သစ်ကောင်းအိမ် - ပလိပ်ဝတ္ထုထဲ၌ ပိတ်မိခြင်း ....

သစ်ကောင်းအိမ် - ပလိပ်ဝတ္ထုထဲ၌ ပိတ်မိခြင်း ....
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၅

မသေချာတာက
အိုရန်မြို့ကြီးထဲမှာလား
ရန်ကုန်မြို့ကြီးထဲမှာလား

မသေချာတာက
စတာတင်ခေတ်ထဲမှာလား
နာဇီစစ်ဖိနပ်အောက်မှာလား

ချောင်းတချက်ဟန့်ရင်း
ဖန်ခွက်ထဲ
ရေကို အသံထွက်အောင်လောင်းထည့်
သတင်းပဲ လွှင့်လွှင့်
သီချင်းပဲ လွှင့်လွှင့်
(လူသံကြားရပြီးရော)
ရေဒီယိုကို ဖွင့်ထားခဲ့ …..

စာမျက်နှာလည်း ပြည့်စုံပါတယ်
ဇာတ်ကောင်စရိုက်လည်း ပြည့်စုံပါတယ်

အီးမေးလ်နဲ့
ပန်းခြင်းလောက်ပဲ
ဒီဝတ္ထုရဲ့
မျက်နှာဖုံးအောက်
လူနာမေးရောက်ခဲ့တာက
ကြွက်သေ…. ဟာ
ဟစ်တလာ .. ထက်
ကြောက်စရာကောင်းလို့ပဲဖြစ်မယ်။ ။

(၁၈ ဒီဇင်ဘာ၊ ၂၀၀၇)
(ပလိပ်- ဆရာထင်လင်းဘာသာပြန်သော ပြင်သစ်စာရေးဆရာဆရာကြီး အယ်လဘတ်ကမူး၏ဝတ္ထု)