ဦးဝင်းတင်ဖောင်ဒေးရှင်းမှ နိုင်ကျဉ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းပြုလုပ်

 ဦးဝင်းတင်ဖောင်ဒေးရှင်းမှ နိုင်ကျဉ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းပြုလုပ် 
ဟန်သစ်နိုင် မိုးမခ မေ ၁၃၊ ၂၀၁၅ 

ဦးဝင်းတင်ဖောင်ဒေးရှင်းမှ (၂၀) ကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ တော်ဝင်းဆီ ငြိမ်းချမ်းခန်းမ၌ မေ ၁၂ ကကျင်းပပြုလုပ်ခဲ့သည်။

 သဘာပတိအဖြစ် ဖောင်ဒေးရှင်းနာယက ဦးမိုးသူမှ အမှာစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများကို လက်ရှိနိုင်ငံရေးအကျဉ်းသား သုံးဦး နိုင်ငံရေးအကျဉ်းသားဟောင်း သုံးဆယ်နှင့် လူငယ်ဘုံရိပ်သာတို့ကို စုစုပေါင်းကျပ်ငွေ ၆၇ သိန်း ထာက်ပံ့ပေးခဲ့သည်။ လက်ပံတန်းကျောင်းသပိတ်ဖြိုခွင်းခံရမှုကြောင့် အကျဉ်းကျနေသော ကျောင်းသား/ ကျောင်းသူ အယောက် ၉၀အား ထောက်ပံ့ငွေ ၃သိန်းကိုလည်း ပေးအပ်ခဲ့သည်။ ပြည်တွင်းပြည်ပ အလှူရှင် ၁၁ ဦးမှလည်း ဦးဝင်းတင်ဖောင်ဒေးရှင်းသို့ အလှူငွေများထည့်လှူပြီး ဖောင်ဒေးရှင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ေေေ ထောက်ပံ့ငွေရရှိသူအားလုံး၏ ကိုယ်စား နိုင်ငံရေးအကျဉ်းသားဟောင်း သာယာဝတီမှ ဦးအောင့်မြင့်က ဖောင်ဒေးရှင်းသို့ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

မိုးမခဝိုင်းတော်သားများကလည်း ဦးဝင်းတင် ၈၅ အင်တာဗျူးစာအုပ်မှ ရရှိသော စာမူခငွေနှင့် အလှူငွေ ကျပ်သုံးသိန်းကို ဦးဝင်းတင်ဖောင်ဒေးရှင်းသို့ လာရောက်လှူဒါန်းခဲ့ကြသည်။