ဇာနီကြီး - စစ်မှန်သော ခေါင်းဆောင်များနဲ့ အံ့သြဘွယ် သူတို့အယူဝါဒ


ဇာနီကြီး - စစ်မှန်သော ခေါင်းဆောင်များနဲ့ အံ့သြဘွယ် သူတို့အယူဝါဒ
(မိုးမခ) မတ် ၂၉ ၊ ၂၀၁၅

တလောက စင်ကာပူခေါင်းဆောင်ဟောင်း၊ လီကွမ်းယူကွယ်လွန်သည်။ ဘာသာအားလုံးကို လေးစားသော၊ ဘာသာမဲ့ဖြစ်သည်။ တရုပ်ပြည်ပြုပြင်ပြောင်းလဲခဲ့သော ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန့် ကွယ်လွန်သည်။ ဘာသာမရှိ၊ သူကိုးကွယ်သော ဘာသာမှာ ကွန်မြူနစ်ဘာသာ တနည်းအားဖြင့် ကွန်မြူနစ်ဝါဒ ဖြစ်သည်။ အမေရိကန်နိုင်ငံကို စတင်ထူထောင်ခဲ့သူ ဂျော့ဝါရှင်တန် ကွယ်လွန်သည်မှာ နှစ်၂၀၀ ကျော်ပြီး၊ သူသည် ခရစ်ယာန်ဝါဒ ကိုးကွယ်သည်။ တနည်းအားဖြင့် ယေရှုနောက်လိုက်သူဖြစ်သည်။ ကမ္ဘာ့အင်ပါယာကြီးများကို ခေါင်းဆောင်၊ဘုရင် များစွာရှိသည်။ သူတို့ယုံကြည်ကိုးကွယ်မှုများမှာ ခရစ်ယာန်၊ မွတ်ဆလင်၊ ဗုဒ္ဒဘာသာ၊ ဟိန္ဒြူဘာသာ၊ ဘာသာနှင့်ဝါဒ အတူတူဟူ ယူဆပါက၊ ကွန်မြူနစ်ဘာသာ၊ ဘုရားစုံဝါဒ၊ ဘုရားမဲ့ဝါဒ၊ လူသားဝါဒ ..စသဖြင့် ဝါဒီများစွာ ရှိကြသည်။ မည်သို့ပင်ဖြစ်စေ မည်သည့်ဝါဒီ ကမှ နိုင်ငံများစွာကို လွမ်းမိုးနိုင်ခြင်းမရှိ။ မြန်မာအင်ပါယာအပါအဝင် အကြီးမားဆုံးသော အင်ပါယာကြီးများ ရှိသည်။ 1
 
တိုင်းပြည်တစ်ခုကို တည်ထောင်ရာတွင် ဦးတည်ချက်၂မျိုးရှိပါသည်။
ပထမ ဦးတည်ချက်မှာ ငွေကြေးချမ်းသာသောနိုင်ငံ GDP per Capita highest ဖြစ်သည်။ ဥပမာ စင်ကာပူ၊ အမေရိကန်၊ ယူအေအီး နှင့် အနောက်နိုင်ငံများ ဖြစ်သည်။ ဒုတိယဦးတည်ချက်မှာ ငွေမချမ်းသာသော်လည်း ပြည်သူလူထု အများစု ပျော်ရွှင်ရောင့်ရဲ ကျေနပ်သောနိုင်ငံ Happy Planet Index (HPI) ဖြစ်သည်။ ဥပမာ ဗီယက်နမ်၊  ကိုစတာရီကာ၊ ကိုလံဘီယာ၊ စတဲ့နိုင်ငံများ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံ ဘယ်လမ်းကို ရွေးချယ်ပါသလဲ။ ပေါ်လစီအရ ဒုတိယ Happy Planet ဖြစ်သော်လည်း လက်တွေ့ဖြစ်နေသည်မှာ လက်ဝါးကြီးအုပ် အရင်းရှင်စနစ် ဖြစ်နေပြီး၊ ခေါင်းဆောင်ကောင်းများ အထူးလိုနေဆဲ ဖြစ်သည်။

