အောင်ဝေး - ဗားေ တာ့ ဗ ရ က် အ တွ က် ပြ ဇာ တ် တ စ် ပု ဒ်


အောင်ဝေး - ဗားေ တာ့ ဗ ရ က် အ တွ က် ပြ ဇာ တ် တ စ် ပု ဒ် 
(မိုးမခ) မတ် ၂၈၊ ၂၀၁၅


မြင်ကွင်း။   ။ လက်ပံတန်းမြို့ နယ်တရားရုံး
                 မတ် ၂၅- ၂၀၁၅။

ဒုတိယကမ္ဘာစစ်ကြီးတုန်းက
ပိုလန်က ကလေးတွေ အမေပျောက်တော့
ကလေးချင်းစုပြီး
အမေပျောက်ရှာတဲ့အကြောင်း
ခင်ဗျားရေးခဲ့တယ် ဗားတော့ဗရက်။

ခင်ဗျားက ဟစ်တာလာကိုဆန့် ကျင်တဲ့
ဂျာမန်ပြဇာတ်ဆရာ၊ ကဗျာဆရာ။

ကျနော်က စစ်အာဏာရှင်စနစ်ကိုဆန့် ကျင်တဲ့
မြန်မာကဗျာဆရာ။

ဗားတော့ဗရက်ရယ်
အခုပြဇာတ်ကတော့
ဗမာပြည် ဖက်ဆစ်သံဖနောင့်
မတရားမှုတွေအောက်
သမီးငယ်ကလေးတစ်ယောက်
အဖေပျောက်စဉ်ကပေါ့ ။

အပြစ်ကင်းစင်တဲ့
မျက်လုံးကလေးတွေနဲ့ 
ကလေးသူငယ်တွေနဲ့ ဘယ်လိုမှမပတ်သက်တဲ့
တရားရုံး(အမှန်က မတရားရုံး)တစ်ခုရှေ့ မှာပေါ့ ။

ဗားတော့ဗရက်ရယ်
ကလေးလက်ထဲမှာလည်း
နှင်းဆီပန်းတွေတစ်ပွေ့ တစ်ပိုက်နဲ့ ပေါ့ ။

ကလေးရဲ့ မျက်လုံးတွေထဲမှာလည်း
မျှော်လင့်ချက်တွေ တလက်လက်နဲ့ ပေါ့ ။

ကျနော်က အမေရိကမှာနေတာပါ
ကလေးက လက်ပံတန်းတရားရုံးရှေ့ မှာပါ
မစ္စတာဗားတော့ဗရက်။

ကျနော်နဲ့ ကလေး
စိတ်ချင်းဆက်သွယ်
အမေး- အဖြေ လုပ်လိုက်ကြတယ်။

ကျနော်။   ။ နှင်းဆီပန်းတွေက ဘယ်သူ့ အတွက်လဲ။
ကလေး။   ။ ဖေဖေ့အတွက်။

- ဖေဖေက ဘာလဲ။
- ဖေဖေက ခွပ်ဒေါင်း
  ဖေဖေက သူရဲကောင်း။

- နှင်းဆီနီတွေနဲ့ ဘာလုပ်ဖို့ လဲ။
- ဆုတောင်းဖို့ ။

- ဘာတွေဆုတောင်းဖို့ လဲ။
- ခွပ်ဒေါင်းတွေလွတ်မြောက်ဖို့ 
  သူရဲကောင်းတွေလွတ်မြောက်ဖို့ ။

- ဘယ်မြို့ ကလဲ၊ ဘယ်သူ့ သမီးလဲ။
- တောင်ငူက၊
  တော်လှန်တဲ့ကဗျာဆရာကြီး
  ကေတုဘုန်းမော်ရဲ့ မြေး။

အို ... မစ္စတာဗားတော့ဗရက်
ဒါဟာ ခင်ဗျားအတွက်ပြဇာတ်တစ်ပုဒ်။

တစ်မနက်
အိပ်မက်မဟုတ်တဲ့အိပ်မက်ထဲ
ကလေးနဲ့ ကျနော်
ရဲဘော်တွေဖြစ်ခဲ့ကြတယ်လေ။    ။

ရဲဘော်အောင်ထက်သမီးငယ်လေး ဆောင်းထက်ဝင့်သို့ ။

ေ အ ာ င္ ေ ၀ း
(မြန်မာနိုင်ငံကဗျာဆရာ)