုပ်ပြထားခဲ့ပြီဆိုတော့ လက်ရှိစစ်တပ်ထဲက “ ဂျိုတူ - ဘို့တူ” တွေက ကာချုပ်လုပ်ဖို့ ခြုံထဲကနေ ကျိတ်ပြီး ဂျိုသွေးမနေ ဘူးလို့ဘယ်သူပြောနိုင်မှာလဲ။ ဒီတော့ ဘယ်သူဖြစ်ဖြစ် အသက် ၆၀ ပြည့်ရင် မင်းတို့ အငြိမ်းစားယူကြ/ အလှည့် ကျ ကာချုပ်လုပ်ကြဆိုတာနဲ့ ပြန်ပြီးကိုင်ထား၊ ထိန်းထားတဲ့ပုံပေါ်ပါတယ်။

“တပ်မတော်အနေနဲ့နိုင်ငံတော်ရဲ့အာဏာတွေနဲ့ပတ်သက်ရင်ဥပဒေအရပြဋ္ဌာန်းထားတဲ့အတိုင်းပဲလုပ်လို့ရတယ်” တဲ့။

အထက်မှာတင်ပြခဲ့တဲ့အချက်အလက်တွေအရ အသက် ၆၀ ပြည့်ရင် အငြိမ်းစားယူရမယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေ၊နိုင်ငံ့ဝန်ထမ်း ဥပဒေကို ကာချုပ် ဗိုလ်သန်းရွှေ၊ ဒုကာချုပ် ဗိုလ်မောင်အေးတို့ မလိုက်နာခဲ့တာ၊ ချိုးဖောက်ခဲ့တာထင်ရှားပါတယ်။

တကယ်တော့ “ဥပဒေ” ဆိုတာ စစ်အုပ်စုအဖို့ ထင်သလိုလုပ်နိုင်တဲ့၊ သူတို့စီးထားတဲ့ စစ်ဖိနပ်သာဖြစ်ပါတယ်။ စစ်အုပ်စုဟာ ဥပဒေများရဲ့ မိခင်ဥပဒေလို့ဆိုတဲ့ “အခြေခံဥပဒေ”ကို ဖျက်သိမ်းခဲ့တယ်(၁၉၄၇ အခြေခံဥပဒေ)။ စိတ်ကြိုက်အသစ်ရွေးဆွဲ တယ်(၁၉၇၄ အခြေခံဥပဒေ)၊ ထိုနောက်တဖန် ပြည်သူလူထုဆန္ဒကိုလည်း အသိအမှတ်မပြု၊ဖျက်သိမ်းပစ်ခဲ့တယ် (၁၉၉၀ ရွေးကောက်ပွဲရလဒ်)။ ဒါ့အပြင် သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ (၂၀၀၈)အခြေခံဥပဒေကို “ဘယ်သူသေသေ - ငတေမာပြီးရော”ဆိုတဲ့လုပ်ဟန်နဲ့နာဂစ်မုန်တိုင်း ဒဏ်ခံနေရာတဲ့ပြည်သူတွေကို မစာနာမထောက်ထားပဲ အဓမ္မအတည်ပြုခဲ့ပြန်တယ်။

ဒီအချက်အလက်တွေကဖော်ပြနေတာက စစ်အုပ်စုဟာ ၊ စစ်တပ်ဟာ “ဥပဒေ” ကို လေးစားလိုက်နာဖို့နေနေသာသာ၊ ဥပ ဒေကို စိတ်ကြိုက်ဖျက်ဆီးနိုင်တယ်/စိတ်ကြိုက်ရေးဆွဲ အဓမ္ပအတည်ပြုနိုင်တယ်ဆိုတာထင်ရှားတယ်။ ဒါ့ပြင် “ပြည်သူ လူထုဆန္ဒ” ကိုလည်း အသိအမှတ်မပြုဘဲ၊ ဖျက်သိမ်းပစ်နိုင်တယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်းသိမြင်နားလည်နိုင်စေပါတယ်။

ဒါဆိုရင် ကာချုပ်ဗိုလ်မင်းအောင်လှိုင်က “၂၀၀၈ အခြေခံဥပဒေကို လေးစားတယ်၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ်၊ ၂၀၀၈ အခြေခံဥပဒေကို ပြည်သူ (၉၂ ဒသမ ၄၈ %) ဆန္ဒနဲ့ အတည်ပြုထားတာဖြစ်တယ်။ ဒါကြောင့် ပြည်သူ့ဆန္ဒကို လေး စားရမယ်” စသဖြင့် ပြောဆိုနေတာတွေကို ဘယ်လိုနားလည်ရမလဲ။

သူတို့စိတ်ကြိုက်ရေးဆွဲ၊ အဓမ္မအတည်ပြုထားတဲ့ ဥပဒေဖြစ်တယ်၊ သူတို့စစ်အုပ်စု အကျိုးစီးပွားကို (အတိတ် - ပစ္စုပ္ပန်- အနာဂတ်) ထိန်းသိမ်း၊ ကာကွယ်၊ တိုးချဲ့စေနိုင်တဲ့ဥပဒေဖြစ်တဲ့အတွက် ယခုလို ကာကွယ်ပြောဆိုနေခြင်းဖြစ်ပါတယ်။ မပြင် ဆင်လိုတဲ့အတွက် ဆင်ခြေပေးနေတာသာဖြစ်တယ်လို့ နားလည်ရမှာဖြစ်ပါတယ်။

ဒီနေမှာ သွားလေသူ စစ်အာဏာရှင်ကာချုပ်ကြီးဗိုလ်နေဝင်းကို “အခြေခံဥပဒေကိုလေးစားတဲ့ စစ်ဗိုလ်ချုပ်” ဆိုပြီး ပြည်ပ စာနယ်ဇင်းအချို့က ချီးမွမ်းခဲ့ဖူးတာရှိတယ်။ ဒေါက်တာမောင်မောင်က ဒီအချက်ကို အဟုတ်လုပ်ပြီး ရေးဖူးတယ်။

ဖြစ်စဉ်က ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရအဖြစ်အာဏာသိမ်းတဲ့ကိစ္စနဲ့ပတ်သက်ပါတယ်။ ထိုစဉ်က တည်ဆဲအခြေခံဥပဒေ ဖြစ် တဲ့ ၁၉၄၇ အခြေခံဥပဒေထဲမှာ ပုဒ်မ ၁၁၆ က ဘယ်လိုဆိုထားသလဲဆိုတော့ “အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးသည်၊ ခြောက်လမျှ တဆက် တည်း ပါလီမန်အမတ်မဟုတ်လျှင်၊ ထိုကာလအပိုင်းအခြား ကုန်ဆုံးသောအခါ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖြစ်မှရပ်စဲရမည်” ဟူ၍ ဖြစ်ပါတယ်။ အခြခံဥပဒေပါ ဒီပြဋ္ဌာန်းချက်က အိမ်စောင့်အစိုးရဝန်ကြီးချုပ်လုပ်နေတဲ့ ဗိုလ်နေဝင်းအတွက် ဂွကျနေပါတယ်။ ၆ လပဲလုပ်ရမယ်ဆိုတာက အခက်တွေ့နေပါတယ်။ သူ့အနေနဲ့ အခြေခံဥပဒေကို ချိုးဖောက်ပြီး မလုပ်ပါရစေနဲ့ဆိုပြီး ဗိုလ်နေဝင်းက မင်္ဂလာယူတော့တာပါပဲ။

 ဒီအချက်ကို ထိုစဉ်က ဝန်ကြီးချုပ်ဟောင်းဦးနုက ပါလီမန်ခေါ်ပြီး ၆ လ ကို ၁၇ လ အထိ ဆွဲဆန့်ပေးခဲ့ပါတယ်။ တကယ်တော့ ဦးနုရဲ့လုပ်ရပ်ဟာ အခြေခံဥပဒေကိုချိုးဖောက်တာ။ လက်တစ်လုံးခြားလုပ်တာဖြစ်ပါတယ်။ ဒါကို သခင်ချစ်မောင်က ဝိဒူရ အမတ်ကို ပမာထားပြီးပါလီမန်မှာ “အခြေခံဥပဒေရဲ့အသည်းနှလုံးကို ထုတ်ယူတဲ့ လုပ်ရပ်ဖြစ်တယ်” ဆိုကာဦးနုရဲ့လုပ်ရပ်ကို ဝေဖန်ဖွင့်ချခဲ့ပါတယ်။ သခင်ချစ်မောင်လည်း ဝိဒူရသခင်ချစ်မောင်အဖြစ် အမည်တွင်သွားပါတယ်။

