ပြည်သူ့ခေတ် မှ ပြည်သူ့အရေး သို့ ပြောင်းပြီ


ပြည်သူ့ခေတ် မှ ပြည်သူ့အရေး သို့ ပြောင်းပြီ
မိုးမခဓာတ်ပုံသတင်း၊ စက်တင်ဘာ ၁၈၊ ၂၀၁၄

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲကာလတွင် စတင်ထုတ်ဝေခဲ့သည့် ပြည်သူ့ခေတ် နိုင်ငံရေးဂျာနယ်သည် ယခု ၄ နှစ်အကြာတွင် ထုတ်ဝေရေးဆိုင်ရာ အခက်အခဲများကြောင့် အမည်ပြောင်း ထုတ်ဝေမည်ဟု ဆိုင်းမပါ ဗုံမဆင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

မူလ ပြည်သူ့ခေတ်အမည်မှ ယခု ပြည်သူ့အရေး အမည်သို့ ပြောင်းလဲထုတ်ဝေရာတွင် လက်ရှိမူလ အယ်ဒီတာများအတိုင်း ဆက်လက် စီမံထုတ်ဝေသွားမည်ဟု ဆိုသည်။ လက်ရှိအယ်ဒီတာများမှာ ဖေမြင့်၊ မော်လင်း၊ မျိုးညွန့်၊ ကိုရဲ၊ ၀င်းချို၊ နှင့် ဆရာအာသာတို့ဖြစ်သည်။ မူလထုတ်ဝေသူနှင့် အတိုင်ပင်ခံအယ်ဒီတာဖြစ်သူ ဆရာမောင်ဝံသမှာ ၂၀၀၃ သြဂုတ် ၁၁ က ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း မှတ်ချက်ပြု ရေးသားထားသည်။