ကျော်ဟုန်း - မြေသို့  တိုင်တည်ခြင်း


ကျော်ဟုန်း - မြေသို့  တိုင်တည်ခြင်း
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၄


ဒီမြေကို
တို့ ချစ်တယ်။

ဒီမြေဟာ
ဘိုးဘေးဘီဘင်
ရှေး မဆွက
ပိုင်ဆိုင်
ကာကွယ်
သွေး အထပ်ထပ်၊
ချွေး တလှပ်လှပ်။

ဒီမြေကို
ချစ်လို့ ပဲ
တို့ တတွေ
အသိုက်ပျက်ဖူးတယ်၊
အသိုက်မဲ့ဆဲပဲ။

ဒီမြေက
ရွှေမြေ။

ဒီမြေအတွက်
တို့ များရဲ့
မျက်ရည်ပူတွေ
မစဲသေးခင်…
တို့ များရဲ့
ကျေးဇူးရှင်
တောင်သူတွေ
အိုးမဲ့၊ အိမ်မဲ့
ယာမဲ့၊ လယ်မဲ့
အတိဒုက္ခဝေရအောင်
နဂါးနီကြီး အဆိပ်သင့်ခဲ့။

ဒီမြေကို
ချစ်လွန်းတဲ့ သက်သေ
ဘူဒိုဇာကြီးရှေ့  ပစ်လဲ
မရဏကျည်ရှေ့  နစ်လဲ
လဲလျောင်းရဲခဲ့ကြ။
ခုကြည့်
မိုးခေါင်တဲ့ကြား
သဘာဝ နေ၊
ပရိဒေဝ နေ၊
အတ၊္တ လောဘ နေ၊
နေ ၃ စင်း လောင်မြိုက်
တို့ တောင်သူတွေ ဒုက္ခ
သေသော်မှတည့်
သြော်..ကောင်း၏။

တောင်သူတွေရဲ့
သွေးကြွေး၊
အသက်ကြွေး
တို့ တတွေရဲ့
မျက်ရည်ကြားက
ထပ်ဆပ်ကြရဦးမယ်။

ဒီမြေရှင်တောင်သူတွေကို
မေတ္တာ ဖလှယ်၊
တို့ ချစ်တဲ့ ဒီမြေအတွက်
သစ္စာတည်၊
ဒီ စစ်မိစ္ဆာကောင်တွေကို
သွေးကြွေးပြန်ဆပ်ကြ။  ။

ကျော်ဟုန်း
( တိုက်ပွဲဝင် လက်ပံတောင်းတောင် တောင်သူများနှင့် ဒေါ်ခင်ဝင်းသွေးမြေကျခြင်း ၀မ်းနည်းသဝဏ်လွှာ)
၁၂၊၂၁၊၂၀၁၄။