ထိုစဉ်က နိုင်ငံခြားသတင်းဌာနအချို့က ဗိုလ်နေဝင်းရဲ့အဲဒီလိုမင်္ဂလာယူတဲ့ အချက်ကိုပဲ “အခြေခံဥပဒေလေးစားတဲ့ စစ်ဗိုလ် ချုပ်”  ဆိုပြီး အမှတ်ပေးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ အမွှမ်းတင်ခဲ့တဲ့ ဗိုလ်နေဝင်းက ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ၁၉၄၇ အခြေခံဥပဒေကို စက္ကူစုတ်ဖြစ်အောင်လုပ်ပြီး အာဏာသိမ်းပြလိုက်တဲ့အခါ၊ ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဒိုင်းန မိုက်နဲ့ဖြိုခွဲပြီး ကျောင်းသားတွေကို ဓါး - ဓါးခြင်း - လှံ - လှံခြင်းစိန်ခေါ်လိုက်တဲ့အခါမှာ ဗိုလ်နေဝင်းရဲ့ဘီလူးရုပ်ကို ဘွားဘွား ကြီးတွေ့မြင် သဘောပေါက်သွားကြ ပါတော့တယ်။ ပုဒ်မ ၁၁၆ ကိုကာကွယ်ခဲ့တဲ့ ဝိဒူရသခင်ချစ်မောင်ခမျာလည်း ဗိုလ်နေဝင်း ရဲ့ဆိုရှယ်လိမ်ဝါဒ ခြေတော်ရင်းမှာခစားသူအဖြစ် ပြောင်းလဲသွားပါတော့တယ်။ သမိုင်းရဲ့လှောင်ပြောင်သရော်ချက်တခုပါ။

ဒီဖြစ်ရပ်ကပြသနေတာက ဗိုလ်နေဝင်းဟာအခွင့်မသာသေးတဲ့  (၁၉၅၈ - ၆၀) ကာလမှာ အခြေခံဥပဒေကို လေးစားချင် ဟန်ဆောင်ပြီး မင်္ဂလာယူပြခဲ့ပြီး၊ ပိုင်ပိုင်နိုင်နိုင်အာဏာသိမ်းနိုင်တဲ့ (၁၉၆၂ ) မှာတော့ “ပုဒ်မ ၁၁၆”  တင်မကဘဲ။ ၁၉၄၇ အ ခြေခံဥပဒေတစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ပါတော့တယ်။  ၁၉၅၈ အိမ်စောင့်အစိုးရနာမည်နဲ့ အာဏာသိမ်းစဉ်က ဗိုလ်နေဝင်းက ၁၉၄၇ အခြေခံဥပဒေပါ ပုဒ်မ ၁၁၆ ကို လိုက်နာခဲ့ရတာဟာ အဲဒီကာလက  ပြည်တွင်းပြည်ပ နိုင်ငံရေးအခြေအနေတွေကြောင့် သာဖြစ်တယ်၊ ဥပဒေကိုလေးစား လွန်းလို့ မဟုတ်ဘူး။
   
တကယ်တော့ “ပုဒ်မ ၁၁၆” ဆိုတာ အစိုးရအဖွဲ့ဝင်မှန်သမျှကို သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲမှာ လူထုဆန္ဒနဲ့ ရွေးချယ်တင်မြှောက်သူတွေနဲ့သာဖွဲ့စည်းရမယ်ဆိုတဲ့ ဒီမိုကရေစီအနှစ်သာနဲ့စံနှုန်းကို ကာကွယ်ထားတဲ့ ပြဋ္ဌာန်းချက်တစ်ခုဖြစ် ပါတယ်။ အခြေအနေလိုအပ်ချက်အရ ပါလီမန်အမတ် (ဝါ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူက အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရတဲ့အခါ ၆လသက်တမ်းမျှသာထမ်းခွင့်ရှိတယ်လို့ ပျော့ပြောင်းစွာ ခွင့်ပြုထားတာလည်းဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပေဒမှာတော့ ဗြောင်းပြန်ဖြစ်ပါတယ်။ ဒီမိုကရေစီရဲစံနှုန်း၊ဒီမိုကရေစီရဲ့တန်ဖိုးကိုဗြောင်ချိုးဖောက်ထားပါတယ်။  စစ်တပ်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းမှာအစဉ်တစိုက်ပါဝင်နေတယ်၊ လွှတ်တော်အဆင့်ဆင့်မှာ ကာချုပ်စေ လွှတ်တဲ့စစ်ဗိုလ် ၂၅ % ကို လက်ခံရမယ် စသဖြင့် ပြဋ္ဌာန်းထားပါတယ်။ အစိုးရအဖွဲ့ အဆင့်ဆင့်မှာလည်း ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနများမှာ ကာချုပ်စေလွှတ်သူ သာခန့်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အခြားပြဋ္ဌာန်းချက် တွေဖြစ်တဲ့ စစ်တပ်က တပ်ပိုင်းဆိုင် ရာကိစ္စအားလုံးကို စိတ်ကြိုက်စီမံခန့်ခွဲစီရင်ဆောင်ရွက်နိုင်တယ်၊လိုအပ်ရင် စစ်တပ်ကအလွယ်တကူအာဏာသိမ်းပိုင်ခွင့်ကိုပါ ထည့်သွင်း ပဋ္ဌန်းထားပါတယ်။

ဒီလိုပြဋ္ဌာန်းချက်တွေပါရှိနေတာကြောင့် “ကာချုပ်ကလေး” ဗိုလ်မင်းအောင်လှိုင်ဟာ ဥပဒေစကားတဖောင်ဖောင်ပြောနေခြင်း၊ ၂၀၀၈ အခြေခံဥပဒေထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ်ဆိုတာကို  ဂါထာရွတ်သကဲ့သို့ ရွတ်ဆိုပြောကြားနေခြင်းပဲဖြစ်ပါတယ်။

စိတ်ကြိုက်ရေးပြီးအဓမ္မအတည်ပြုထားတဲ့ အခြေခံဥပဒေကို အသက်ပေးကာကွယ်မယ်လို့ပြောနေတာ ဘာမျှမဆန်းပါဘူး။
ဒါပေမယ့် “အခြေခံဥပဒေကို ကျနော်တို့ မရေးပါဘူး” လို့ ရှေ့မှာဘူးခံဖြေပြီး၊ နောက်မေးခွန်းကို ဖြေတဲ့အခါမှာ ရှေ့ကဖြေတာ နဲ့မညီဘဲ “ဒီအခြေခံဥပဒေကိုရေးတဲ့အခါမှာလည်း သေသေချာချာစဉ်းစားပြီးတော့မှ ကျွန်တော်တို့ရေးတယ်”  ဗလောင်းဗလဲ ပြောတာကတော့ တကယ့်ကို ရှက်ဖွယ်ကောင်းလှပါတယ်။

“အငြင်းပွားနေတာ တိုင်းပြည်ရဲ့တိုးတက်မှုကို အများကြီး အနှောင့်အယှက်ပေးပါတယ်” တဲ့ လူကြားကောင်းအောင်ပြောနေတာဆိုတော့ နားထောင်ကောင်းသလိုလိုပဲ။

တိုင်းပြည်မတိုးတက်တာက အငြင်းပွားမှုကြောင့်လိုလို တမင်လှီးလွှဲပြောဆိုသွားတယ်။ နိုင်ငံရေးပြဿနာကို ဘာမဟုတ် တဲ့   သာမန်အငြင်းပွားမှု သက်သက်ဖြစ်လေဟန် တမင်နှိမ့်ချ သရုပ်ဖျက်ပြီးပြောဆိုတာသာဖြစ်ပါတယ်။

ဒီပြောဆိုချက်က “ပြည်တွင်းစစ်ပြဿနာ” ဆိုတဲ့ နိုင်ငံရေးပြဿနာကို အသိအမှတ်မပြုတာဖြစ်တယ်။ ဒီသဘောထားနဲ့ ဒီပြောစကားက “ဒီပုပ်ထဲက - ဒီပဲ” ဆိုတဲ့ဆိုတဲ့စကားလိုပဲ၊ စစ်အုပ်စုအဆက်ဆက်ထံကနေ အမွေခံယူထားတဲ့ သဘော ထားနဲ့ ပြောစကားဖြစ် တယ်။

နိုင်ငံရေးပြဿနာ(နိုင်ငံရေးအငြင်းပွားမှုပြဿနာ)ဟာဘယ်ခေတ်မှာမဆိုရှိနေမှာဖြစ်တယ်။လူတွေ၊ နိုင်ငံတွေ ရှိနေသမျှ တည် ရှိနေမှာဖြစ်တယ်။ ပေါ်ပေါက်ဖြစ်ပွားနေမှာပဲဖြစ်တယ်။  တည်ရှိနေတဲ့ပြဿနာကို အဖြေရလဒ်ကောင်းရအောင်ဘယ်လိုနည်းနဲ့ ဖြေရှင်းသလဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းသလား/ မဖြေရှင်းဘူးလားဆိုတာကသာ အခရာဖြစ် ပါတယ်။