 ပြည်သူများအတွက် ဦးစားပေးလုပ်ဆောင်မှု မှန်ကန်ရန်လိုပါသည်။  လီကွမ်းယူ စင်ကာပူတွင်ကွယ်လွန်သွားသည်။ သူ့နိုင်ငံကို တတိယကမ္ဘာမှ ပထမကမ္ဘာ့ထိပ်တန်းသို့ ဘက်စုံပို့ဆောင်ရန် နှစ်၅၀တိုင် လမ်းပြပေးခဲ့သည်။ အနှစ်၃၀ ကိုယ်တိုင် ခေါင်းဆောင်လုပ်ပြီး အာဏာလွှဲပေးသည်။ နောက်တက်သည့် အစိုးရခေါင်းဆောင်ကိုလည်း သူ့လမ်းကြောင်းမှ မလွဲစေရန် ဆက်လက်ကူညီပံ့ပိုးခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံ၊ ခေါင်းဆောင်များ မည်ကဲ့သို့ ကြိုးစားသွားသနည်းကို လေ့လာနိုင်သည်။ တောင်ကိုးရီးယားနိုင်ငံ ယခုအခါ မြန်မာများကိုင်သော ဆမ်ဆောင်း မိုဘိုင်းဖုန်း၊ ဟွန်ဒိုင်းမော်တော်ကား စသည်တို့ကို ကြည့်နိုင်သည်။ နောက်ဆုံး ကိုးရီးယားရုပ်ရှင်များပင်လျှင် မြန်မာနှင့် ကမ္ဘာလူမျိုးစုံတို့ ကြည့်ရှုရသည်။ ခေါင်းဆောင်များကို လေ့လာပါက ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ ၂မျိုးကို တွေ့နိုင်သည်။ 

ကိုးရီးယားခေါင်းဆောင်မှုကို လေ့လာလိုပါက ခေါင်းဆောင်များနှင့် အဂတိလိုက်စားသူများ ရှုပ်ထွေးနေသည်ကို တွေ့ရသည်။ တရုတ်ပြည် ခေါင်းဆောင်အများစုမှာ  တိုင်းပြည်ကို ကမ္ဘာ့ထိပ်တန်းအဆင့် ရောက်ရန်ကြိုးစား၊ လမ်းပြ၊ လုပ်ဆောင်ကြသည်။ အဂတိလိုက်စားမှုကို တရုပ်အစိုးရသည် စင်ကာပူနိုင်ငံကဲ့သို့ အပြင်းထန်နှိမ်နင်းခြင်းဖြင့် လျှင်မြန်စွာ တိုးတက်လာခဲ့သည်။ 

တောင်ကိုးရီးယား ခေါင်းဆောင်များ နဲ့ ကိုးရီးယားအစိုးရ လပ်စားမှုအရေးအခင်းများ
ကိုးရီးယားနိုင်ငံသည် တရုပ်ပြည်အိမ်နီးချင်း လွတ်လပ်သောနိုင်ငံအဖြစ်နေခဲ့သော်လည်း ဂျပန်ကျူးကျော်မှုကို ခံခဲ့ရပါသည်။ နောက်ပိုင်းတွင် စူပါပါဝါ ရုရှား၊ တရုတ်၊ အမေရိကန်တို့ အားပြိုင်ဆိုင်မှုကြောင့် ၁၉၅၂တွင် ပြည်တွင်းစစ်ဖြစ်ပြီး စိစိညက်ကျေခဲ့ရှာပါသည်။ ကြံကြံခံ ရပ်တည်ရင်း ယခုအခါ ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ်သို့ ဘက်စုံချင်းနင်းဝင်ရောက်လျှက်ရှိပါပြီ။

ကိုးရီးယားခေါင်းဆောင် သမ္မတများကိုလေ့လာကြည့်ပါက .. ဂျပန်များ စတင်အုပ်စိုးသည့် ကိုးရီးယားအစိုးရတွင် Syngman Rhee ပထမဆုံး သမ္မတဖြစ်သည်။ ၁၉၄၈ အထိ ၁၁ဦးထမ်းဆောင်ခဲ့သည်။ ၁၉၄၈ ဒုတိယကမ္ဘာစစ်အပြီး ထပ်မံရွေးချယ်ခံရသည်။

1948 - 1960 Syngman Rhee ဒုတိယကမ္ဘာစစ်အပြီးသမ္မတအရွေးခံခဲ့ရသည်။ သူ့ခေတ်1950-51 ကွန်မြူနစ်ကိုးရီယားနှင့် စစ်ပွဲဖြစ်သည်။

