မောင်ရဲနွေ (ပလိပ်) - အမှားခြေထောက်

  မောင်ရဲနွေ (ပလိပ်) - အမှားခြေထောက်
(မိုးမခ) မတ်လ ၁၊ ၂၀၁၅
မှားခဲ့ပြီးမှ
ခွင့်လွှတ်ပါ စကားလုံး
ရေလဲ သုံးတတ်ကြ ...။

အခုလည်း
မရိုးတဲ့ ရိုးရာပွဲမှာ
အညစ်အကြေး
အပြစ်အဆွေး
အတာရေနဲ့ ဆေးကြတယ် ...။

ပိတောက်ရေ
ဒီလိုနဲ့
ပွဲပြီး မီးသေ
အမှားတွေ မှားပြီးရင်း မှား
အမှားနဲ့ လူ
လူနဲ့ အမှား
အမှားခြေထောက်
လှမ်းဆက်လျှောက်နေရတယ်။      ။