Edo Vader - လူသားပင့်ကူ သို့မဟုတ် မင်းန်စပိုင်ဒါ

Edo Vader - လူသားပင့်ကူ သို့မဟုတ် မင်းန်စပိုင်ဒါ
အောက်တိုဘာ ၂၁၊ ၂ဝ၁၄

ကိုရီးယားရောက် မြန်မာကာတွန်းဆရာ Edo Vader  က ဇာတ်ကောင် အသစ် ထွင်ထားသည်။
ကမ္ဘာကျော် စပိုင်ဒါမင်းန်ကို ပြောင်းပြန်လှန်ထားသော ရေးဆွဲချက်နှင့် ပတ်သက်ပြီး ကာတွန်းဆရာက ...

ဗားမားဖြစ် MAN-SPIDER လေ၊ မိုက်လား။
လူကိုက်တာ ခံလိုက်ရပြီး အဆဲမျိုးစုံ၊ အထက်ဖားအောက်ဖိ၊ ကိုယ်နဲ့မတူ ရန်သူ၊ ငါသာလျှင်ဆြာကြီး၊ ကျန်တဲ့သူ သောက်ပေါ စတဲ့ .. လူတွေရဲ့ အစွမ်းတွေ အကုန်ရသွားတဲ့ ပင့်ကူလေးအကြောင်းလေ
ဟု သူ၏ ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။