ဇာဂနာ - လူငယ်တွေနိုင်ငံရေးကို စိတ်ဝင်စားသတဲ့လား


ဇာဂနာ - လူငယ်တွေနိုင်ငံရေးကို စိတ်ဝင်စားသတဲ့လား
(တူမောရိုးဂျာနယ်ကနေ ကူးယူဖော်ပြပါတယ်)
စက်တင်ဘာ ၁၉ ၊ ၂၀၁၄

၂၀၁၂ ခုနှစ်ရဲ့သည်ဘက်မှာ လူငယ်တွေနိုင်ငံရေးတော်တော်ပြောဖြစ်လာကြပါတယ်။ နိုင်ငံရေးထဲကို လူငယ်တွေတော်တော်များများပါဝင်လာကြပါတယ်။ သည်အချက်ကို ကျွန်တော် အသိအမှတ်ပြုကြောင်း လေးစားကြောင်းအရင်ဆုံးပြောပါရစေ။ တစ်ခါတစ်လေမှာ လူငယ်တွေပီပီ မခံချင်စိတ်၊ အသိအမှတ်ပြုခံချင်စိတ်၊ ဟီး၇ိုး စိတ်တွေ ၀င်ဝင်လာတတ်လို့ မလိုလားအပ်တဲ့ပြသနာတွေ တက်တက်လာတာတွေလဲ တွေ့ရပါတယ်။ ဒါဟာ နှစ်နှစ်တာ ပဲရှိပါသေးတယ်။ဘာမှ မကြာသေးပါဖူး။

တစ်ချို့ လူငယ်တွေက ညဖက်မှာ Escapeရောက်မယ် G6 ရောက်မယ်။ဒါဟာ လူငယ် အနည်းစုလို့ ဆိုပေမဲ့ သတိပြု၇မဲ့ လူငယ်အမျိုးအစားထဲမှာ ပါပါတယ်။၂၀၁၂ခုနှစ်ရဲ့ သည်မှာဖက် အသစ်ပေါ်လာတဲ့လူငယ် လူတန်းစား အလွှာတစ်ခုပါ။သူတို့ဟာ  နိုင်ငံခြားမှာပညာသင်လာတဲ့၊ဒါမှ မဟုတ် ပြည်တွင်းက အင်္ဂလိပ်လို သင်တဲ့ကျောင်းတွေက အောင်လာတဲ့၊လုပ်ငန်းခွင်မှာတစ်လ ဆယ်သိန်းလောက် လစာရှိနေတဲ့ အသက်၂၅ နှစ်အောက်လူငယ်တွေပါ။

သူတို့ ကိုမေ့ ထားရင် မြန်မာ့နိုင်ငံရေး ရဲ့ရုပ်ပုံလွှာဟာ အသက်ဝင်လာမှာမဟုတ် ပါဖူး။ ဘွဲ့ ဝတ်ရုံနဲ ဆိုက်ကားနင်းပြပြ၊သမ္ဘန် ခတ်ပြပြ၊ဒါဟာ ပြသနာ မဟုတ်ပါဖူး။ တစ်ချို့ ကလဲ ဘွဲ့ ဝတ်ရုံကိုတန်ဖိုးမထားဖူး လို့ တိုက်ခိုက်ကြပါတယ်။ ကျွန်တော် တို့ ကိုမမွေးခင်ကထည်းက အိန္ဒိယနိုင်ငံက ဘွဲ့ ရ အလုပ်လက်မဲ့ ပြသနာ တွေကို  မီးမောင်းထိုးပြတဲ့ ရုပ်ရှင်ဇာတ်ကား တွေအရမ်းအောင်မြင်ခဲ့ဖူးပါတယ်။

