ခိုင်မာကျော်ဇော - ရူးမနေကြနဲ့ 


ခိုင်မာကျော်ဇော - ရူးမနေကြနဲ့ 
(သူ့ဖေ့စ်ဘွတ်) အောက်တိုဘာ ၂၇၊ ၂၀၁၄

အိပ်ချင်ယောင်ဆောင်သူတွေကို
လက်တို့ ပြီး နှိုးနေကြတယ်
ရူးပါ့၊

မာယာများတဲ့ မြစ်ကို
လက်ပစ်ကူးနေကြတယ်
ရူးပါ့၊

သော့ခတ်ထားတဲ့ တံခါးကို
အဆက်မပြတ် ခေါက်နေကြတယ်
ရူးပါ့၊

ဆီသည်မ လက်သုတ်ကို
ခ၀ါသည်လုပ် ဖွတ်နေကြတယ်
ရူးပါ့၊

ရူးမနေကြနဲ့ ဟေ့
ကျားဆိုးနဲ့ ကျားထိုးရင်
အရိုးတခြား အသားတခြားဖြစ်သွားမယ်။
(အောက်တိုဘာ၊ ၂၆၊ ၂၀၁၄)

Photo credit - http://galleryhip.com/dictatorship.html