ဝင်းအောင်ကြီး - သတင်းထောက်အား ၀န်ကြီးချုပ်ကတောင်းပန်ရသည့် သတင်းစာရွှေခေတ်



ဝင်းအောင်ကြီး - သတင်းထောက်အား ၀န်ကြီးချုပ်ကတောင်းပန်ရသည့် သတင်းစာရွှေခေတ် 
(သူ့ဖေ့စ်ဘွတ်) ဒီဇင်ဘာ ၂၀၊ ၂၀၁၄

အင်္ဂလိပ်အစိုးရက သတင်းစာအတတ်ပညာ ယူဆောင်လာ၍ ကိုလိုနီစနစ်ကို မကျေနပ်သည့်ကြား မြန်မာပြည်တွင် သတင်းစာထုတ်ကြ၊ သတင်းစာဖတ်ခဲ့ကြရသည်။ ဂျပန်ခေတ်မှာလည်း သတင်းစာရှိ၏။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတော့ ပါလီမန်မှာ တိုအခံမရှိလို့၊ သတင်းစာများက ၀င်ရောက်တာဝန်ယူရသည်ဟု ကမ္ဘာ့သမိုင်းပညာ ရှင်များကမှတ်တမ်းတင်သည်။

အဘယ့်ကြောင့် သတင်းစာတို့၏ ရွှေခေတ်ဟု ခေါ်ကြသနည်း

ရှိပြီး မြန်မာ့အလင်း၊ဟံသာဝတီ၊သူရိယ၊ဗမာ့ခေတ်တို့အပြင်ရန်ကုန်၊တိုးတက်ရေး၊စီးပွါးရေး၊ဟစ်တိုင် စသဖြင့် မန္တလေးမှာ လူထု၊မန်းသူရိယ၊ဗဟိုစည် စသည့်သတင်းစာတွေ ထွက်လာ၏။
 

အင်္ဂလိပ်လို The New Time of Burma, The Burman တို့အပြင် နောက်ပိုင်းမှာ Nation, တပ်မတော် ကထုတ်သည့် Guardian တို့ကြိုက်ရာရွေးဖတ်နိုင်သည်၊ Urdur, Hindi, Mindarin, Cantonese, စသော နိုင်ငံခြား ဘာသာအပြင် ရှမ်းသတင်းစာ၊ ကရင်သတင်းစားတွေ တောင်ရှိခဲ့ဖူးတာပါ။
 

ဦးသိန်းဖေမြင့်၏ ဗိုလ်တထောင်၊ ဦးညိုမြ၏ အိုးဝေ၊ ဖဆပလ အာဘော် မဏ္ဍိုင်၊ ၁၉၅၇ ခု၊ ဧပြီလ ၁၇ ရက်နေ့မှာ ကြေးမုံ၊ အထောက်တော်နဲ့ ပြည်တော်စိုး သတင်းစာ ၃ စောင်ထွက်လာပြန်သည်။ ဦးထွန်းဖေ၏ ထွန်းနေ့စဉ် ဝေဖန်ချက်တွေ ထိမိလွန်းလို့ သြဇာကြီးမားခဲ့သည်။
 

သတင်းစာကို ဘယ်သူပိုင်ပိုင် သတင်းနှင့်စီမံခန့်ခွဲမှု (Editorial Management )ကို ထိလို့မရ။ အမြင်ချင်း ကွဲကြစေကာမူ သတင်းစာချင်း အပြန်အလှန်လေးစားကြ၏။ သတင်းစာက ဘယ်လိုရေးရေး သတင်းစာဖတ်သူ ကိုယ်ပိုင်အသိနှင့် ဆုံးဖြတ်ကြ၏။
ြု

 မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်းက သတင်းစာအာလုံးကို ကိုယ်စားပြု၏။ အစိုးရနှင့် ဆက်သွယ်လုပ်ဆောင်ရသော်လည်း သွယ်ဝိုက်၍ပင် သြဇာမခံ။ အလားတူ မြန်မာနိုင်ငံ သတင်းထောက်များ အသင်းသည်လည်း သီးခြားလွတ်လပ်သည့် အသင်းဖြစ်၏။
 

စာဖတ်သူများ စဉ်စားကြည့်ပါ၊ အဲဒီခေတ်အခါကို သတင်းစာတို့၏ ရွှေခေတ်လို့ မခေါ်သင့်ပေဘူးလား?
ဗုဒ္ဓဟူးနေ့ တပတ်ခြား ၀န်ကြီးချုပ်၏ သတင်းစာရှင်းလင်းပွဲရှိသည်။ ၀န်ကြီးချုပ်က တင်းပြအပြီး သတင်းစာဆရာများက ဘာမဆိုမေးလို့ရ၍ ပြဿနာတက်သည်လည်းရှိ ရယ်စရာမောစရာများလည်းရှိ၏။ တကြိမ်မတော့ သတင်းထောက်ပေါက်စလေး ကိုစိန်ဝင်းက ဘာမေးသလဲဆိုတာတော့ မမှတ်မိ၊ ၀န်ကြီးချုပ်က မဖြေဘဲ ထိုင်ခိုင်းလိုက်သည်။
 

နောက်သတင်းစာရှင်းလင်းပွဲကျတော့ ထုံးစံအတိုင်း ၀န်ကြီးချုပ်က တင်းပြအပြီး သတင်းစာဆရာများ ဘာမှမမေးကြတော့မှ သူ့အမှားသတိရသွားသည့် ၀န်ကြီးချုပ်က မတ်တတ်ရပ်ကာ “ ကိုစိန်ဝင်း၊ ကျနော်တောင်းပန်ပါတယ်” လို့ဆိုကြောင်း သတင်းစာထဲ ကျနော်ဖတ်ခဲ့ခူးသည်။
  

ဝန်ကြီးချုပ်ဦးနုက လူလည်၊ မတောင်းပန်ပါက မြန်မာနိုင်ငံ သတင်းထောက်များ အသင်းနှင့်တွေ့၊ မြန်မာနိုင်ငံ သတင်းထောက်များ အသင်းနှင့် ရင်ဆိုင်ရတော့မည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသောနိုင်ငံတွင် ၀န်ကြီးချုပ်ကလည်း သူ့အလုပ်သူလုပ် သတင်းစာကလည်း သူ့အလုပ်သူလုပ်။
 

 မြန်မာပြည်မှာ ခုရက်များအတွင်း သတင်းစာဆရာများ အသင်းကို ကာကွယ်ရေးဦးစီးချုပ်ကခေါ်ယူ တွေကဆုံသည့်သတင်းနှင့် စာဖတ်သူများ ဆက်စပ်ကာ တွေးတောစဉ်းစားကြဖို့ ပါခင်ဗျာ။
 

 ကျနော် ၀င်းအောင်ကြီးပါ။
၂၀၁၄ ခု၊ နိုဝင်ဘာလ ၂၆ ရက်နေ့။