1960 - 1962 Yun Bo-seon အရပ်သားနိုင်ငံရေးသမားဖြစ်ပြီး အာဏာသိမ်းခံရသည်။ အတိုက်အခံအဖြစ် သမ္မတ ၂ကြိမ်ထပ်မံပြိုင်ရာ ရှုံးခဲ့သည်။ 1990 တွင်ကွယ်လွန်သည်။

1962 - 1979 Park Chung-hee ပက်ချုံဟီး၊ စစ်ဗိုလ်ချုပ်နှင့်စစ်အာဏာရှင်ဖြစ်သည်။ လုပ်ကြံခဲ့ရသည်။

1979 - 1980 Choi Kyu-hah လုပ်ကြံခံရသော သမ္မတသက်တမ်းကို ဆက်ခံသူဖြစ်သည်။ စစ်အာဏာသိမ်းခံရပြီးနောက် 2006 တွင်ကွယ်လွန်သည်။ 

1980 - 1988 Chun Doo-hwan ချွန်ဒူးဝမ်၊ စစ်ဗိုလ်ချုပ်ဖြစ်သည်။ 1983 ရန်ကုန်အာဇာနည်ဗိမာန်တွင် မြောက်ကိုးရီးယားသလျှိုများကဗုံးခွဲလုပ်ကြံရာတွင် လွတ်မြောက်ခဲ့သည်။

1988 - 1993 Roh Tae-woo ရိုတေ၀ူး၊ စစ်ဗိုလ်ချုပ်ဖြစ်သည်။

1993 - 1998 Kim Young-sam ကင်ယုံဆမ်

1998 - 2003 Kim Dae-jung ကင်ဒေးဂျုံ၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သည်။ နှစ်ပေါင်းများစွာ အတိုက်ခံအဖြစ်မှ သမ္မတဖြစ်လာသည်။ 2009 ကွယ်လွန်သည်။ စစ်ဗိုလ်ချုပ်သမ္မတဟောင်း၂ဦး Chun Doo-hwan၊ Roh Tae-woo ကို အာဏာအလွဲသုံးမှု၊ လပ်စားမှုများဖြင့်၊ သေဒဏ်၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားခြင်းမှ လွတ်ငြိမ်းချမ်းသာပေးခဲ့သည်။  ကမ္ဘာ့ဖလားဗိုလ်လုံးပွဲကျင်းပခဲ့သည်။ 

2003 - 2008 Roh Moo-hyun ရိုမိုဟွန်၊ သမ္မတ ၅နှစ်သက်တမ်းအပြီး၊ အနားယူချိန်တွင် မိမိဇနီး အသိုင်းအ၀ိုင်းကြောင့်၊ အာဏာအလွဲသုံမှု၊ လာဘ်စားမှုဖြင့်အရေးယူခံရချိန်တွင် မိမိကိုယ်ကိုသတ်သေသွားသည်။

2008 Lee Myung-bak လီမန်ဘတ် ဖြစ်သည်။

2013 Park Geun-hye လက်ရှိသမ္မတဖြစ်သည်။ တောင်ကိုးရီးယား ပထမဆုံး အမျိုးသမီးအကြီးကဲ၊ သမ္မတဖြစ်ပြီး၊ လုပ်ကြံခံရသော မျိုးချစ်စိတ်ကြီးသူ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ Park Chung-hee သမီးဖြစ်သည်။ သူမဖခင်လုပ်ကြံခံရပြီးနောက် တောင်ကိုးရီးယားနိုင်ငံသည် စစ်အာဏာရှင်များ၊ ခရိုနီများလက်ထဲတွင် အနှစ်၂၀ခန့်နေခဲ့ရပြီး၊ ၁၉၉၈ အတိုက်ခံ ကင်ဒေးဂျုံ သမ္မတဖြစ်လာမှ တိုင်းပြည်လမ်းမှန်သို့ ရောက်ရှိတိုးတက်ခဲ့သည်။

မြန်မာလက်ရှိသမ္မတ ဦးသိန်းစိန် (စစ်ဗိုလ်ချုပ်ဟောင်း) သည် Park Chung-hee ကို ကြည်ညိုလေးစား အားကျသည်ဟု အမေရိကန်ခရိးစဉ် အင်တာဗျူးတွင် ပြောခဲ့သည်။

