Le-Skin Skin Care Product ၏ ရွှေသားကံထူးရှင် ရွေးချယ်ပွဲ ကျင်းပ




Le-Skin Skin Care Product ၏ ရွှေသားကံထူးရှင် ရွေးချယ်ပွဲ ကျင်းပ
(ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ ဇန်န၀ါရီ ၂၆၊ ၂၀၁၅

Le-Skin Skin Care Product ၏ ရွှေသားကံထူးရှင်ရွေးချယ်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းပေါ်ရှိ ချပ်ထရီယမ် ဟိုတယ် တွင် ဇန်နဝါရီလ (၂၃) ရက်နေ့ နေ့လည်(၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။




အစီအစဉ်အရ မန်နေဂျင်းဒါရိုက်တာ MR.Visit Sae-Seng နှင့် Mr.Chokchai Chanthasa Ti Ian  တို့က အမှတ်တရ စကားများပြောကြားခဲ့ကြသည်။ အထူးဆု ရွှေ(၁) ကျပ်သား (၁) ဆုနှင့် ရွှေငါးမူးသား (၁)ဆုတို့အား ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် ယုသန္တာတင်မှ ကံစမ်းမဲနှိုက်ပေးခဲ့ပြီး ရွှေငါးမူးသားဆု နှင့် တမတ်သားဆုများကို ဒါရိုက်တာမမြတ်ဆုပိုင်မှလည်းကောင်း ၊ရွှေငါးမူးသား (၂) နှင့် ရောင်းချပေးသောဆိုင်များ ရွှေတမတ်သားဆုကို အနယ်နယ်အရပ်ရပ် မှ ကိုယ်စားလှယ်တော်ကြီးများမှ ကံစမ်းမဲ နှိုက်၍ ရွေးချယ်ပေးခဲ့ကြသည်။

တေးသံရှင် သားသား နှင့် နန်းချစ်နဒီဇော် တို့မှ တေးသံသာများဖြင့် ဖျော်ဖြေခဲ့သလို Jade Dragon Dancer အဖွဲ့မှလည်း အကများဖြင့် ဖြေဖျော်ခဲ့ကြပြီး  တက်ရောက်လာသော ဧည့်သည်တော်ကြီးများအား T.V, Fan , EVD   စက်များအား ကံစမ်းမဲ နှိုက်ပေးခဲ့သည်။