ရန်လင်းအောင် - နာရေး
(မိုးမခ) မေ ၂၈၊ ၂၀၁၅
ငါ့အဖွား
မှာစရာတွေ အများကြီးနဲ့
ငြိမ်သက်သွားပြီ။
ငါ့အဖွား
ပြောစရာတွေ အများကြီးနဲ့
တိတ်ဆိတ်သွားပါပြီ။
ငါ့ကို အမြဲလက်ယပ်ခေါ်တတ်သူ
ငါ့ကို သူ့လက်ပေါ်မှာပဲ ကြီးပြင်းစေခဲ့သူ
ငါ့ကို သူ့လက်ထဲ နွေးထွေးစေခဲ့သူ
အခု
ငါ့ကို လက်ပြနှုတ်ဆက်သွားပါပြီ။
ငါ့ငယ်ဘဝရဲ့ အလင်းဖွဲ့ကမ်းခြေ
ငါ့ငယ်ဘဝရဲ့ အာဟာရဗေဒ
ငါ့ ငယ်ဘဝရဲ့ပုံပြင်စာအုပ်
ငါ့ငယ်ဘဝရဲ့ သမိုင်းဖတ်စာ
အင်္ဂလိပ်ခေတ် ဂျပန့်ခေတ်
ကရင့်ခေတ် ကွန်မြူနစ်ခေတ်
စသဖြင့် တောပြေး မြို့ပြန်
မြို့ပြေး တောပြန် နေ့စွဲများ
ဗုံခိုကျင်းများ တိုက်လေယာဉ်များ
လက်နက်ကြီးသံများ တောကြောင် လက်ခမောင်းခတ်သံများ
နိုင်ငံရေးဘဝအရှုပ်အထွေးများ
ရောင်စုံသူပုန်များ
အသံမစဲ သဗ္ဗုဒ္ဓေညများ
အဖွားပြောသလောက်
အရုပ်သေနတ်နဲ့တောင် ငါမဆော့ဖြစ်တော့ ……
ဒီလိုလို နဲ့ မဆလ ကုလားဖန်ထိုးလာ
ဟိုလိုလိုနဲ့ နဝတ ဂွင်ချဲ့လာ
တစ တစ အဖွားလည်း အိုမင်းရင့်ရော်လာ
ငါမြင်သလောက် သူ မတွေ့ရတော့
ငါကြားသလောက် သူကိုမပြောဖြစ်တော့
သူ နည်းနည်း စိတ်ချမ်းသာပုံရခဲ့တယ်
အိမ်တွင်းပုန်းနေ့စဉ် သူကြည့်နေကျ
တီဗွီအစီအစဉ် တွေအရပေါ့။
အခု စစ်တပိုင်းအစိုးရ
အဖွား အိပ်ရာဖျာကပ်တယ်
၃၂ ကောဋ္ဌာသလုံး မှုန်ဝါးရပါပြီ
ကံကောင်းသလိုလိုရှိသွားတဲ့
ပြည်သူထဲက ပြည်သူတယောက်
သေချင်စိတ်တဝက်နဲ့
နေဖို့ ခြစ်ခြုပ်အားယူ
အသက်ကလေးရှည်ရှည် တပေပေ
မိဘပြည်သူတယောက်
အမည်ခံဘဝထက်ကောင်းရာသုဂတိ
သူတွေ့ရမှာ ငါယုံတယ်
၂၄ မေ ၊ ၂၀၁၅
အဖွား ……………
ဒေါ်ထွေး (၉၉) နှစ်
သူပြောတဲ့ သမိုင်းမီးပုံကြီးထဲ
သူ့စကားသံ အခုရပ်စဲပြီ
ငါ … ၃၈ နှစ်
လောင်ရင်းကျွမ်းရင်း
ကျန်ခဲ့ပြီ ။ ။
ရန်လင်းအောင်
(မိုးမခ) မေ ၂၈၊ ၂၀၁၅
ငါ့အဖွား
မှာစရာတွေ အများကြီးနဲ့
ငြိမ်သက်သွားပြီ။
ငါ့အဖွား
ပြောစရာတွေ အများကြီးနဲ့
တိတ်ဆိတ်သွားပါပြီ။
ငါ့ကို အမြဲလက်ယပ်ခေါ်တတ်သူ
ငါ့ကို သူ့လက်ပေါ်မှာပဲ ကြီးပြင်းစေခဲ့သူ
ငါ့ကို သူ့လက်ထဲ နွေးထွေးစေခဲ့သူ
အခု
ငါ့ကို လက်ပြနှုတ်ဆက်သွားပါပြီ။
ငါ့ငယ်ဘဝရဲ့ အလင်းဖွဲ့ကမ်းခြေ
ငါ့ငယ်ဘဝရဲ့ အာဟာရဗေဒ
ငါ့ ငယ်ဘဝရဲ့ပုံပြင်စာအုပ်
ငါ့ငယ်ဘဝရဲ့ သမိုင်းဖတ်စာ
အင်္ဂလိပ်ခေတ် ဂျပန့်ခေတ်
ကရင့်ခေတ် ကွန်မြူနစ်ခေတ်
စသဖြင့် တောပြေး မြို့ပြန်
မြို့ပြေး တောပြန် နေ့စွဲများ
ဗုံခိုကျင်းများ တိုက်လေယာဉ်များ
လက်နက်ကြီးသံများ တောကြောင် လက်ခမောင်းခတ်သံများ
နိုင်ငံရေးဘဝအရှုပ်အထွေးများ
ရောင်စုံသူပုန်များ
အသံမစဲ သဗ္ဗုဒ္ဓေညများ
အဖွားပြောသလောက်
အရုပ်သေနတ်နဲ့တောင် ငါမဆော့ဖြစ်တော့ ……
ဒီလိုလို နဲ့ မဆလ ကုလားဖန်ထိုးလာ
ဟိုလိုလိုနဲ့ နဝတ ဂွင်ချဲ့လာ
တစ တစ အဖွားလည်း အိုမင်းရင့်ရော်လာ
ငါမြင်သလောက် သူ မတွေ့ရတော့
ငါကြားသလောက် သူကိုမပြောဖြစ်တော့
သူ နည်းနည်း စိတ်ချမ်းသာပုံရခဲ့တယ်
အိမ်တွင်းပုန်းနေ့စဉ် သူကြည့်နေကျ
တီဗွီအစီအစဉ် တွေအရပေါ့။
အခု စစ်တပိုင်းအစိုးရ
အဖွား အိပ်ရာဖျာကပ်တယ်
၃၂ ကောဋ္ဌာသလုံး မှုန်ဝါးရပါပြီ
ကံကောင်းသလိုလိုရှိသွားတဲ့
ပြည်သူထဲက ပြည်သူတယောက်
သေချင်စိတ်တဝက်နဲ့
နေဖို့ ခြစ်ခြုပ်အားယူ
အသက်ကလေးရှည်ရှည် တပေပေ
မိဘပြည်သူတယောက်
အမည်ခံဘဝထက်ကောင်းရာသုဂတိ
သူတွေ့ရမှာ ငါယုံတယ်
၂၄ မေ ၊ ၂၀၁၅
အဖွား ……………
ဒေါ်ထွေး (၉၉) နှစ်
သူပြောတဲ့ သမိုင်းမီးပုံကြီးထဲ
သူ့စကားသံ အခုရပ်စဲပြီ
ငါ … ၃၈ နှစ်
လောင်ရင်းကျွမ်းရင်း
ကျန်ခဲ့ပြီ ။ ။
ရန်လင်းအောင်