နိုင်ငံရေးပြဿနာ (နိုင်ငံရေးအငြင်းပွားမှုပြဿနာ) ကို နိုင်ငံရေးနည်းနဲ့ တန်တူရည်တူ၊ ဒီမိုကရေစီနည်းကျ မဖြေရှင်းနိုင်လို့သာ တိုင်းပြည်နဲ့လူထု ထိခိုက်နစ်နာခဲ့ရတာပါ။ အုပ်စိုးသူအဆက်ဆက်ကတော့ တိုးတက်ချမ်းသာနေတာမျက်မြင်ပဲ မဟုတ်ပါ လား။

စစ်အာဏာရှင်စနစ်ဆိုတာ (၁၉၆၂ မတ်လ ၂ ရက်မှ ယနေ့အထိ) အုပ်စိုးသူ စစ်အုပ်စုနဲ့မိုက်ဖော်ဆိုးဖက်တစ်စုချမ်းသာချင် တိုင်း ချမ်းသာပြီး၊ တိုင်းပြည်ဆင်းရဲပြည်သူမွဲတဲ့စနစ်ဖြစ်ပါတယ်။ စစ်အုပ်စုကစစ်တပ်ကိုခါးပိုက်ဆောင်တပ်သဖွယ်၊ တစ် လက်ကိုင်လုပ်ပြီး တပြည်လုံးရဲ့နိုင်ငံရေး၊စီးပွားရေး၊စစ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စာပေ၊ ယဉ်ကျေးမှု ဘက်ပေါင်းစုံမှာ ဗိုလ်ကျလွှမ်းမိုးချုပ်ကိုင်ချယ်လှယ်ထားတဲ့စနစ်ဖြစ်ပါတယ်။

“သူတို့ကို နေရာပေးပြီးတော့ ဒီလမ်းကြောင်းပေါ်ရောက်အောင်ခေါ်နေတယ်” တဲ့။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေအပေါ် ကာချုပ် ဗိုလ်မင်းအောင်လှိုင်လေသံနဲ့သဘောထားက “ငါတို့သိပ် ကောင်း ပြီး - မင်းအရမ်းဆိုးတယ်”ဆိုတဲ့ အချိုးနဲ့ အထက်စီးကချည်း ပြောတာတွေ ဖြစ်ပါတယ်။ “သူတို့ကို နေရာပေးပြီးတော့ ဒီလမ်းကြောင်းပေါ် ရောက်အောင်ခေါ်နေတယ်” တဲ့  ပြောပုံက ဘယ်လောက်ရင့်သီးမောက်မာလှတဲ့စကားဖြစ်ပါသလဲ။

၁။ ကာချုပ်မှာ ဒီလိုသဘောထား၊ ဒီလိုလေသံတွေနဲ့အမိန့်ပေးနေသမျှ ညှိနှိုင်းဆွေးနွေးပွဲအောင်မြင်နိုင်စရာအကြောင်းမရှိပါ။ လက်တွေ့မှာ ဦးအောင်မင်း၊ ဦးလှမောင်ရွှေတို့ (MPC) ဟာ ကားပါမစ်ပေးနိုင်သူ၊ ရွှီးလုံး ဖြီးလုံးတွေကို လေပတ်ကား ပွဲစားလေသံနဲ့ ပြောဆိုနိုင်သူတွေမျှသာဖြစ်တယ်။

၂။   တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ဘက်ကို တစ်ဖက်သတ် အပြစ်ပုံချထားတာတွေချည်းဖြစ်နေတယ်။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများဘက်က  “မဖြစ်နိုင်တဲ့ပြောဆိုမှု - တောင်းဆိုမှုတွေကြောင့်” ၂၀၁၄ ခုနှစ်၊ သြဂုတ် မှာ (NCA) လက်မှတ်ရေးထိုးနိုင်ဖို့ကြိုးစားခဲ့တာ အကြောင်းအမျိုးမျိုးကြောင့် မရခဲ့ဖူးတဲ့။ ကျုံးသွင်းတဲ့အထဲ ဝင်မလာတာကို ခံပြင်းနေပုံပါ ပဲ။ “ကျွန်တော်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က မူဝါဒ (၆) ရပ်ပေးထားတယ်” တဲ့။ တကယ်တော့ မူဝါဒ (၆) ရပ်ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်ခိုင်းတာသာဖြစ်တယ်။

“နိုင်ငံတော်ရဲ့သမိုင်းနဲ့တပ်မတော်ရဲ့သမိုင်းက ခွဲခြားလို့မရပါဘူး” တဲ့။

ရိုးရိုးပဲစဉ်းစားကြည့်ပါ။  ခွဲခြားလို့မရရင် ဆက်စပ်လို့ရော ဘယ်လိုရနိုင်တော့မှာလဲ။ ဆက်စပ်လို့ရနိုင်ရင် ခွဲခြားလို့လည်းရ ရနိုင် မှာပေါ့။ ယနေ့အတွက် လိုအပ်နေတဲ့ ခွဲခြားမှုက စစ်အုပ်စုက စစ်တပ်ကို တစ်လက်ကိုင်တပ်အဖြစ်လွှမ်းမိုးချုပ်ကိုင်ထားတဲ့ ဘဝကနေ ခွဲ ခြားပစ်ဖို့ပဲ။ စည်းခြားပစ်ဖို့ပဲ။ လွတ်မြောက်စေဖို့ပဲဖြစ်တယ်။ တပ်မတော်ကိုစစ်အုပ်စုရဲ့ ခါးပိုက်ဆောင်တပ်/တစ်လက်ကိုင်တပ်အဖြစ်က နေလွတ်မြောက်စေပြီး တိုင်းပြည်နဲ့ပြည်သူလူထုကို ကာကွယ်တဲ့တပ်အဖြစ် ပြန်လည်အသွင်ပြောင်းနိုင်ဖို့ဖြစ်တယ်။

လက်ရှိစစ်တပ်ပြောင်းလဲဖြတ်သန်းလာခဲ့ပုံကို တကြောင်းဆွဲရုပ်လုံးဖော်ပြီး မြင်လွယ်အောင်ပြောရရင် နယ်ချဲ့နဲ့ဖက်ဆစ်ကို တော်လှန်ပြီး လွတ်လပ်ရေးကိုအရယူပေးခဲ့တဲ့ “လွတ်လပ်ရေးတပ်မတော်ကြီး” ၊“ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်စစ်တပ်ကြီး” ဘဝကနေ ပြည်သူတစ်ရပ်လုံးက စက်ဆုတ်ရွံ့ရှာမုန်းတီးတဲ့ စစ်တပ်ဘဝ၊ “စစ်ခွေး”လို့ ပြောင်ပြောင်တင်းတင်း အခေါ်ခံရတဲ့ဘဝသို့  ကျဆင်းသက် ရောက်သွားတာဖြစ်ပါတယ်။

နိုင်ငံအများစုမှာ ရှိတဲ့စစ်တပ်တွေဟာ သက်ဆိုင်ရာ နိုင်ငံရဲ့လွတ်လပ်ရေးသမိုင်း၊ လွတ်မြောက်ရေးသမိုင်းနဲ့ ဆက်စပ်နေတာ ချည်းဖြစ်ပါတယ်။ ယနေ့စစ်တပ်ဟာ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားထဲက ပေါက်ဖွားလာတာဖြစ်တယ်။ ဒါဟာ အရင်းခံအကြောင်းတရားပဲ။ ဒါကိုပယ်ဖျက်လို့မရဘူး။ စစ်တပ်ရဲ့အမြုတေဟာ“ရဲဘော်သုံးကျိပ်”ပဲ။ စစ်အာဏာရှင်ဗိုလ်နေ ဝင်းဟာ ရဲဘော်သုံးကျိပ်ထဲက တစ်ယောက်ပဲ။ ဒီအချက်တွေကို ကိုယ့်တစ်ဦးတည်းဆန္ဒစွဲနဲ့ ငြင်းပယ်လို့ ဘယ်ရမလဲ။ ဖျောက်ဖျက်ပစ်ချင်လို့ ဘယ်ရမလဲ။ ခြေမကောင်းခြေမ၊ လက်မမကောင်း လက်မဆိုတာလို ခွဲခြားကြည့်မြင်နိုင်ရမယ်မဟုတ်ပါလား။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကျော်ဇောတို့သမိုင်းကိုတော့ ပယ်ဖျက်ဖို့အချည်းအနှီးကြိုးစားခဲ့ကြတာ ဘယ်သူ တွေလဲ။ (၁၉၈၈ - ၂၀၁၀) ခုနှစ်တွေအတွင်း ဗိုလ်ချုပ်အောင်ဆန်းပုံရိပ်ကို မှိန်ဖျော့ပျောက်ကွယ်သွားစေဖို့ မိုက်မိုက်မဲမဲကြံ စည်လုပ်ဆောင် ခဲ့ကြတာ (နဝတ-နအဖ) စစ်အုပ်စုပဲဖြစ်ပါတယ်။

