ရန်နောင်(ဗိုလ်တထောင်) - မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုချီးမြှင့်ပွဲ အကြို Jaguar ၏ Alive Gala Night ကျင်းပ

ရန်နောင်(ဗိုလ်တထောင်) -  မြန်မာ့ရုပ်ရှင်အကယ်ဒမီ ဆုချီးမြှင့်ပွဲ အကြို Jaguar ၏ Alive Gala Night ကျင်းပ
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄


    မြန်မာ့ရုပ်ရှင် အကယ်ဒမီဆုပေးပွဲ အကြို ဆန်ကာတင်စာရင်းတွင်ပါဝင်သော သရုပ်ဆောင်များနှင့် Jaguar ၏ Alive Gala Night ကို ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ ဗြိတိသျှသံအမတ်ကြီးနေအိမ်တော်တွင် ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၂၁) ရက် ညနေ (၆) နာရီ တွင်ကျင်းပပြုလုပ်ခဲ့သည်။

    မြင့်မားသောနည်းပညာ၊ ထိပ်တန်းလုပ်ဆောင်မှု ၊ပြိုင်ဘက်ကင်း ဒီဇိုင်းနှင့် DNA တို့ကြောင့် Jaguar စက်ပစ္စည်းများမှာ ထင်ခြားထူးရှားပြီး ပင်ကိုယ်စရိုက်ရှိကာ သက်ဝင်လှုပ်ရှားနေခြင်း ဖြစ်ကြောင်း Jaguar မှ တာဝန်ရှိသူမှ ပြောပြခဲ့သည်။စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဂုဏ်ယူစရာပြည့်နှက်နေတဲ့ ဗြိတိန်အငွေ့အသက်နှင့်  Jaguar အမှတ်တံဆိပ်သည် မြန်မာ့ကားလောကဈေးကွက်ထဲသို့ ၂၀၁၄ခုနှစ် ၊ဇွန်လမှ စတင် ဝင်ရောက်လာခြင်းဖြစ်သည်။၎င်းတို့၏ နိုင်ငံတကာ Alive campaign , ရုပ်ရှင်လောကနှင့် အဆက်အသွယ်များ ၊မြန်မာ့ရုပ်ရှင်လုပ်ငန်း အစည်းအရုံးနှင့် မိတ်ဖွဲ့ထားမှုတို့ကြောင့် Jaguar သည် ၎င်းတို့၏ အမှတ်တံဆိပ် သက်ဝင်လှုပ်ရှားနေကြောင်း မြန်မာပရိတ်သတ်များအားပိုမို သိရှိနိုင်စေရန် ရည်ရွယ်သည်။


    မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီး H.E Andrew Partick နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းတို့မှလည်း မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာ (၂၇) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အကြောင်း ကိုလည်း ထည့်သွင်းရျင်းလင်းပြောကြားသွားသည်။မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲသည် ၁၉၅၂ ခုနှစ်မှစတင်ကာ ထူးချွန်ပြောင်မြောက်သည့် ရုပ်ရှင်များကို ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ယခုနှစ်တွင် ဆန်ကာတင်စာရင်းဝင် ခြောက်ကားရှိသည်ကိုလည်း ဥက္ကဋ္ဌ မှပြောကြားခဲ့သည်။

    Alive Gala Night တွင် မြန်မာနိုင်ငံအတွင်း ဝယ်ယူရရှိနိုင်ပြီဖြစ်သည့် Jaguar ၏ လက်ရှိ မော်ဒယ်နှစ်မျိုးဖြစ်သည့် XJ နှင့် XF တို့ကို ပြသထားပြီး တစီးလျှင် မြန်မာငွေ သိန်းနှစ်ထောင်ကျော်ဖြင့် ရောင်းချမည်ဖြစ်သည်။ အဆိုပါကားနှစ်စီးစလုံးတွင် မြင်သူတကာ အံ့သြမှင်သက်လောက်စေမည့် ဇိမ်ခံပစ္စည်းများ၊ အတွင်းခန်းပြင်ဆင်ထားမှုများနှင့် အကောင်းမွန်ဆုံး အရည်အသွေး ၊ထိပ်တန်းနည်းပညာများ၊အဆင့်မြင့် အင်ဂျင်နီယာပညာရပ်များနှင့် XJ ကားတစီးလုံးအား အလူမီနီယံဖြင့် တည်ဆောက်ထားကာ XF ကားကိုမူ ၂.၂ လီတာဒီဇယ်အင်ဂျင်ဖြင့် ဖွဲ့စည်းထားသည်။



Capital Auotomotive လီမိတက်သည် ကုမဏီပေါင်းများစွာဖြင့် လည်ပတ်ဆောင်ရွက်နေသော Capital Diamond Star အုပ်စု၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့်အပြင် Jaguar နှင့် Land Rover ကားများကို မြန်မာနိုင်ငံအတွင်း ပထမဆုံးမူပိုင်တင်သွင်းရောင်းချခွင့်ရရှိထားခြင်းဖြစ်သည်။