ခေါင်းဆောင်ဟူသည် Good Attitude ရှိရုံတင်မက၊ သူ့ဖာသာ စားဝတ်နေရေး အဆင်ပြေသူဖြစ်ရပါမည်။ သူ့နောက်လိုက်များကိုပါ လာဘ်မစားအောင်၊ ဘတ်ဂျတ်အလွဲမသုံးအောင် လုံလောက်အောင် ဖန်တီးပေးရမည်။ လာဘ်စားသူတပည့်များကို ပညာပေး၊ အရေးယူနိုင်သူ ဖြစ်ရမည်။ လက်ရှိစင်ကာပူ ခေါင်းဆောင်များ၊ တောင်ကိုးရီးယားခေါင်းဆောင်များသည် ကွယ်လွန်သူ လီကွမ်းယူ၊ ပတ်ချုံဟီး နှင့် ဗိုလ်ချုပ်အောင်ဆန်း တို့ကဲ့သို့ စံပြနမူနာ ခေါင်းဆောင်များ ဖြစ်သည်မှာ သေချာလှပါသည်။ 4

အခြားနိုင်ငံကြီးများ တရုပ်၊ ဂျပန်၊ ဂျာမဏီ...
 
ဘာသာမဲ့ ဖြစ်သော တရုတ်ခေါင်းဆောင်များအကြောင်း ရေးလိုသော်လည်း၊ မြန်မာများစွာ သိပြီူးသားဖြစ်ပါမည်။ တရုတ်နိုင်ငံ အကျိုးအမြတ်ရရှိရေးအတွက် တကမ္ဘာလုံးရှိ သယံဇာတများကို နည်းမျိုးစုံဖြင့် သိမ်းကြုံးယူငင်နေသည်။ အမေရိကန်နှင့် ဥရောပလို နိုင်ငံကြီးများပင် ခံနေရသည်။ အရှေ့အလယ်ပိုင်း၊ အရှေ့ဥရောပနိုင်ငံများနှင့် အာဖရိကနိုင်ငံများအဖို့  ပိုပြီးခံရမည်ဖြစ်သည်။ မြန်မာ၊ တိဘက်၊ ဗီယက်နမ် ကဲ့သို့သော  အစိုးရခေါင်းဆောင်များကို ကောင်းကောင်း လှည်ါ့ဖြားနိုင်သည်။ အရေခွံချည်းကျန်အောင် သွေးစုတ်ခံရမည်။

ဂျပန်နှင့် ဂျာမဏီတို့သည် တရုပ်စီးပွားရေး ပေါ်လစီကို တောင့်တင်းခံနိုင်သော တိုးတက်သည့်နိုင်ငံများဖြစ်သည်။ ဂျပန်နှင့် ဂျာမဏီတို့ပင် တရုပ်နိုင်ငံလုပ်နည်းပညာများကို အတုယူရသည်။ စင်ကာပူရှိ အစိုးရက ဆောက်လုပ်ရေး လုပ်ငန်းကြီးများကို တရုပ် China Construction နှင့် ဂျပန် Taisei တို့ပူးပေါင်း ကန်ထရိုက်ယူ လုပ်ဆောင်ရင်း နှစ်ဘက်စလုံး အကျိုးအမြတ်ရသည်။ စင်ကာပူနိုင်ငံလည်း ဈေးပိုသက်သာသွားသည်။

