အိုဘယ့် မြို့တော်

အိုဘယ့် မြို့တော်
(မိုးမခ) မေ ၂၄၊ ၂၀၁၅

နွေအကုန် မိုးအကူးရောက်ပြီ ....။

နွေဆိုလည်း နွေမို့ ....။ မိုးဆိုလည်း မိုးမို့ဆိုသလို ဒီတစ်ရာသီမှာ ဒီဒုက္ခ၊ ဟိုတစ်ရာသီ ဟိုတဒုက္ခ ဖြစ်မြဲ ကြုံမြဲ မြို့တော်ကြီးတို့ရဲ့ ဖြစ်ပျက်ကြုံရ ဒုက္ခအစုံစုံကို ကာတွန်းဆရာက လှစ်ဟပြထားတာပါ။

ဒီလိုပဲ .. ယိုယွင်းပျက်စီးမှုမျိုးစုံကို တတ်စွမ်းသူ၊ နားလည်သူ အဖက်ဖက် အမျိုးမျိုးအစုံစုံက ဝေဖန်ထောက်ပြ ရှင်းလင်းတင်ပြကြပါသော်လည်း တုဏှိဘာဝေတိုင်းပြည်မှာ .. မိဘပြည် သူများခေါ်ခေါ်ပြီး နှိပ်စက်တတ်သူများမှာတော့ နှလုံးသားမှ ရှိပါလေစ ...။

ပြုပြင်ပြောင်းလဲရေးကာလ ဘယ်နှစ်နှစ်အတွင်းမှာဖြင့် ဟိုနိုင်ငံကြီးလို တိုးတက်အောင် ... ဒီနိုင်ငံကြီးနဲ့ တူအောင် ဟိတ်လုံး ဟန်လုံးတွေထုတ်ရင်း ... မြို့တော်ကြီးခမျာမှာလည်း ... ရေစုန်မှာ မျှောရင်း မျှောရင်း ....။

နေရာယူ တာဝန်မယူ ရှက်တတ်သူများအနေဖြင့် ရှက်တတ်မယ်ဆိုရင်ဖြင့် ....။

မလုပ် မရှုပ် မပြုတ် တိုင်းပြည်မှာ သိစိတ်နဲ့ စေတနာ နည်းနည်းလေးပေါင်းစပ်လို့ တာဝန်မယူ ခေါင်းရှောင်သူများအနေနဲ့ ကာတွန်းဆရာရဲ့ ထောက်ပြဝေဖန်မှုကို အပြုသဘောဆောင်သောအမြင်များနဲ့ မြင်အောင်ကြည့်လို့ ...
မိဘပြည်သူများ ခင်ဗျားကို ရဲရဲခေါ်နိုင်ကြပါစေ ...။


မှတ်ချက်။ 
ကာတွန်း ဆရာ ATH ရဲ့ ကာတွန်းများအားလုံးကို သူ့ဖေ့ဘုတ်ခ်စာမျက်နှာ က ပြန်လည်ကူးယူခြင်းဖြစ်ပါသည်။