အခုလည်း ဗိုလ်ချုပ်နဲ့ဗိုလ်ချုပ်သမီးကို “၂၀၀၈ အခြေခံဥပဒေ” နဲ့အတူ ပွဲထုတ်အသုံးချနေကြပြန်ပြီမဟုတ်ပါလား။

စစ်တပ်ရဲ့လက္ခဏာဟာလွတ်လပ်ရေးရပြီးတဲ့နောက်မှာ အာဏာရအုပ်စိုးသူတွေရဲ့လက်ကိုင်ဒုတ်ဘဝကို သက်ဆင်းကျ ရောက်သွားတာမှာ၊ ၁၉၆၂ နောက်မှာတော့ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ခါးပိုက်ဆောင် တပ်ဘဝကို လုံးလုံးလျားလျားကျရောက်သွားခဲ့ရတာ ယနေ့အထိပါပဲ။  (ဖဆပလ) အစိုးရလက်ထက်မှာ (ဖဆပလ) အစိုးရ အာဏာကိုကာကွယ်ထိန်းသိမ်းပေးတဲ့တပ်၊ ၁၉၆၂ မတ်လနောက်ပိုင်းက စလို့ ဗိုလ်နေဝင်းအာဏာကို ကာကွယ်ထိန်းသိမ်းပေးတဲ့တပ်၊ ယခုတော့ ဗိုလ်သန်းရွှေစစ်အုပ်စုရဲ့အာဏာနဲ့ဓနဥစ္စာတွေကို “၂၀၀၈ အခြေခံဥပဒေ” နဲ့အညီ ထိန်းသိမ်းကာကွယ်ပေးတဲ့ စစ်တပ်အဖြစ်ဆက်လက်အသုံးတော်ခံနေပါတယ်။

၁၉၆၂ ခုနှစ်မှ ယနေ့အချိန်ထိ ရာစုနှစ်ထက်ဝက်ကျော် သမိုင်းအတွင်း အတိအလင်းသက်သေပြနေတဲ့အချက်၊ ဘယ်လိုမှ လိမ်ညာဖုံးကွယ်လို့မရတဲ့ အချက်က(တော်လှန်ရေး ကောင်စီ၊ မဆလ၊ နဝတ-နအဖစစ်အစိုးရ၊ လက်ရှိကြံ့ဖွံ့အစိုးရ) စတဲ့ စစ်အစိုးရနဲ့ စစ်တပိုင်း အစိုးရလက်အောက်မှာ တိုင်းပြည်နဲ့လူထုဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုစတဲ့ နယ်ပယ်ပေါင်းစုံမှာ ဆင်းရဲမွဲပြာကျသွားရတဲ့အချက်နဲ့ အုပ်စိုးသူစစ်အုပ်စုနဲ့မိုက်ဖော်ဆိုးဖက်များကတော့ ချမ်းသာကြွယ်ဝသွားတဲ့ အချက် ပဲဖြစ်ပါတယ်။

ဒါကြောင့် တိုင်းပြည်နဲ့ပြည်သူလူထုဆင်းရဲတွင်းက အမှန်တကယ် လွတ်မြောက်နိုင်စေမယ့်နည်းလမ်းကတော့ စစ်အုပ်စုက စစ်တပ်ကို တစ်လက်ကိုင်တပ်သဖွယ်လုပ်ပြီး နိုင်ငံရေးစီးပွားရေးစတဲ့ နယ်ပယ်ပေါင်းစုံမှာချုပ်ကိုင်လွှမ်းမိုးဗိုလ်ကျနေတာကို အကုန်အစင် ဖျက်သိမ်းပစ်ရေးမှလွဲ၍ တခြားလမ်း မရှိပါကြောင်း တင်ပြရေးသားလိုက်ရပါတယ်။

-၂၁-၁-၂၀၁၅ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၉ ၊ ကာချုပ်နှင့် CNA သတင်းဌာနမေးမြန်းမှု
-၂၂-၁-၂၀၁၅ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၈ ၊ ကာချုပ်နှင့် CNA သတင်းဌာနမေးမြန်းမှု
-၂၃-၁-၂၀၁၅ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၈ ၊ ကာချုပ်နှင့် CNA သတင်းဌာနမေးမြန်းမှု
-၂၄-၁-၂၀၁၅ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၉ ၊ ကာချုပ်နှင့် CNA သတင်းဌာနမေးမြန်းမှု

Photo : asiancorrespondent.com

ကာတွန်း လိုင်လုဏ် - ပြေးစရာမြေ

ကာတွန်း လိုင်လုဏ် - ပြေးစရာမြေ
ဇန်န၀ါရီ ၂၄၊ ၂၀၁၅

အရှင်စန္ဒိမာ (မွန်စိန်တောရ) - လိမ်ပွဲလား ညစ်ပွဲလား


အရှင်စန္ဒိမာ (မွန်စိန်တောရ) - လိမ်ပွဲလား ညစ်ပွဲလား
(မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၅

၁၉၉၀ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဘက်လိုက်မှုကင်းတဲ့ ဘောလုံးပွဲတပွဲ ရှိခဲ့ပါတယ်။ ပြည်သူ့ကိုယ်စားပြုအသင်းက တဖက်အသင်းကို ဂိုးအပြတ်အသတ်နဲ့ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်တဲ့အသင်းဟာ ဆုဖလားကို မရခဲ့ရုံမျှမက အသင်းသား တွေရော အသင်းကို အားပေးထောက်ခံကြသူတွေပါ ဘောလုံးပွဲပြီးခါမှ အနီကဒ်တွေထိပြီး ထောင်ထဲ အပို့ခံကြရရှာပါတယ်။ ထောင်ထဲမှာ အသက်ပေးကြရသူတွေ၊ မိသားစုတခုလုံး ဘဝပျက် ပေးဆပ်ကြရသူတွေ၊ မရေမတွက်နိုင်အောင် များခဲ့ပါ တယ်။        

၁၉၉၀ ခုနှစ်ဘောလုံးပွဲဟာ ဆုဖလားပေးမယ့်ပွဲ မဟုတ်ပါဘူးတဲ့။ ဘောလုံးပွဲစည်းမျဉ်းရေးဆွဲဖို့အတွက်သာ ဖြစ်ပါတယ်လို့ ရှုံးတဲ့အသင်းဘက် ပင်းတဲ့ ဘောလုံးပွဲကျင်းပရေးကော်မတီက ကြေငြာချက်ထုတ်ကာ သူတို့နိုင်စေချင်တဲ့ အသင်းသာ အမြဲတမ်းနိုင်စေမယ့် စည်းမျဉ်းတခုကို စတင်ရေးဆွဲပါတော့တယ်။

ထိုစည်းမျဉ်းကို ဆယ်စုနှစ်တခုမက အချိန်ယူကာ သူတို့စိတ်ကြိုက်ရွေးထားတဲ့လူတွေနဲ့ ရေးဆွဲပြီး ၂၀၀၈ ခုနှစ်မှာ လူထု ထောက်ခံမဲ ၉၂.၄၈ ရာခိုင်နှုန်းနဲ့ အတည်ပြုခဲ့ပါတယ်လို့ လိမ်ညာ (ဝါ) ကြေငြာခဲ့ပါတယ်။ အဲဒီစည်းမျဉ်းနဲ့ ၂၀၁၀ ခုနှစ်မှာ လိမ်ပွဲတပွဲကို ကျင်းပခဲ့ပါတယ်။ ကြိုတင်စီမံထားတဲ့အတိုင်း သူတို့နိုင်စေချင်တဲ့အသင်းကပဲ ဂိုးအပြတ်အသတ်နဲ့ အနိုင်ရကာ ဆုဖလားရခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ခြေစမ်းပွဲတပွဲ ကျင်းပခဲ့ပါသေးတယ်။ ဒီပွဲမှာ ပြည်သူ့ဘက်တော်သားအသင်းက ဂိုးပြတ်နိုင်ပြီး တဖက်အသင်း က သုညတောင်မကွဲတာ တွေ့ရတော့ သူတို့ အတော်ကို တုန်လှုပ်သွားပုံရပါတယ်။

ယခု ၂၀၁၅ နှစ်ကုန်ပိုင်းမှာ ကစားမယ့် အရေးကြီးတဲ့ ဘောလုံးပွဲတပွဲကိုလည်း မကြာမီ ရှုစားရပါတော့မယ်။ ဘောလုံးပွဲစည်း မျဉ်းကတော့ ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့တဲ့စည်းမျဉ်းနဲ့ပဲ ကစားရမယ်လို့ ဆိုပါတယ်။ ဘောလုံးပွဲကို ကြီးကြပ်မယ့် ဒိုင်လူကြီး တွေကို ဘောလုံးပွဲကျင်းပရေးကော်မတီကပဲ စိတ်ကြိုက်ရွေးချယ်ထားပါတယ်။