မြန်မာအစိုးရကလည်း လူလည်ဖြစ်ပါသည်။ အထူးလိုအပ်သော ဆက်သွယ်ရေး၊ လျှပ်စစ်လုပ်ငန်းများကို ဂျပန်နည်းပညာဖြင့်သာ လုပ်ဆောင်သည်။ မြန်မာနိုင်ငံ ပွင့်လင်းစီးပွားရေးစနစ်တွင် ဦးစွာ နေရာယူထားသော တရုပ်ကုမဏီများကို အပြိုင်၊ ကမ္ဘာ့ချံပီယံ လူဆိုးလူညစ် အနောက်နိုင်ငံကုမ္မဏီများစွာ တရုပ်နှင့်အပြိုင် ဝင်ရောက်လာကြသည်။ တနည်းအားဖြင့် အခွန်မပေးပဲ မတရားစာချုပ်များကို မြန်မာအစိုးရမင်းများနှင့် ချုပ်ဆိုကြသည်။ အနှစ်၃၀၊ အနှစ်၆၀ စာချုပ်သည်။ စာချုပ်ဖျက်ပါက မြန်မာအစိုးရက လျှော်ကြေးများစွာ ပေးရမည် ဟူသော စာချုပ်များကို တဖက်သတ် ချုပ်ကြသည်။ နာမည်ကျော် စာချုပ်များမှာ ရွှေဓါတ်ငွေ၊ ရတနာဓါတ်ငွေ၊ ကြေးနီစီမံကိန်း၊ နိကယ်စီမံကိန်း ..စသည်တို့ဖြစ်သည်။ ဆေးလိပ်နှင့်အရက် ကုမဏီများလည်း ၂၀၁၁ နောက်ပိုင်း တဟုန်ထိုး ပြေးဝင်လာကြသည်။ ထို ကမ္ဘာချန်ပီယံများကို မြန်မာအစိုးရမင်းများ လုံးဝမယှဉ်နိုင်ပါ။ နောက်၁၀နှစ် ဘယ်လိုဖြစ်မလဲ လုံးဝမကြည့်တော့ပဲ၊ ၅နှစ်သက်တမ်းအတွင်း ရနိုင်သမျှ လာဘ်စားဖို့ လုပ်ကြသည်။

မြန်မာအစိုးရ ခေါင်းဆောင်ကောင်းများက ဂျပန်နှင့် ဂျာမဏီ၊ စင်ကာပူ အစိုးရများနှင့် နိုင်ငံပရိုဂျက်ကြီးများကို ပူးပေါင်းလုပ်ဆောင်မှု ရှိနေကြသည်မှာ သိပ်မဆိုးလှဟု အဆိုးထဲက၊အကောင်း၊  ကောက်ချက်ချနိုင်ပေသည်။

စစ်မှန်သော ဝါဒီ၊ ဘာသာများ

အလွန်ရိုးသားဖြောင့်မတ်၊ ဖြူစင်သူများကို ဘာသာရေး (သို့မဟုတ်) ပညာရေး (သို့မဟုတ်) လူမှုရေး လောကများမှာ တွေ့နိုင်ပါသည်။ အနည်းစုသော ဘာသာရေး၊  ပညာရေး၊ လူမှုရေး သမားများကတော့ အခွင့်အရေးသမားများ ဖြစ်သည်။  

ဥပမာ ဘာသာရေး လိုက်စားသူကို လူအများ ကြည်ညိုလေးစားခံရကြသည်။ သို့သော် " ပါးစပ်က ဘုရား၊ဘုရား" ..ဆိုသော စကားပုံမှာ  အဲဒီလူနည်းစု၊ ဘာသာရေး အလွဲသုံးစားလုပ်သူများကြောင့် ဖြစ်ပါသည်။  ဥပမာ ဘယ်ဘာသာမဆို ဘုန်းကြီးဆိုလျှင် ဘုန်းကြီးနဲ့လိုက်လျောညီထွေစွာ နေထိုင်၊ စားသောက်၊ ကြင့်ကြံနိုင်ရပါသည်။ အပြောကောင်းသော ဘုန်းကြီးများ အနေချောင်နေကြပြီး၊ အကျင့်ကောင်းသော ဘုန်းကြီးများမှာ အပြောမကောင်းပါက သာမန်ပရိသတ်ထဲက လူပိန်း၊ ထုံအသူများ မလာတော့ပါ။ 