၁၉၅၅ခုနှစ် တုန်းက မင်းသားဒါရိုက်တာရဂ်ျကပူးရ် ရဲ့  ရှရီ ၄၂၀ ဆိုတဲ့ဇာတ်ကားဆို မြန်မာပြည်မှာ ညွန့် ဝင်းနဲ့ တောင်ပြန်ရိုက်ပါသေးရဲ့။ အာဝါဒါး ဆိုတဲ့ ဇာတ်ကားကိုလဲကျော်ဟိန်းနဲ့ မြန်မာပြည်မှာ ပြန်ရိုက်ဖူးပါတယ်။ အဓိကပြသနာကတော့ ဘွဲ့ ရ အလုပ်လက်မဲ့ပြသနာပါပဲ။အဲဒီ ဘောလီးဝုဒ် ရုပ်ရှင်တွေမှာ ဘွဲ့ ရပြီးအလုပ်လိုက်ရှာတာ ဘယ်မှာမှ မရလို့  ဘွဲ့ လက်မှတ်ကို အပေါင်ဆိုင်မှာ သွားပေါင်တာကနေ စတော့တာပါပဲ။ စက္ကူစုတ်ကိုအပေါင်မခံ နိုင်ဖူး လို့  ပြန်ပြောတော့ ပြသနာ
တက်တာပေါ့။ 

ဒါဟာ စက္ကူစုတ် မဟုတ်ဖူး။လူ့ ဘ၀ တဲ့ ။ဒိစာရွက်တစ်ရွက်ရဖို့  ငါ့အဖေကအိမ် တစ်လုံးရာင်းပေးရ တယ်။ငါ က ၁၅ နှစ်လုံးလုံး အချိန် တွေ ပေးခဲ့ရတယ်။ဒါ စက္ကူစုတ်မဟုတ်ဖူး ဆိုပြီးပြောတဲ့လူကို ဆွဲထိုးလိုက်တော့တယ်။ သည့် နောက်မှာတော့ ကောင်းကောင်းလုပ်စားရင် လူတွေ အထင်မကြီးဖူး လိမ်စားမှ ရမယ် ဆိုပြီး  သူဟာ လူလိမ် လုပ်ပါတော့တယ်။ မြန်မာပြည်မှာလဲ ဆိုက်ကားနင်းနေသူက  ကျွန်တော် ဘွဲ့ ရပြီးသားပါလို့ ပြန်ဖြေတဲ့အခန်းမျိုးတွေ ခနခန ရုပ်ရှင်တွေမှာ တွေ့ရပါတယ်။ ဒါဟာအဆန်းတကြယ် မဟုတ်ပါဖူး။ ဒီကနေ့ ခေတ် ဖေ့စ်ဘွတ်ခ် ပေါ်လာတော့ ထင်ရာရေးနေကြဆိုတဲ့ စ၇ိုက်အတိုင်း တော်ရမ်းမယ်ဖွဲ့ တွေ ရေးကြတာ သဘာဝ လို့ ပဲ မှတ်ယူထားပေမဲ့ လူငယ်လေးတွေအတွက် ပူပန်မိနေပါတယ်။

အရှေ့ တောင်အာရှမှာ အလုပ်လုပ်နိုင်စွမ်းတဲ့ (အသက် ၁၅နှစ်ကနေ အသက် ၅၀ ကြားရှိတဲ့) မြန်မာလူမျိုးအရေအတွက်ဟာအများဆုံးဖြစ်နေပါတယ်။ဒါကိုPopulation  Bonus လို့ ခေါ်ပါတယ်။လူဦးရေဆုလာဘ် လို့ ဆိုပါတော့။ ကိန်းဂဏန်းကမသေး ပါဖူး။၁၅သန်း နီးပါးရှိပါတယ်။ခုအခါမှာသန်းခေါင်စာရင်းလို့ ခေါ်ခေါ်လူဦးရေ စာရင်းလို့ အမည်ပေးပေး ရှေ့ ပြေးစာရင်းတော့ထွက်လာပါပြီ။သည်အခါမှာ  ကျွန်တော် တို့အရင်ကထင်ထားခဲ့သလို သန်းခြောက်ဆယ် မဟုတ်ပဲ ၅၂သန်းနီးပါး ရှိနေတာကို သတိပြုစရာ ဖြစ်လာပါတယ်။

