နယူးယောက်ပြည်နယ်ရောက် ဒုက္ခသည်များအတွက် ဘာသာပြန်ဝန်ဆောင်မှု အစိုးရက ပေးမည်ဟု ဆို


နယူးယောက်ပြည်နယ်ရောက် ဒုက္ခသည်များအတွက် ဘာသာပြန်ဝန်ဆောင်မှု မြို့ယ်က ပေးမည်ဟု ဆို
(မိုးမခ) မတ် ၆၊ ၂၀၁၅


နယူးယောက်ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ဘတ်ဖလိုးမှာ နိုင်ငံပေါင်းစုံမှ ဒုက္ခသည်စုစုပေါင်း ၂သောင်းခန့် (မြန်မာနိုင်ငံသား ၈၅၀၀) ရှိသော်လည်း ရဲဌာနအစရှိသော law enforcement များမှ အင်္ဂလိပ်စကားအခက်အခဲရှိသော ဒုက္ခသည်များအတွက်အရေးပေါ် ဆက်သွယ်ရန် language line ကိုအသုံးပြု ခြင်းမရှိပါ။

လွန်ခဲ့သောလပိုင်းအတွင်း ဒုက္ခသည်အိမ်များသို့ ဖေါက်ထွင်းဝင်ရောက်ခိုးယူမှုပေါင်း ၄၆ မှုရှိရာမြန်မာနိုင်ငံသားသက်သက် ၂၆ မှုခံခဲ့ရပြီး ဒုတိယအများဆုံးက နီပေါဒုက္ခသည်များဖြစ်ပါသည်။

၎င်းကိစ္စများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲအရာရှိကြီးများကိုတွေ့ဆုံ၍အကြိမ်ကြိမ်ဆွေးနွေးခဲ့သော်လည်း တိုးတက်ထူးခြားမှုသိပ်မတွေ့ရပါ။ သို့သော်လည်း အခြားသက်ဆိုင်ရာအထက်ဌာနများ ပုဂ္ဂိုလ်များကို ဆက်သွယ်အသိပေးအကြောင်းကြားခြင်းများကြောင့် ၄င်း language line ကို ရဲဌာနများက တရားဝင်အသုံးပြုရန်ကိစ္စ အဆင်ပြေလာနိုင်သောအခြေအနေ ရောက်နေပြီဖြစ်ပါသည်။ ၄င်းနောက်ဆက်တွဲအနေဖြင့် ယ္ခု လာမည့် အင်္ဂါနေ့ မတ်လ ၁၀ ရက်နေ့ တွင် မြို့တော်ကောင်စီမှ ခေါ်၍အကျယ်တဝင့်တရားဝင်ဆွေးနွေးမည်ဖြစ်ပါသည်။ ၄င်းတို့အုပ်ချုပ်မှုအောက်ရှိ ရဲဌာနမှ အရာရှိကြီးများအားလုံးကိုလည်း ထိုနေ့အစည်းအဝေးတက်ရန်ခေါ်ယူထားပါသည်။

အခြားသိလိုသောအကြောင်းအရာများရှိပါက မြန်မာကွန်မြူနီတီဆားဗစ်အဖွဲ့က တာဝန်ခံများ သို့မဟုတ် -  Lisa Strand, Chief Attorney 716-435-4121 သို့၎င်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။

သတင်းထုတ်ပြန်ချက်အပြည့်အစုံကို ဖော်ပြလိုက်ပါသည်။