ဆိုင်စံ (သမီး စိုင်းထီးဆိုင်) ၏ တကိုယ်တော် အခွေ

ဆိုင်စံ (သမီး စိုင်းထီးဆိုင်) ၏ တကိုယ်တော် အခွေ
မိုးမခ၊ သြဂုတ် ၁၈၊ ၂၀၁၄


    စိုင်းထီးဆိုင် ၏ သမီးလတ် နန်းစံဟွမ်၊ အနုပညာ အမည် ဆိုင်စံ တကိုယ်တော် တေးစု ထွက်ရှိနိုင်ပါပြီ။  ဖခင်ဖြစ်သူ စိုင်းထီးဆိုင် ရေး သီချင်းများ၊ ဖခင် ၏ ဂီတရောင်းရင်း မိတ်ဆွေ အရင်းများဖြစ်သည့် ဆလိုင်းဆွန်ကျဲအို (ကွယ်လွန်)၊ စိုင်းခမ်းသီ (ကွယ်လွန်) နှင့် ဂျေမောင်မောင် တို့၏ တေးလက်ရာများကို စုစည်း သီဆိုထားပြီး “အဆုံးအဖြတ်” ဟု တေးစု နာမည် တင် ထားကြောင်း တွေ့ရသည်။  စိုင်းထီးဆိုင် ဂီတ ချစ်သူ မိုးမခ စာဖတ်ပရိသတ်များ ဝယ်ယူနားဆင် အားပေးနိုင်ရန် သတင်းကောင်းပါးလိုက်ပါသည်။

    ဗမာ့ ကိုယ်ပိုင် သံစဉ် စတီရီယို ဂီတ ကို ရှေးဦး ဦးဆောင်ကာ ဂီတရသ အာဟာရ များ ဖြည့်စွက်ပေးခဲ့သူ ဂီတပညာရှင် စိုင်းထီးဆိုင် ၏ မျိုးဆက်သစ် အနေဖြင့် ဖခင် ၏ ခြေရာကောင်း နင်းကာ ဂီတပါရမီ အမွေကို ဆက်ခံနိုင်ခဲ့သူ၊ ကိုယ်တိုင် ရေး ကိုယ်ပိုင် သီချင်းများလည်း ရှိသူ ဆိုင်စံ အနေဖြင့် အနာဂတ် မှာ တကိုယ်တော် တေးစုများ အများအပြား ဆက်လက် ထုတ်နိုင်ကာ ဂီတကြယ်တပွင့် အဖြစ် အောင်မြင်မှု ရရှိစေကြောင်းလည်း မိုးမခ က ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

    ယခု ဆိုင်စံ တကိုယ်တော် အခွေ ထွက်ရှိလာသည့် အထိမ်းအမှတ် အဖြစ် သူ ၏ အသံ၊ ဆိုဟန် ကို မိုးမခ ပရိသတ်များ မြည်းစမ်း သိနိုင်ရန် ကေကေတီ ၏ “လိုက်ခဲ့တော့ (Live Concert, 2010)” တွင် ဆိုင်စံ ဝင်ရောက် သီဆိုခဲ့သည့် ဖခင်ဖြစ်သူ စိုင်းထီးဆိုင် ရေး သီချင်း နှစ်ပုဒ် ရုပ်သံ ကိုလည်း တပါတည်း တက်ဆက်လိုက်ပါသည်။

    ဤ  ရုပ်သံ ကို အခကြေးငွေ ဖြင့် ပြန်လည် ဖြန့်ဝေခြင်း မပြုရန် အလေးအနက် သတိပေးပါသည်။  ကြိုက်နှစ်သက်ပါက မူရင်း တရားဝင် VCD ကို ဈေးကွက်တွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။  ဝယ်ယူနားဆင် ခံစား အားပေး ကြည့်ရှုရန်လည်း အလေးအနက် တိုက်တွန်းပါသည်။

♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪

♬ ♪ ♩ ♭ ♫ ∮…

တွယ်တာမှုတွေ.. ဖုံးလွှမ်းနေတဲ့.. မင်း.. မျ က်လုံးရဲ့.. အကြည့်ကို..
ပီတိလေးတွေ.. တစိမ့်စိမ့်.. ဖြာကာ.. ရင်ခုန်သံ.. ကြား.. ခံစား.. မိတယ်..
ကမ္ဘာ.. မြေပြင်ရဲ့.. အမြင့်ဆုံး.. တနေရာ.. ရောက်ရ.. သလိုပဲ..