လူ ဆိုသော သတ္တဝါသည် အလွန်ထုံထိုင်းပါသည်။ အနောက်တိုင်း နိုင်ငံစာပေများတွင် လူကို သိုးနဲ့ နှိုင်းယှဉ်ပါသည်။ သိုး ဆိုတဲ့ သတ္တဝါဟာ အလွန် ထုံထိုင်းပါတယ်။ စားဖို့လောက်ပဲ မြက်ကိုလိုက်ရှာ စားပြီး၊ ဝံပုလွေ၊ သားရဲတွေရဲ့ သားကောင်းဖြစ်ရပါသည်။ အရှေ့တိုင်း နိုင်ငံစာပေများတွင် လူကိုနွားနဲ့ နှိုင်းယှဉ်ပါတယ်။ တကယ်ပါပဲ လူတွေက သိုးနွားများကဲ့သို့ ခပ်ထုံထုံတွေ ဖြစ်ပါသည်။ လည်ဝယ်သူများက အပြောလေးကောင်းလို့ ပါသွားတဲ့ မိန်းကလေးများစွာရှိသည်။ လက်ရှိ မြန်မာနိုင်ငံတွင် အုပ်ချုပ်သူအမျိုးသားများ အကျင့်စရိုက်မကောင်းသောကြောင့် အဆုံးမှာ မြန်မာအမျိုးသမီးများ နိုင်ငံခြားသို့ ရောင်းစားခံရ၊ အိမ်ဖေါ်လုပ်ရ ။ ကိုယ့်သမီး မဟုတ်သောကြောင့် မျက်နှာလွှဲနိုင်သူများ မြန်မာအချင်းချင်း မျက်နှာမလွှဲပါနှင့်။ ကူညီပါ။ သို့မဟုတ်လျှင် တနေ့ မိမိ သမီး၊ တူမ၊ ညီမအလှည့် ရောက်လာပါမည်။ ထို့ကြောင့် မြန်မာအမျိုးသား ခေါင်းဆောင်များ စစ်မှန်သော ဘာသာရေးဝါဒီများ ဖြစ်ရပါမည်။

နိဂုံး (ခေါင်းဆောင်ကောင်း)

မည်သည့် ဝါဒီ၊ မည်သည့်ဝါဒ ခေါင်းဆောင်များသည် တိုင်းပြည်ကို ဗြမ္မာစိုရ်တရားနှင့်အညီ အုပ်ချုပ်၊ ကြီးပွားစေသနည်း မေးခွန်းကို နိဂုံးရေးပါမည်။ သေချာသည်မှာ ယခင်အုပ်ချုပ်ခဲ့သော စစ်ခေါင်းဆောင်များမှာ ဘာသာရေး၊ ခံယူချက်ဝါဒ မရှိဟု မှတ်ချက်ချရပါမည်။ 
ဥပမာ ..ဦးနု၊ အဘယ့်ကြောင့် မင်းဆိုးမင်းညစ် ဖြစ်လာမည့် ဗိုလ်နေဝင်း (စစ်ဗိုလ်ချုပ်)ကို ပြက်သားစွာ ရှင်းမပစ်နိုင်ခဲ့ပါသနည်း။ မြန်မာ့သမိုင်း မှတ်တမ်းများအရ  ဝန်ကြီးချုပ် ဦးနုက ညှာတာသည်။ နှလုံးသားကြီးသည်။ ဘာသာရေးအစွဲကြီးလွန်းသည်။ နောက်ဆုံး ဗိုလ်နေဝင်း လက်ထဲ နိုင်ငံတော်အာဏာ ရရှိသွားပြီး၊ တပည့်ကျော် ဗိုလ်ခင်ညွန့်က စစ်အာဏာရှင်စနစ်ကို ဆက်လက်ကျင့်သုံးသည်။ သူတို့သည် သာသနာကို အလွဲသုံးစားသူများဖြစ်သည်။ စစ်မှန်သော သံဃနာယက အဖွဲ့ကြီးသည် ဘာမျှမပြောရဲ၊ မပြောဝံအောင် နည်းမျိုးစုံဖြင့် ပိတ်ဆို့ထားနိုင်ခဲ့သည်။ နောက်ဆုံး ဗိုလ်သန်းရွှေ လက်ထဲသို့ အကြွင်းမဲ့အာဏာ ရောက်သွားချိန် ၊ ၂၀၀၇ သံဃာအရေးခင်းနှင့်၊ နာဂစ်မုန်တိုင်းကြီးတို့ နောက်ပိုင်းတွင် တိုင်းပြည် ပြုပြင်ပြောင်းလဲမှု၊ ဦးသိန်းစိန် သမ္မတအစိုးရ ဖြစ်လာသည်။

