သစ်ကောင်းအိမ် - နွေဦးကန်တာရိုဇာ …

သစ်ကောင်းအိမ် - နွေဦးကန်တာရိုဇာ …
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၄



ငါစိတ်တွေ
ဆိတ်ငြိမ်သွားအောင်
ညလုံးကျွတ်
လင်းပေးနေတဲ့အမှောင်တွေကို
ငါကျေးဇူးတင်မိ၊

စစ်ကို
စစ်ကြည့်မိတယ်
စစ်ရဲ့သားတွေ အလိုမရှိ…..

ချစ်သားတွေကို အလိုမရှိ
အချစ်သားတွေသာ အလိုရှိ…..

ပစ္စုပ္ပန်ကို
အမုန်းနဲ့ မလိမ်းကျံချင်ဘူး…
ဇာတ်ကတော့
နင်သေးလည်းမအေးမယ့်ဇာတ်

ငါကတော့ဖြင့်
ကဗျာစပ်နေသူကြီး။ ။


(နွေဦးကန်တာရိုဇာ= အိပ်မက်တခုထဲတွင် ဆရာဇော်ဇော်အောင်၏ ဇာတ်ကောင် ပီတာဇော်မြင့်သည် ကော်ဖီဆိုင်ဖွင့်လှစ်၍ ရောင်းချနေ လေရာ ထိုဆိုင်တွင် ကျနော်မှာယူသောက်သုံးမိသော ကော်ဖီတခွက်၏ အမျိုးအစားနာမည်မျှ…)

(၂၀။ ဒီဇင်ဘာ။ ၂၀၁၄)

photo - Aung Htet