စာရေးဆရာထင်လင်းဦး ကို အာဏာပိုင်များက ဖမ်းပြီ


  စာရေးဆရာထင်လင်းဦး ကို အာဏာပိုင်များက ဖမ်းပြီ
(Yangon Globe News, Facebook) ဒီဇင်ဘာ ၁၇၊ ၂၀၁၄

အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် (NLD) အဖွဲ့ဝင်ဖြစ်သူ စာရေးဆရာ ကိုထင်လင်ဦးကို သာသနာညိုးနွမ်းစေမှုနဲ. စစ်ကိုင်းတိုင်း ဒေသကြီး၊ ချောင်းဦးမြို့နယ်တရားရုံးက အာမခံပယ်ချက်လိုက်ပြီးနောက် သူ့ကိုချောင်းဦးမြို့နယ်ရဲစခန်းမှာ ယနေ့မနက်မှာပဲ ဖမ်းဆီးချုပ်နှောင်လိုက်ပြီဖြစ်ပါတယ်။ 

ကိုထင်လင်ဦးဟာ လွန်ခဲ့တဲ့အောက်တိုဘာလက ချောင်းဦးမြို.နယ်မှာ ပြုလုပ်တဲ့စာပေဟောပြောပွဲမှာ သံဃာတော်တွေကိုပုတ်ခတ်တဲ့ စကားတွေပြောဆိုခဲ့ကြောင်း ဒေသခံသံဃာတော်အချို.ကစွပ်စွဲထားပြီး မြို.နယ်သာသနာရေးဦးစီးဌာနကလဲ ဘာသာသာသနာညိုးနွမ်းစေမှုနဲ. အမှုဖွင့်လို့ ယနေ့မှာ ပထမဆုံးအကြိမ်ရုံးချိန်းသွားရောက်ပြီးနောက် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။


ဓာတ်ပုံ-Kyaw Moe Hlaing (Facebook)