ဒီပွဲလည်း လိမ်ပွဲဖြစ်မလား၊ ညစ်ပွဲဖြစ်မလားဆိုတာ ပရိတ်သတ်များအကြား သံသယဝင်နေကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့  ညစ်ပတ်တဲ့ စည်းမျဉ်းတပုံတပင်ကို ဘောလုံးပွဲကြည့်ပရိတ်သတ်များက ပြင်ဆင်ပေးဖို့ တောင်းဆိုနေကြပေမယ့် ဘောလုံးပွဲကျင်းပရေးကော်မတီက မပြင်ပေးနိုင်ဘူးလို့ တင်းခံနေတာကြောင့်ပါ။

ဒီကြားထဲ ပွဲလုံခြုံရေးအကြီးအကဲလုပ်သူက ပွဲပျက်ရင် ဆုဖလားကို အပိုင်သိမ်းရလိမ့်မယ်လို့ လေသံပစ်နေပါတယ်။  ပွဲဖျက် မယ့် နေ့စားငှား ကြေးစားလူမိုက်တွေကိုလည်း ပရိတ်သတ်ကြားမှာ အဆင်သင့် မြင်တွေ့နေရပါတယ်။ ထိုလူမိုက်တွေထဲမှာ ကတုံးလူမိုက်တယောက်ကတော့ ပွဲတောင်မစရသေးဘဲ ဘယ်သူ့ကိုမှမမှုတဲ့ မျက်နှာပေးနဲ့ တွေ့ရာမြင်ရာကို မကြားဝံ့မနာ သာ လှည့်ပတ်ဆဲနေပါတယ်။

အသေအချာပြောနိုင်တာတခုက ပြည်သူ့ကိုယ်စားပြုအသင်းရဲ့  ရှေ့တန်းတိုက်စစ်မှူးလည်းဖြစ်တဲ့ အသင်းခေါင်းဆောင်ကို ၅၉ (ဃ) (စ) စတဲ့ စည်းမျဉ်းတွေနဲ့ ညစ်ထားဆဲမို့ တရားမျှတတဲ့ ပွဲပါလို့ ဘယ်လိုမှ မပြောနိုင်တော့တာ အမှန်ပါ။

အရှင်စန္ဒိမာ (မွန်စိန်တောရ) 

ထင်အောင် - ကျွန်တော်ဆိုခဲ့ဘူးသော အေဝမ်းကသီချင်းများ



ထင်အောင် - ကျွန်တော်ဆိုခဲ့ဘူးသော အေဝမ်းကသီချင်းများ
(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၅

ကျွန်တော်တို့ လူလောကကိုရောက်လာတာ ၁၉၅၀ အလွန်နှစ်တွေမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးကလည်း ရပြီးပြီဖြစ်တာ ကြောင့် ပွဲလမ်းသဘင်တွေနဲ့ ပြည့်နေတဲ့ကာလပါ။ ရန်ကုန်မြို့လယ်ခေါင်က ရုပ်ရှင်ရုံတွေ၊ ပန်းဆိုးတန်းက ပြဇာတ်တွေ ကိုသာကပြနေတဲ့ဝင်း ဝင်းရုံ၊ အပတ်စဉ်ပန်းခြံတွေမှာကပြနေတဲ့ ကြည့်ချင်စရာအငြိမ့်ပွဲတွေရှိသလို ကိုယ့်အိမ်မှာ တေးသံ သာများကို အေးအေးဆေးဆေးနားသောတဆင်ရန် ရေဒီယိုဓာတ်စက်တွေဖွင့်ပြီး အပန်းဖြေအနားယူ စည်းစိမ်ခံနေနိုင်တဲ့ ကာလ ဖြစ်ပါတယ်။

အပြင်မထွက်ချင်သူများကတော့ အိမ်ထဲမှာ နှစ်သက်ရာ စာစောင် မဂ္ဂဇင်းတွေဖတ်ကြပါတယ်။ ပဒေသာ၊ ရှုမဝ၊ မြဝတီ၊ သွေးသောက်မဂ္ဂဇင်းစာအုပ်တွေက လစဉ်ထုတ်မဂ္ဂဇင်းစာအုပ်တွေပါ။ ကြိုက်ရာကိုဖတ်၊ တအုပ်မှ နှစ်ကျပ်ပါ။ တခြား တကျပ်တန်စာစောင်တွေလည်း ရှိပါသေးတယ်။ ဂီတသီချင်းတွေပါတဲ့ သီချင်းညွှန့်ပေါင်းစာစောင်တို့ ရေဒီယိုတေးမှတ်တမ်း စာစောင်တွေပါ။ ဒီတေးစာစောင်တွေက ရေဒီယိုကနေ နောက်ဆုံးထုတ်လွှင့်တဲ့ သီချင်းစာသားတွေကို ပုံနှိပ်ဖေါ်ပြထားလို့ လူငယ်တွေအကြိုက် အရောင်းသွက်တဲ့စာစောင်တွေဖြစ်ပါတယ်။ ကာလပေါ်အဖွဲ့တွေကထုတ်လွှင့်တဲ့တေးသီချင်းတွေကိုသီဆိုတဲ့အဆိုတော်တွေရဲ့ဓာတ်ပုံတွေနဲ့ဝေဝေဆာဆာ ရိုက်နှိပ်ထားတဲ့စာစောင်တွေပါ။

အဲဒီခေတ်တုန်းက နာမည်ကြီးရုပ်ရှင်ထုတ်လုပ်တဲ့ အေဝမ်းကုမ္မဏီရယ်၊ ဗြိတိသျှဘားမားကုမ္မဏီ နှစ်ခုက ရုပ်ရှင်ကားတွေကို အပြိုင်အဆိုင် ရိုက်ကူးထုတ်လုပ်ပြသနေချိန်ဖြစ်ပါတယ်။ အေဝမ်းကကားသစ်ကို ရုံတင်ပြသပြီဆိုရင် အဲဒီဇာတ်ကား အသစ်ကဇာတ်ဝင်တေး သီချင်းတွေကို စာအုပ်လေးတွေရိုက်ပြီး ရုံရှေ့မှာ အပြိုင်အဆိုင်ရောင်းနေကြပါတယ်။ ဇာတ်လမ်းနဲ့ ဇာတ်ကွက်ထဲက ဓာတ်ပုံတွေပါတော့ ပိုရောင်းရပါတယ်။ ငယ်ငယ်တုံးက လူပျိုပေါက် ဦးလေးတွေဝယ်လာတဲ့ “ငယ်ကျွမ်း ဆွေပြဇာတ်” က သီချင်းစာအုပ်ကို ဖတ်ဘူးပါတယ်။ မင်းသမီးတင်တင်မူက ပိတောက်ပန်းတွေကို ရင်မှာပွေ့ ပိုက်ထားပြီး အောက်က “ပန်းပိတောက် ရွှေဝါအဖူးအပွင့်တွေနဲ့ အထူးတင့်ပါတဲ့ ..” အစချီတဲ့သီချင်းကိုဖတ်ရင်း အဒေါ်တွေကဆိုပြတာကို နားထောင်ရင်း သီချင်းကိုနားရည်ဝလာကာ ဆိုတတ်လာပါတော့တယ်။ အေဝမ်းကထုတ်လုပ်တဲ့ ဖာတလုံးခေါင်းကြားရုပ်ရှင်၊ မြတဘက်ရုပ်ရှင်တွေကိုလည်း စာစောင်တွေကို ထပ်တလဲလဲကြည့်နေရာက သီချင်းတွေပါ ရလာပါတော့တယ်။

ဖာတလုံးထမ်းထားတဲ့ အေဝမ်းခင်မောင်ပုံတွေ၊ အင်မတန်ချောလှတဲ့ ရှန်ဟိုင်းမယ် မေရီမြင့်ရဲ့ မင်းသမီးလိုဝတ်ထားတဲ့ပုံတွေ မင်းသားဝတ်စုံနဲ့ အေးကြူက မြတဘက်ခြုံလိုက်တော့၊ မင်းသမီးဖြစ်သွားတဲ့ပုံတွေက မီးဖိုထဲမှာထမင်းချက်နေတဲ့ အဒေါ် တွေအနားမှာ ထားဖတ်နေတဲ့စာအုပ်တွေပါ။ မြတဘက်ကိုခြုံပြီး မိန်းမဟန်ဆောင်ကာ သမီးတော်အဆောင်ကို ကျူးကျော်တဲ့ အေးကြူကို ဘုရင်မင်းကြီးက အရေးယူတော့၊ ချစ်သူမင်းသမီးလေးက သီဆိုထားတဲ့အလွမ်းသီချင်းလေးက “ရာဇဒဏ်” ဖြစ်ပါတယ်။ သီချင်းစာသားလေးကတော့ “တကြိမ်တတန်အမှား ကြိမ်ဖန်မများတာကြောင့် ထိန်ချန်ထားသင့်ငဲ့....” ဆိုတာ ကိုပဲ သတိရပါတော့တယ်။ ရုံထဲမှာကြည့်နေသူတွေ မျက်ရည်တွေစီးကျလာတဲ့အချိန်ပေါ့။

