မောင်စိုးချိန် - ကျောင်းသားသပိတ် အရေးတော်ပုံ (၈)


 မောင်စိုးချိန် - ကျောင်းသားသပိတ် အရေးတော်ပုံ (၈)
(မိုးမခ) မေ ၂၆၊ ၂၀၁၅

• သေမင်း
(က)
ဖိနှိပ်အုပ်စိုး
ကိုယ်ကျိုး
ကိုးကွယ်ရာ အာဏါ
အဓွန့်ရှည်ကြာရေး
လူထုသွေး ချွေး
စတေး
ခြေဆေး
မိစ္ဆာ
အာဏါသေမင်း
သေတွင်းဝမှာ။

• သမိုင်းမြေမှာ
(ခ)
သူရဲကောင်း
လမ်းဟောင်းဖျက်
လမ်းသစ် ဆောက်ရင်း
သေမင်း
စီးချင်းထိုး
ရှေ့တိုးရင်ဆိုင်
ပန်းတိုင်ဖောက်
အရောက်ချီသူ
ကမ္ဗည်းတင်
သစ်လွင်တောက်ပဆဲ။

• သူရဲကောင်း
(ဂ)
အားသစ်
လမ်းသစ်ဖောက်သွား
ကျောင်းသား
ရှေ့တက်ရှေ့ဆက်
သေမင်းလက်မှာ
ဘာမှမမှု
အံတုနေဆဲ။

မောင်စိုးချိန်
မတ် ၂- ၂၀၁၅

သရုပ်ဖော်ပန်းချီ သန်းဌေးမောင်