ရန်လင်းအောင် - ညမဖတ်ရ အမှတ်တရတွေ … …


ရန်လင်းအောင် - ညမဖတ်ရ အမှတ်တရတွေ … …
(မိုးမခ) မတ် ၂၈၊ ၂၀၁၅

ဒီလမ်းက တကယ်ရှည်တယ်
သွေးကြောင်နေရင် ပိုရှည်လျားမယ်

မင်းပြန်လာမှ ငါရှိမယ်
ငါ့ ကို ပြန်တွေ့မှ
မင်းသေပျော်မယ်မဟုတ်ဘူးလား ။

အသက်နဲ့ ထုပ်မှ
လုံခြုံမယ့် မြေ . . . .

သွေးနဲ့ ဆေးမှ
လန်းမယ့် ရေ   . . . .

တသက်စာ စတေးမှ
မသူတော်ဘေး ကင်းဝေးရမယ့်
ဒီအဖြစ်တွေ
ဒီအပျက်တွေ
သဘောမကျဘဲ လွမ်း လွမ်း နေရတဲ့
ဒီအဖြစ်တွေ
ဒီအမှတ်တရတွေ . . . .

သရဲဘောကြောင်တဲ့ နံနက်ခင်းများ
ပျော်ပျော်ပါးပါး
ပြန်ပြောင်း ပြောနိုင်ကြပါစေ
ရယ်ရယ်မောမော

ဖတ်ရှုနိုင်ကြပါစေ ။