ဒီကားနောက်မှ ဆရာကြီးရွှေဥဒေါင်းရဲ့“ရတနာပုံ”ဝတ္တုကိုရိုက်ထားတဲ့ရုပ်ရှင်ကစပြီး အေးကြူလည်း ကြာကူလီလို့ခေါ်ကြတဲ့ဗီလိန်အခန်းတွေမှာပဲ သရုပ်ဆောင်ရပါတော့တယ်။ မင်းသားချောချောလေးတွေမလုပ်ရဲတဲ့အခန်းတွေမှာ သရုပ်ဆောင်ရဲတဲ့ သူရဲ့ အနုပညာကို ချီးကျူးရမှာပါ။ နောက်တော့ အေးကြူနဲ့အတွဲညီတဲ့ ဗီလိန်အမျိုးသမီးအဖြစ် ပုဇွန်ထုတ်ကြီးလို့ အမည် ကျော်လာတဲ့ ဒေါ်မြင့်မြင့်ဋ္ဌေး ပေါ်လာပါတယ်။

ဖတ်ခဲ့ရတဲ့သီချင်းစာအုပ်တော်တော်များများ ကိုဦးဘရီနဲ့သမီးများစာပေမှ ထုတ်ဝေ၊ ထုတ်လုပ်တယ်ဆိုတာကိုပါ မှတ်သား ထားမိပါတယ်။ ဒီစာအုပ်တွေကြောင့်လည်း အေဝမ်းကသီချင်းတွေနဲ့ စာသားတွေကို သိလာရတာပါ။ ရုပ်ရှင်ရုံမှာ တခါကြည့် တာနဲ့ မရခဲ့တဲ့တေးတွေကို ရေဒီယိုကနေနားထောင်လိုက်တော့မှ သံစဉ်လေးတွေကိုပါ သိလာရတာပါ။ နားထောင်ပါများ တော့ ဒါကအေဝမ်းခင်မောင်ရဲ့အတောလေး၊ ဒါက ရွှေပြည်အေးရဲ့တီးကွက်၊ လက်ရာ စတာတွေကိုခံစားတတ်လာပါ တော့တယ်။ ကျွန်တော်နှစ်သက်တဲ့ ကိုစောညိန်းလည်း အေဝမ်းမှာ ရုပ်ရှင်ဇာတ်ဝင်တေးတွေရေးခဲ့တာကို သတိထားမိလိုက်ပါ တယ်။

ကျွန်တော်ကိုယ်တိုင်ကြည့်ခဲ့ရပြီး ထိုစဉ်က လူကြိုက်အများဆုံးကားမှာ အေဝမ်းကရိုက်ကူးသော “ရတနာပုံ” ဇာတ်ကားဖြစ်ပါ တယ်။ မောင်တင်မောင်၊ ကြည်ကြည်ဋ္ဌေး၊ တင်တင်မူနဲ့ အေးကြူတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ တေးသံစုံဇာတ်ကား မဟုတ်ပေမယ့် ဇာတ်ဝင်တေးတွေအများကြီးသီဆိုထားတဲ့ ရုပ်ရှင်ကားကြီးတကားဖြစ်ပါတယ်။ “ရတနာပုံ သွန်းဖြိုး ရွှေမိုးတွေက ဝေဖြာပုံ..” အစချီတဲ့ ရတနာပုံသီချင်းဟာ အခုအချိန်အထိ အဆိုတော် အများအပြားက သီဆိုနေဆဲဖြစ်ပါတယ်။ စာသားတွေက ကျက်သရေမင်္ဂလာရှိတဲ့အတွက် အလှူတွေမင်္ဂလာဆောင်တွေမှာ သီဆိုနေကြ သီချင်းဖြစ်နေပါပြီ။ ဇာတ်ဝင် တေးတွေကို ဆရာရွှေပြည်အေးက ရေးဖွဲ့ပေးထားပါတယ်။ တင်တင်မူက မောင်တင်မောင်ကို တဘက်သတ်စိတ်ဝင်းစား နေတာကို “ချစ်သူ” ဆိုသောသီချင်းနဲ့ပြထားပါတယ်။ “သနားလို့ ခင်တာမဟုတ်ဘူးသက်လယ်....” ဆိုတဲ့စာသားလေးနဲ့ “သိင်္ဂီ” သီချင်းကို မောင်တင်မောင်နဲ့ တင်တင်မူစုံတွဲ ပျော်ပျော်ရွှင်ရွှင်သီဆိုထားတာကို ပရိတ်သတ်က အလွန်သဘောကျကြ ပါတယ်။ လူတွေအကြိုက်ဆုံးတေးကတော့ ကြည်ကြည်ဋ္ဌေးသီဆိုထားတဲ့ “နှစ်ကိုယ်ကြင်တဲ့ ပျိုခင်နွဲ့ ကြိုတဲ့လေးနာရီ...” ဆိုတဲ့ “စောင့်တဲ့ လေးနာရီ” သီချင်းရယ် “ညနေ ညနေ ညနေခင်း အပျင်းပြေလည်...” အစရှိတဲ့ “ညနေခင်း” သီချင်းတို့ ဖြစ်ပါတယ်။ အခုထိ ညနေဘက်လမ်းလျှောက်ထွက်ဖြစ်ရင် ဒီတေးသွားလေးကို ညည်းမိပါသေးတယ်။

နတ်သျှင်နောင်သီချင်းသီဆိုထားတဲ့ ပြည်လှဖေကိုယ်တိုင် မေရှင်နဲ့ တွဲဘက်သရုပ်ဆောင်ထားတဲ့ “စောင်းတော်ရှင်” ဇာတ် ကားကလည်း လူကြိုက်များပြီး အောင်မြင်ခဲ့တဲ့ကားတကားဖြစ်ပါတယ်။ အေဝမ်းရဲ့ထုံးစံအတိုင်း သီချင်းကောင်းတွေကို အများကြီးသီဆိုထားတဲ့ကားဖြစ်ပါတယ်။ ပြည်လှဖေဆိုထားတဲ့ “ဖော်လည်း မစုံညီ” ကို ကျွန်တော်အင်မတန်ကြိုက်ခဲ့ပါ တယ်။ ကြိုက်တယ်ဆိုပေမယ့် “အကြောင်းဖွဲ့ စောင်းနဲ့နေပါသည်” ဆိုတာကိုပဲ ရပါတော့တယ်။ စောင်းသံလေးနဲ့ နားထောင် လို့သိပ်ကောင်းတာပေါ့ဗျာ။ တိုက်တိုက်ဆိုင်ဆိုင် ဒီသီချင်းလေးအကြောင်းစဉ်းစားနေတုန်း မြန်မာရုပ်မြင်သံကြားကနေ ဆရာဘိုကလေးတင့်အောင်ရဲ့အစီအစဉ်တခုကဒီတေးမှာ စောင်းတီးခတ်ပေးသူက ဦးကျော်ငြိမ်းလို့ သိလိုက်ရပါတယ်။ သီ ချင်းကိုလည်း ပြန်ဆိုပြသွားပါတယ်။