တကယ်လို့  မူလ ခန့်မှန်း သန်း ခြောက်ဆယ်မှန်ခဲ့ရင် လိုနေတာ ရှစ်သန်းဖြစ်ပါ့မယ်။ စာရင်းကောက်ခံလို့ မရတာ တစ်သန်းနှစ်သိန်းကျော်လို့ ဆိုရင် လိုနေတာခြောက်သန်း ရှစ်သိန်းဖြစ်သွားပါပြီ။(ဒါဟာ သန်း ၆၀ခန့်မှန်းအပေါ်ကနေ ပဲ စဉ်းစားတာပါ)။ဒါဆို သည် ခြောက်သန်းရှစ်သိန်းဟာ တခြားနိုင်ငံတေါဆီ ရောက်ကုန်သလား။အလုပ်လုပ် နိုင်စွမ်းတဲ့ ဆုလာဘ် ရထားတဲ့ ကျွန်တော် တို့မြန်မာလူမျိုး (တိုင်းရင်းသားတွေအားလုံး ပါပါတယ်) ခုနှစ်သန်း နီးပါးရဲ့  အဖိုးတန် လုပ်အားတွေဟာ သူများနိုင်ငံတွေအတွက် ဖြစ်ကုန်ပြီလား ဆိုတာကို သေသေချာချာ စေ့ငု ဖို့ ကောင်းပါတယ်။

ကျွန်တော် တို့ နိုင်ငံ နဲ့ ရေပြင်ညီတစ်တန်းတည်းဖြစ်နေတဲ့ ထိုင်း။လာအို၊ကမ္ဘောဒီးယား၊ဗီယက်နမ် တို့ ထက် သာလွန်နေတဲ့ ဒီ လူဦးေ၇ ဆုလာဘ် ကို ကျွန်တော် တို့ နေရာမှားပြီး အသုံးချနေပြီလားဆိုတာ ကိုဆန်းစစ်ဖို့ လိုပါပြီ။ သေချာတာတစ်ခုကတော့ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်ဘ၀ လူတန်းစေ့နေနိုင်လောက်တဲ့ ၀င်ငွေရသော အလုပ် သာရှိနေရင် ဘယ်သူကမှ တိုင်းပြည်ပြင်ပ ထွက် အလုပ်လုပ်ချင်ကြမှာ မဟုတ်ပါဖူး။ 

သည်တော့ စောစောက ကျွန်တော် တင်ပြခဲ့တဲ့ Escape လို  G6 လို နေရာတွေမှာ လာရောက် စားသောက်အပန်းဖြေနေတဲ့ လူငယ်တွေ နဲ့  စားပွဲထိုးနေတဲ့ လူငယ်တွေအတူတူပါပဲ။အသက်ချင်းတူတယ်၊ဘွဲ့ ရတာချင်းလဲ တူတယ်။မတူတာက စားပွဲထိုးလေးတွေက အစိုးရကျောင်း က ဘွဲ့ ရလာတာဖြစ်ပြီး လာရောက်သုံးဆောင်သူတွေကတော့အပြင်ကျောင်း(တနည်း)အင်တာနေရှင်နယ်  ကျောင်းတွေက ဘွဲ့ ရထားသူတွေပါပဲ။ 

ဒါဆို သည်နေရာမှာ ဇယားချကြည့်ရင် အစိုးရ ဟာ သူ့ ကျောင်းက ထွက်လာတဲ့ လူငယ်လေးတွေအတွက် တာဝန်ပျက်ကွက်နေတာသွားတွေ့ ရပါ့မယ်။အခြား တစ်ဖက်က ဆင်ခြင်ကြည့်လိုက်ရင် ဒီလို စား ဒီလိုသောက် ဒီလိုနေချင်ကြသလား အင်တာနေရှင်နယ် ကျောင်း ကိုသွား လို့ ပြော၇တော့မှာပေါ့။ဒါဟာကောင်းတဲ့ လက္ခဏာ မဟုတ်ပါဖူး။လူတန်းစားထိပ်တိုက်တိုးလာနိုင်တဲ့ပြသနာပါ။သည်တော့
ကျွန်တော် တို့ တိုင်းပြည် ရဲ့ အနာဂတ် ဆိုတာအတွက် ကျွန်တော် တို့ ဝန်းဝိုင်းအဖြေ ရှာဖို့ ကောင်းပါပြီ။

