ပျောက်ဆုံးနေသည့် အလွတ်သတင်းထောက် ကိုပါကြီး တပ်မတော် စစ်စခန်းတွင် သေဆုံးဟု သတင်းများ ထွက်

  ပျောက်ဆုံးနေသည့် အလွတ်သတင်းထောက် ကိုပါကြီး တပ်မတော်စစ်စခန်းတွင် သေဆုံးဟု သတင်းများ ထွက်
မိုးမခအထောက်တော်၊ အောက်တိုဘာ ၂၄၊ ၂၀၁၄

စက်တင်ဘာ ၂၉ ရက်နေ့က အလွတ်သတင်းထောက်နှင့် သုံးရောင်ခြယ် လူငယ်အဖွဲ့ဝင်တဦးဖြစ်ခဲ့သူ ကိုပါကြီးသည် မြန်မာစစ်တပ်နှင့်ဒီကေဘီအေ တပ်တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲသတင်းကို ရယူပြီးအပြန် ကျိုက်မရောမြို့ နယ် ရန်မျိုးအောင်ရပ်ကွက် စက်လမ်းဝတွင် နယ်ထိန်းရဲ၏ ဖမ်းဆီးမှုကိုခံရပြီး မြို့ မရဲစခန်းမှတဆင့် ခမရ (၂၀၈) တပ်သို့ လွှဲပြောင်းပေးလိုက်ရာမှ ပျောက်ဆုံးနေခဲ့ရာ ယမန်နေ့က ဖမ်းဆီးထားသည့် မြန်မာစစ်တပ်စခန်းမှာ သေဆုံးခဲ့ပြီဟု သတင်းများ ထွက်ပေါ်လာသည်။ အဆိုပါသတင်းကို ကျိုက်မရောမြို့နယ် လုံခြုံရေးအာဏာပိုင်တွေက ပြောသည်ဟု မော်လမြိုင်မှ လာသည့် သတင်းထောက်တဦးက ဆိုသည်။

ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေစဉ်အတွင်း ကိုပါကြီး အလွတ်သတင်းထောက်ဟုတ်မဟုတ်ကို မည်သည့်သတင်းဌာနကမှ အတည်ပြု ခြင်း၊ ထုတ်ပြန်ခြင်း မရှိခဲ့ကြဟုလည်း သိရသည်။ သို့သော်လည်း တရားဥပဒေဘောင်အတွင်းမှာ နေထိုင် လုပ်ကိုင်နေသူ နိုင်ငံသားတဦးကို ဖမ်းဆီးပြီး ဥပဒေမဲ့ ရိုက်နှက်စစ်ဆေးခဲ့တာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်ဖြစ်သည်ဟု သတင်းသမားတဦးက ၎င်း၏ သဘောထားကို ပြောကြားသည်။ 

(ဓာတ်ပုံ - ဖေ့စ်ဘွတ် အင်တာနက်မှ ကူးယူသည်)