အဆိုကောင်းတဲ့သရုပ်ဆောင်တွေပါတဲ့ကားဆိုတော့ တေးသီချင်း ဆယ့်ငါးပုဒ်လောက် သီဆိုထားပါတယ်။ လှေသမားတွေကလဲဗုံထောက်သံသီချင်းလေးတွေ ဆိုထားပါတယ်။ ကျွန်းပေါ်က ဥစ္စာစောင့်မလေးတွေကလည်း ယိမ်းအကလေးတွေနဲ့ နှစ်ပုဒ်လောက်ဆို ထားပါသေးတယ်။ သဘောကျတဲ့နောက်တကားက ကြည်ကြည်ဋ္ဌေး ရုပ်ရှင်မင်းသမီးအဖြစ်စရိုက်ခဲ့တဲ့ “ချစ်သက်ဝေ” ဇာတ်ကားပါ။ ကျွန်တော်က ချစ်သက်ဝေကို ကားဟောင်းအနေနဲ့ ပြန်ပြတော့မှ ကြည့်ဘူးတာပါ။ ကားဟောင်း ဆိုရင် ရုံဝင်ခကသက်သာပါတယ်။ အထူးနှုန်းလို့ ခေါ်ပါတယ်။ ပုံမှန်ရုံဝင်ခ သုံးမတ်၊ တကျပ်ခွဲကနေ ငါးမူး၊ တကျပ် ဖြစ်သွားပါတယ်။ ဆေးကျောင်းသားအဖြစ် သရုပ်ဆောင်ရတဲ့ မောင်တင်မောင်က ကျောင်းပိတ်ရက်အိမ်ပြန်ကာနီးမှာ သူငယ်ချင်းတွေနဲ့ဆိုတဲ့ “မောင်လေး မပြန်နိုင်တယ် မပြန်နိုင်တယ်...” သီချင်းလေးကို သဘောကြဆိုမိပါတယ်။ လူကြိုက် အများဆုံးသီချင်းကတော့ မောင်တင်မောင်နဲ့ကြည်ကြည်ဋ္ဌေးတို့စုံတွဲဆိုထားတဲ့“တကူကူးကူး”သီချင်းပါ။ စစ်ကိုင်းတောင် ပေါ်မှာ စုံတွဲသီဆိုခန်းကို အေဝမ်းခြံထဲမှာ ဆက်တင်ဆောက်လုပ်ရိုက်ထားပါတယ်။ တေးရေးဆရာက ဆရာရွှေပြည်အေး ပါ။ ဒီတေးကိုလည်း ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာ ပြန်လည်ဆန်းသစ်သီဆိုနေကြဆဲပါ။

ကျောင်းပြန်ဖွင့်ချိန်မှာခွဲရတော့မယ့် မင်းသား မင်းသမီး လွမ်းခန်းမှာတော့ ကိုစောညိန်းရေးဖွဲ့ထားတဲ့ “မှာလိုက်စမ်းပါရစေ ပျို့ငယ်ကျွမ်းသက်ဝေ...” အစချီတဲ့တေးလေးနဲ့ ဇာတ်ပို့ထားပါတယ်။ ကျွန်တော်ကတော့ အလွမ်းသီချင်းဆိုတော့ သိပ်မ ကြိုက်ပါဘူး။ ဒါပေမဲ့ ကရုဏာသံလေးနဲ့ “ဂုဏ်ရည်မတူ” ဇာတ်ကားထဲက မေသစ်ဆိုထားတဲ့သီချင်းကြတော့ ကြိုက်ပြန်ပါ ရော။ “ပုဗ္ဗေစ အခြေမလှတဲ့သူကို သဒ္ဓါတတ်အား နည်းများမဆို...” စာသားလေးတွေနဲ့ တောင်းရမ်းစားတဲ့သီချင်းပါ။ဘုရား စောင်းတန်း၊ ရပ်ထဲ ရွာထဲ ဈေးထဲ လမ်းတကာလျှောက်ပြီး တောင်းရမ်းစားနေသူတွေအားလုံး ဒီတေးသွားလေးကို တီးမှုတ် သီဆိုရင်း အဆင်ပြေနေကြပါတယ်။ ဒီဇာတ်ကားက ဗြိတိသျှဘားမားက ရိုက်တာထင်ပါတယ်။ မောင်မောင်စိုးရုပ်ရှင် ထုတ်လုပ်ရေး မြဇော်ဖလင်း မဟာဝိဇ္ဇာဓိုရ်ဖလင်နဲ့ လျှပ်စစ်ကုမ္ပဏီတွေကလည်း ရုပ်ရှင်ကားသစ်တွေကို ရိုက်ကူးထုတ်လုပ် နေကြပြီဖြစ်ပါတယ်။

ရုပ်ရှင်ဆိုတာ ဇာတ်လမ်းနဲ့ သရုပ်ဆောင်တွေကို အဓိကထားပြီးကြည့်နေတဲ့အခါ ဇာတ်ဝင်တေးတွေကို လွတ်သွားတတ်ပါ တယ်။ ရုံရှေ့မှာရောင်းနေတဲ့ တေးစာအုပ်ကိုဝယ်ပြန်တော့ စာသားတွေပါပေမယ့် သံစဉ်တေးအလိုက်ကိုမသိတော့ လိုက်မ ဆိုနိုင်ဘူးဖြစ်နေပြန်ပါတယ်။ ဒီတော့ ရေဒီယိုကလာတဲ့ အေဝမ်းဓာတ်ပြားတေးတွေကို နားထောင်ရင်း လိုက်ဆိုရပါတယ်။ ရေဒီယိုက မကြာခဏလွှင့်ပေးတဲ့ ပရိတ်သတ်အကြိုက် သီချင်းအလိုက်လေးတွေကို ညည်းတတ်လာပါပြီ။ ဆရာစန်းသော် တာရေးဖွဲ့တဲ့ အမြူးတေးလေးတွေက သံပြိုင်ဆိုရတဲ့အပိုဒ်လေးတွေပါတော့ လိုက်ဆိုရတာ အဆင်ပြေနေပါတယ်။ ဘိလပ် ပြန်သန်းဆိုတဲ့ “မြပန်းခွေ” သီချင်းကို တပုဒ်လုံးမရခင်ကထဲက “ယိမ်းနွဲ့ပေါ့ ပန်းရွှေညှာတန် ဝတ်ရည်ချူမယ့်သူ ပေါသည်...” အပိုဒ်လေးကို ဆိုတတ်နေပါပြီ။ “တလိမ် နှစ်လိမ်” စုံတွဲတေးမှာလည်း “တလိမ် နှစ်လိမ် ပွေလိမ်ရှုပ်တယ် လူညာကြီး ပေါ့ကွယ်...” ဆိုတဲ့ ခင်နှင်းရီရဲ့ မျက်စပစ်သီဆိုဟန်ကို သဘောကျကာ အော်ဆိုတတ်နေပါတယ်။

ရေဒီယိုကတေးတွေနားထောင်ရင်း ရုံတင်ဇာတ်ကားသစ်တွေကိုလည်း မလွတ်အောင်လိုက်ကြည့်ရပါသေးတယ်။ “သက် လယ်” ရုပ်ရှင်ကားကို သတိရမိပြန်ပါတယ်။ သရုပ်ဆောင်တွေက ကျော်ဝင်း-တင်တင်မူနဲ့ မြင့်မြင့်ခင်တို့ပါ။ ဒီကားထဲမှာ မြင့် မြင့်ခင်ဆိုခဲ့တဲ့ “ဘယ်မှာလဲ အချစ်ရဲ့သုခ .. အချစ်ရဲ့သာယာကြည်နူးခြင်းတွေရယ်” ကို လိုက်အော်ဆိုရတာ အမောပါ။ နောက် ဒီသီချင်းကို မြန်မာ့အသံမှာ ကြည်ကြည်ဋ္ဌေးနဲ့အသံလွှင့်ပြီး ဓာတ်ပြားရသွားပါတယ်။ သီချင်းအမည်ကို “ချစ်ဆိပ် ရည်”ဆိုတာ သိရပါတော့တယ်။

ပြည်လှဖေနဲ့ မေရှင်တို့နှစ်ယောက်တွဲ စုံတွဲတေးတွေကိုလည်း အော်ဆိုတတ်လာပါပြီ။ နန်းကေသီ-ရှေးရေစက်-ချစ်မှာလား သတဲ့သီချင်းတွေကိုလည်း ဆိုတတ်လာပါတယ်။ မေရှင်တဦးတည်းဆိုတဲ့ “ဟီးရိုး” “ချစ်မိရင်” သီချင်းတွေဆို မကြားရ တာကြာလှပါပြီ။ မေရှင်အဆိုနဲ့ ပြည်လှဖေက တယောထိုးထားတဲ့ ထူးထူးခြားခြား “ရှေးဘုရင်”ဆိုတဲ့သီချင်းရှိပါသေးတယ်။ မှတ်မိတဲ့စာသားလေးကတော့ “အလောင်းဘုရားရဲ့ ကောင်းစားတဲ့အကြောင်းများရယ် ယခုတိုင်ထင်ရှားပေတယ်...” ဆို တာလေးပါ။

“ဂုဏ်မြင့်သူ” “ရွှေတံငါ” “ဣန္ဒာနွယ်” “ရှင်သီဝလိ” “ကဉ္စန”နဲ့ “နဂါးနိုင်မင်း”တွေက ပြည်လှဖေရဲ့တဦးချင်းသီဆိုထားတဲ့သီချင်းတွေပါ။ ပြည်လှဖေလိုပဲ ပြည်အမည်ခံထားတဲ့အဆိုတော်တယောက် အေဝမ်းမှာရှိပါသေးတယ်။ “မြတ်ဒါန” “ရေခင်း တော်” နဲ့ “ကျောင်းတော်ရာ” သီချင်းတွေရဲ့အဆိုရှင် ပြည်ဘရှင်ပါ။ ကျောင်းတော်ရာကတော့ ဆိုကရေးတီးပြိုင်ပွဲမှာ ယှဉ် ပြိုင်ဖို့ ရွေးချယ်ထားတဲ့သီချင်းဖြစ်နေတော့ ကြားဖူးသူများပါလိမ့်မယ်။ ကျန်တေးသီချင်းတွေကတော့ မကြားဖူးကြမှာ သေချာပါတယ်။

