သက်ခိုင် - ဒီပြည်ကိုလည်း လွမ်းတတ်တယ်

သက်ခိုင် - ဒီပြည်ကိုလည်း လွမ်းတတ်တယ်
(မိုးမခ) မတ်လ ၅၊ ၂၀၁၅

အိမ်သူရေ
လူတကာတွေမက်မော
ဒီလိုတရားသဘောမှာ
ငါလည်းချစ်တတ်
ဒီပြည်ကိုလည်း လွမ်းတတ်တယ်။

စစ်ပွဲတွေနဲ့ ဖြတ်
ဒီပြည်ဟာ တကယ်တော့
အသီးပြတ်နေတယ်
ရာဇဝင်ဟာ အချီးနှီးမဲ့
လူတွေကမ္ဘာမှာ
အသီးသီးပဲ့နေတယ်။

သင်ပြ၊ ယှဉ်ပြ
တင်ပြ မရတဲ့ကြား
ကိုယ့်ကိုယ်ကို
အထင်ကရလို့ ထင်ကြ
နိုင်ငံတကာကို ခဏခဏသွား
သူ့ဝင်ငွေ ရှက်သွားသူများရှိတယ်။

ဤ ကို လူညီလို့ ကျွဲ ဖတ်
လူ မသတီတာမျိုးပဲ အဖတ်တင်
ဟောဟိုက အလုပ်သမရဲ့မဲ့ပြုံး
သင်တို့ဘဝဟာ ရှက်ပြီး ပြုန်းသွားရလေမယ်
တချိန်တော့
လူတကာပြက်လုံးမှာ
သင်တို့ သမိုင်းဟာမှုံပြီး တုန်းသွားရစေမယ်။

တောင်သူကြေကွဲ
လယ်မြေ အက်ကွဲနေတဲ့ကြား
လုပ်သားတွေရဲ့နှလုံး
သင်တို့ ပြုံးရင်းချေကြ
ဒီလို ငွေ သောင်းဂဏန်းအရေး
ထောင်ဒဏ်တွေ ဗြောင်းဆန်အောင် ပေးရင်း
တိုင်းပြည်ပျက်သုဉ်း
လူအရင်းအမြစ်ဆုံးတဲ့ကြားမှာ။

ငါလည်းမကျေမချမ်း
တချိန်ချိန် လွှမ်းမယ့်တရားအတွက်
ငတ်ငတ် ပြတ်ပြတ်
ငါ တတ်တဲ့စာနဲ့
…………….
………………
အလုပ်သမား
လယ်သမား
ကျောင်းသား
ပြည်သူ
အတူတူခံစား
လူ အတူတူများအတွက်။


အိမ်သူရေ
လူတကာတွေမက်မော
ဒီလိုတရားသဘောမှာ
ငါလည်း ချစ်တတ်
ဒီပြည်ကိုလည်း
(အမှန်တရားအတွက်)
လွမ်းလျှက်ရှိတယ်။

သက်ခိုင်
(၀၀း၄၆) နာရီ
၃.၃.၂၀၁၅