ကြင်နာမှုတွေ.. အပြည့်အဝပါတဲ့.. မင်း.. နှုတ်ခမ်း.. က.. စကား.. ကို..
သံသယ.. ကင်းစွာ.. တသိမ့်သိမ့်.. ရင်မှာ.. နားဝင်.. ချိုအေး.. ပြန်ကြား.. မိတယ်..
အသာယာဆုံး.. အချစ်.. ကဗျာ.. ကြောဝယ်..
နစ်မျော.. သလိုပဲ..

အို.. အို.. အဖိုးထိုက်တန်.. လှတဲ့.. အချစ်ရဲ့.. လက်ဆောင်..
ထာဝရ.. ရက်ရက်ရောရော.. ပေးခဲ့ပြီးမှ..
တုံ့ပြန်နှင်းမယ့်.. ကိုယ့်.. မေတ္တာ..
ဘာကြောင့်.. များ.. လျစ်လျူရှု.. လို့.. ထားခဲ့ရက်လဲ..
တကယ်ဆို.. မင်းထက်မပိုရင်.. တောင်မှ.. မလျော့.. တဲ့..
ကိုယ့်.. အချစ်ပါ..
တုံ့ပြန်ဖို့.. မလိုဘူးလား..
♫ ♪ ♫ ♪…

တုံ့ပြန်ဖို့မလိုဘူးလား သံစဉ်/စာသား - စိုင်းထီးဆိုင် ၊ တေးဆို - ဆိုင်စံ Live (၂၀၁၀)
YouTube Music Video (1) URL: http://youtu.be/Svqj7HnBv4o
♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪

♬ ♪ ♩ ♭ ♫ ∮…

လေထဲမှာ.. လွင့်မျောတဲ့.. စိတ္တဇ.. အလွမ်း.. ရယ်..
သစ်ရွက်.. ကြွေတွေလိုပဲ.. ပြေးကစားတယ်..
အတိတ်က.. အဖြစ်တွေ.. တရိပ်ရိပ်.. ပေါ်လာတုန်းဝယ်..
မြင်နိုင်သလို.. တခါ.. တခါ.. မပီပြင်.. မှုန်ဝါးတယ်..

အချိန်တွေ.. ကုန်ခဲလို့.. အသည်း.. ကျွမ်း.. လု.. ပြီကွယ်..
နွေကန္တာ.. ခရီးထဲ.. နွမ်းလျ.. လှပါတယ်..

ရင်ခုန်သံကြားမှာ.. ခေါ်သံလေလား.. ကွယ်..
နိုးတဝက်.. အိပ်မက်မှာ.. သံသရာ.. မဆုံးတော့..
မောင်.. တယောက်တည်း (ထဲ)..
အတွေး.. ကမ္ဘာမှာ.. တဝဲဝဲ.. လည်..

ခဏလေးသာ.. ထင်ရတဲ့.. ချစ်ရက်ထဲမှာ..
လွမ်းရက်က.. တစ်ရာ.. နှစ်ရာ.. လည်း.. မကတော့ပါ..
စိတ္တဇ.. အလွ မ်းရယ်.. ယနေ့.. ထက်တိုင်.. ဖိစီးတယ်..
မျှော်ပြန်သလို.. တခါ.. တခါ.. မကုန်တဲ့.. မျှော်လင့်ချက်..

အချိန်တွေ.. ကုန်ခဲလို့.. အသည်း.. ကျွမ်း.. လု.. ပြီကွယ်..
နွေကန္တာ.. ခရီးထဲ.. နွမ်းလျ.. လှပါတယ်..

ရင်ခုန်သံကြားမှာ.. ခေါ်သံလေလား.. ကွယ်..
နိုးတဝက်.. အိပ်မက်မှာ.. သံသရာ.. မဆုံးတော့..
မောင်.. တယောက်တည်း (ထဲ)..
အတွေး.. ကမ္ဘာမှာ.. တဝဲဝဲ.. လည်..

♫ ♪ ♫ ♪…

စိတ္တဇအလွမ်း ရေး - စိုင်းထီးဆိုင် ၊ ဆို - ဆိုင်စံ Live (၂၀၁၀)
YouTube Music Video (2) URL: http://youtu.be/dhwtksWYan4

 ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪

Album Photo Credit: Thanks to Ko Myo Khon Koh @ The Wild Ones သဘာဝရဲ့ရင်သွေးငယ်များ Facebook Page.