ကျွန်တော် တို့မြန်မာလူမျိုးဟာ မရောင်ရာဆိလူးတတ်တဲ့ဝါသနာ ရှိနေတာကိုပြင်ဖို့ လဲလိုပါတယ်။တိုင်းပြည်မှာ ဒီလူငယ် တွေ ရဲ့ အရေးဟာထိပ်တန်း ဦးစားပေးဖြစ်သင့်တဲ့အချိန်မျိုးမှာမှ ခေါင်းလောင်းက တစ်မျိုး၊ ပီ အာ ကတစ်ဖုံ၊ မေမြတ်နိုး ကတသွယ် နဲ့ တော်တော် ပွေလီလှပါတယ်။တိုက်တိုက်ဆိုင်ဆိုင် နန်းတော်ရှေ့ ဆရာတင် ရဲ့ သူဌေးဝါဒသီချင်းကိုလဲ သတိရမိပါရဲ့။
(တို့ ဗမာ စီးပွားဥစ္စာ ကျောင်းကန်ဘုရား နဲ့ ဇရပ်တွေ အကုန်တည်)
ဆိုတဲ့စာသားလိုပါပဲ။ကျွန်တော် တို့ မြန်မာလူမျိုးတွေ ဟာ ဘုရားတည်  ကျောင်းဆောက်တဲ့ ကိစ္စမှာ တော်တော် သ ဒ္ဓါကြပါတယ်။
(ပစ္စည်းဥစ္စာ ယခုတိုးပွားတဲ့ လူမျိုးခြားနဲ့ စံမနှိုင်းပါနဲ့ အမှန်အတိုင်းဆိုချင်တယ်။ သိန်းသန်းကုဋေမရေနိုင် တို့ ပိုင်ဥစ္စာကြွယ် စစ်ကိုင်းအနောက်ဖက်တောင်ပေါ်ဝယ် တို့ ပစ္စည်းတွေ တွေ့ နိုင်တယ်)
ဆိုတဲ့  သီချင်းစာသားတွေ က ကျွန်တော် တို့  ကိုပုတ်နှိုးနေသလိုပါပဲ။ဘုရားတွေ မြန်မာပြည်မှာ အပုံကြီးပါ။ ဒါပေမဲ့ ပိုက်ဆံတွေ သိန်းပေါင်းသေားင် နဲ့ ချီချီ ပြီး ဘုရားတွေကို ထပ်လို့ ထပ်လို့ တည် တည် နေကြတာ အားလုံးအမြင်ပါ။

တိုင်းပြည်တိုးတက်မှု ရဲ့ ရေသောက်မြစ်ဖြစ်တဲ့ပညာရေး ကို မြေတောင်မြှောက်ပေးဖို့ ၊ ဒီအတွက် လှူဒါန်းပေးဖို့  ဘာလို့ များ မေ့ နေ ကြပါလိမ့်။တရုတ်ပြည်က ဘေဖန်လီ ဆိုတဲ့ အနှေးယာဉ် လုပ်သားတစ်ယောက်ဟာ ကလေးတွေ စာသင်ကြားစေဖို့  သူ့  အသက် ၇၀ ကနေ ၉၄နှစ်ထိ ရျာဖွေ ၇သမျှ ပိုက်ဆံတွေကို ကျောင်း ရဲ့ ဂေါပကတွေဆီ အပ်နှံနိုင်ခဲ့ပါတယ်။

နှစ်ဆယ်ရာစုမြေခွေးရုပ်ရှင်ကုမ၌ဏိပိုင်ရှင်စကော့ ဟာ  သူ့ စည်းစိမ် တွေကို ရောင်းချပြီး ကမ္ဘောဒီယားကလေးငယ်တွေရဲ့ ပညာရေးအတွက် အသုံးချခဲ့ပါတယ်။ကျွန်တော် တို့ ဆီမှာတော့ ခေါင်းလောင်းဆယ်ဖို့ ဒေါ်လာဆယ်သန်း လှူမဲ့ လူ လဲ ရှိနေပြန်ပါတယ်။မနက်တိုင်းလမ်းထဲဝင်လာတဲ့ ကားပေါ်က အသံ ကြားနေရဆဲပါ။

“ဘုရားအမ ကျောင်းအမ တို့ ၊ဘုရားကြီးပြီးဖို့ သိန်း သုံးဆယ် သာ လိုတော့တာမို့ ဘုရားဒကာ ကျောင်းဒကာဖြစ်အောင် လှူလိုက်ကြပါဦး။ ဟောဟိုဖက်က ဘုရားအမ ကြီးက အလှူတော် ငွေ နှစ်ထောင် တဲ့။”

ဇာဂနာ
( Tomorrow သတင်းဂျာနယ်အမှတ်(၂၉)ပါ ဆောင်းပါး )