ယနေ့တိုင် ရုပ်ရှင်ကားတွေထဲမှာ နောက်ခံတေးအဖြစ် သီဆိုနေကြပြီး ဂီတဖြေဖျော်ပွဲတွေမှာ သရုပ်ဖေါ်ကပြဆဲတေးသီချင်း ကတော့ သဟာယဆရာတင်ရေးစပ်ပြီး မလှရွှေသီဆိုခဲ့တဲ့ “စန္ဒကိန္နရီ”သီချင်းပါ။ အကြာင်းတခုခုကြောင့် မင်းသားနဲ့ မင်း သမီးခွဲခွာနေချိန်မှာ တဦးနဲ့တဦး သတိရနေကြောင်းလွမ်းနေကြောင်းကို ဒီတေးလေးနဲ့ ဆွေးပြပါတော့တယ်။ မိုးဒေဝါ မလှ ရွှေရဲ့ ကရုဏာသံလေးကြောင့် သီချင်းက ပိုအောင်မြင်တာဖြစ်ပါတယ်။ ဒီတေးသံလေးကိုကြားတိုင်း မျက်စိထဲမှာပျော်ရွှင် နေကြတဲ့ ကိန္နရီ ကိန္နရာမောင်နှံနှစ်ဖော်ကို မြင်မိပါတယ်။ “ပျော်မြူးစွာ ကိန္နရီ ကိန္နရာမောင်မယ်ချစ်ကြောင်း နှစ်ပေါင်း တ ထောင်ပင်ကြာ” ဆိုတဲ့နောက် ဆုံးစာသားလေးတွေကိုလိုက်ဆိုမိနေပါတယ်။ ဒီသီချင်းမှာ ဗြဟ္မဒတ်မင်းကြီးက ချစ်ခြင်းကိုခွဲ တဲ့သူပါ။ “စိန်စက်မြားနဲ့ တအားဘဲပစ်ခါ သနားမညှာ မင်းဗြဟ္မဒတ်ရာဇာ” အပိုဒ်က ချစ်ခြင်းခွဲတဲ့သူကို ဖော်ကြူးထားတဲ့ စာသားလေးပါ။

အခုခေတ်စားနေတဲ့ အဖွဲ့လိုက်သီဆိုကြတာတွေကိုနားထောင်ရတော့ အေဝမ်းက နွယ်ညီအမတွေကို အမှတ်ရမိပါတယ်။ စမ်းစမ်းနွယ်နဲ့ စိုးစိုးနွယ်တို့ပါ။ စန္ဒယားအောင်ခင်ရေးသားပြီး စိုးစိုးနွယ်သီဆိုထားတဲ့ “ဖူးစစံပယ်”သီချင်းဆို ခေါင်းစဉ်ပဲမှတ်မိ ပါတော့တယ်။ မကြားရတာလည်း ကြာလှပြီလေ။ အေဝမ်းကရုပ်ရှင်လောကမှာ အောင်မြင်နေတဲ့ ဝေဇင်၊ မေမြ၊ သိန်းဇော်နဲ့ မေလွင်စုံတွဲတွေကလည်း ဓာတ်ပြားရ သီချင်းတွေကို သီဆိုခဲ့ကြပါသေးတယ်။

ဓာတ်ပြားဓာတ်စက်တွေရဲ့ကျေးဇူးကြောင့် အေဝမ်းကသီချင်းတွေကို တပြည်လုံးက မြို့ရော နယ်ပါမကျန် လူတိုင်းနီးပါးနား ထောင်နိုင်ကြတာပါ။ တခါက နယ်ကအမျိုးတွေဆီကို သွားလည်ပါတယ်။ နယ်ရဲ့ထုံးစံက ရုပ်ရှင်ကို တပတ်မှာ တရက်ထဲ ပြပါတယ်။ နေ့ပွဲ ညပွဲဆိုပြီး နှစ်ပွဲပြလေ့ရှိပါတယ်။ ရုပ်ရှင်မပြခင် ဘိုင်စကုပ်ရုံမှာ သီချင်းဓာတ်စက်ဖွင့်ပါတယ်။ ဧည့်သည်   ကျွန်တော်မကြားဘူးတဲ့သီချင်းဖြစ်နေပါတယ်။ မြူးမြူးကြွကြွ သံပြိုင်တေးလေးပါ။ “(အေဝမ်းရဲ့ စေတနာ)၂ ဝေဝေဖြာဖြာလေ မှာလွင့်ခါ ...” ဆိုတဲ့စာသားလေးက ကြားရဖန်များတော့ လိုက်ပြီးဆိုနိုင်လာပါတယ်။ ဓာတ်စက်ဖွင့်တဲ့သူကပဲ ကြိုက်လို့လား ဒါမှမဟုတ် ဓာတ်ပြားဒီတ ချပ်ပဲရှိနေလို့လားမသိပါဘူး။ ကြော်ငြာလှည့်လည်း ဒီသီချင်း။ နေ့ပွဲမပြခင်လည်း အေဝမ်းရဲ့ စေတနာဆိုတာကို ကြားရပြန်ပါပြီ။ ညပွဲမှာတော့ ရုပ်ရှင်မပြမခြင်း ကြားနေရပါတယ်။ တမြို့လုံး ဒီတေးမှမရရင် ဘယ်တေး ကိုမှ မရနိုင်တော့ပါဘူး။

နောက်ပိုင်း “ဝင်းမာလေး” ပါဝင်သရုပ်ဆောင်ထားတဲ့ “ဖိုးပြုံးချို” ဇာတ်ကား “စန္ဒာ” အကယ်ဒမီရသွားတဲ့ “နှစ်မြွှာအသဲ” ဇာတ်ကား၊ ခင်သန်းနု အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရသွားတဲ့ “ကိုယ်ရယ် တိုးရယ် စိုးစိုးရယ်” ဇာတ်ကားတွေ အထိ အေဝမ်းက ရုပ်ရှင်ကားတွေကို အားပေးနေဆဲပါ။ “ဖိုးလမင်း”ကားကတော့ ဘောလုံးအသင်းကိုအခြေခံရိုက်ထားလို့သဘောကျမိပါတယ်။ “လွှားပျံ တအားကန် တို့ တို့ရဲ့ ဟန်” ဆိုတဲ့ဇာတ်ကားအဖွင့်တေးကစပြီး သဘောကျနေတာပါ။ ကို မြင့်ဆိုတဲ့ “အလှအပဆုံးသာ အမည်ရွေးချယ် ညီမ ညီမလို့ခေါ်မယ်...” ဆိုတဲ့ ညီမသီချင်းကို ယခုထိဆိုမိနေမိပါတယ်။

ငယ်ငယ်ကထဲက အေဝမ်းက “မောင်ခွေးဘို့” ဆိုပြီးကဗျာလေးတွေကို သံစဉ်ထည့် သီဆိုထားတဲ့သီချင်းလေးတွေကို စဆို ရာကနေ တဖြည်းဖြည်းနဲ့ လှမဉ္စူ၊ နတ်ရှင်နောင်၊ ချစ်ရေစင်၊ ချစ်ပွဲဝင်၊ ချစ်ဒုက္ခ စတဲ့တေးကို နှစ်သက်သီကျူးတတ်လာပါတယ်။ ခုတော့ အောင်ခြင်းရှစ်ပါး၊ ရှင်သီဝလိ ကျောင်းတော်ရာသီချင်းတွေကို နားထောင်ရင်း တရားသဘောတွေကို တွေးတောရတဲ့ အရွယ်ဖြစ်လာပါပြီ။ ဒါတောင် တခါ တခါ စန်းစန်းတင့်ဆိုခဲ့တဲ့ ဗုတ်တလုပ်ကန်၊ တင်တင်အေးဆိုထားတဲ့ ပျို့ဆုတောင်း တေးတွေကို ရေချိုးရင်း ညည်းမိပါသေးတယ်။ မြန်မာအဆွေကစပြီး အေဝမ်းအလယ်၊ မြဇော်၊ မောင်မောင်စိုးတို့အဆုံး ထုတ်လုပ်သမျှတေးတွေကို ကြိုက်နှစ်သက်နေတဲ့ ကျွန်တော်အတွက် အသက်အရွယ်အရ ရိပ်သာကိုဝင် တရားမှတ်ချိန် ရောက်ရင် ဒီတေးတွေကို အာရုံရောက် ကြားယောင်နေလို့ တရားမှတ်လို့မှ ရနိုင်ပါ့မလားလို့ ပူပန်နေမိပါတော့တယ်။