နိုင်ငံ ခေါင်းဆောင်သည် ဘာသာရေးအစွဲ အရမ်းကြီးစရာမလိုပါ။ စစ်မှန်သော သာသနာခေါင်းဆောင်များကို နေရာမှန်ထားပြီး၊ အဆုံးအမများကို နာခံနိုင်ရပါမည်။ စစ်မှန်သော သာသနာရေး (သို့မဟုတ်) စစ်မှန်သောဝါဒီ ဆိုသည်မှာ မှန်ကန်သောအခွန်ဘဏ္ဍာကောက်နိုင်ရေးနှင့် အခွန်ဘဏ္ဍာကို မှန်ကန်စွာ အသုံးချနိုင်ရေးဖြစ်သည်။ အဂတိလိုက်စားလွန်းသော လက်ရှိ မြန်မာအစိုးရ ဝန်ထမ်းလောကတွင် အခွန်ဘဏ္ဍာ ကောက်ခံရေးနှင့်သုံးစွဲရေး တို့မှာ အလွန့်အလွန်ခက်ခဲလှပါသည်။

မြန်မာနိုင်ငံတွင် ပြက်သားစွာ ဆုံးဖြတ်နိုင်သောခေါင်းဆောင်၊ ကိုယ်ကျိုးစွန့်၊ ပညာတတ်ပြီး၊ နှလုံးသားကြီးမားလှသော ခေါင်းဆောင်၊ ကမ္ဘာက လေးစားသော ဒေါ်အောင်ဆန်းစုကြည် ရှိနေသည်မှာ အံ့သြဘွယ် လက်ဆောင်ကောင်း တစ်ခုဖြစ်ပါသည်။ သူမ လမ်း မလွဲသွားပါ။ ကမ္ဘာ့ခေါင်းဆောင်များပေးထားသော မေတ္တာလက်ဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိထားပါသည်။ ကျွန်ုပ်တို့မှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင်ကောင်းကို တွေဝေမှုမရှိပဲ ဆက်လက်ထောက်ခံရမည်။ အားကိုးရပါမည်။

မည်သည့် ဘာသာဖြစ်စေ၊ မည်သည့်ဝါဒီဖြစ်စေ၊ ဗုဒ္ဒ၊ ခရစ်ယာန်၊ ဟိဒ္ဒြူ ဝါဒီဖြစ်ပါစေ၊ ကွန်မြူနစ်ဖြစ်စေ၊ ဘာသာမရှိသော လီကွမ်းယူကဲ့သို့ ခေါင်းဆောင်ဖြစ်ပါစေ၊ စစ်မှန်သောခေါင်းဆောင်ဟူသည်မှာ စာရိတ္တ Attitude ကောင်းမွန်သည်။ မှန်ကန်သော အခွန်ဘဏ္ဍာ ကောက်ခံရေးနှင့်သုံးစွဲရေး လုပ်ဆောင်သည်။  ဘာသာရေး၊ ဝါဒီ မှန်ကန်သောခေါင်းဆောင် ဖြစ်ရမည်။ အဂတိမလိုက်စားသော ခေါင်းဆောင်သည်ခေါင်းဆောင်သည် ယတြာ၊ ဗေဒင်၊ ဖြတ်လမ်း မလိုက်စားပါ။ လိင်၊လတ်၊လောင်းကစား မလိုက်စားပါ။ သူ့နောက်လိုက်များလည်း သူကဲ့သို့ ရိုးသား၊ ဖြောင့်မတ်သူများ ဖြစ်ကြပါတယ်။ လက်ရှိ သမ္မတဦးသိန်းစိန် နဲ့သူတို့အစိုးရခေါင်းဆောင်များ၊ ၂၀၁၅ နောက်ပိုင်း တက်လာမဲ့ မြန်မာခေါင်းဆောင်များ စစ်မှန်သောခေါင်းဆောင်များ ဖြစ်ကြပါစေ။    

ကိုးကားချက်များ
1. မြန်မာနှင့်ကမ္ဘာ့အင်ပါယာများ
http://www.slideshare.net/myanmarjobstudent/empireburmese-kingdom2014
.
.
2 .  ကမ္ဘာ့အပျော်ဆုံးနိုင်ငံများ
 http://en.wikipedia.org/wiki/Happy_Planet_Index
.
.
3. တစ်ဦးချင်းဝင်ငွေအများဆုံးနိုင်ငံများ
 http://en.wikipedia.org/wiki/List_of_countries_by_GDP_%28PPP%29_per_capita
.
.
4. တောင်ကိုးရီးယားခေါင်းဆောင်များ