မင်းညွန့်လှိုင် - မေ သ တဲ့ ငှ က်


 မင်းညွန့်လှိုင် - မေ သ တဲ့ ငှ က်
သြဂုတ် ၂၂၊ ၂၀၁၄

သူ့ရဲ့တောက်ပလွန်းမှုက
သူ့ကို
အကြွေစောခဲ့စေတာလား ။

ကြွေပြီးသည့်တိုင်အရောင်မမှိန်
တို့များနှလုံးအိမ်ထဲ
အသိုက်ဖွဲ့ဆဲသီချင်းငှက် ။

ဤငှက်အား
မည်သည့်အသံနှင့်မျှအစားမထိုးစေရ
ငှက်ချစ်သူများနိုင်ငံတော်က
အတိအလင်းပြဌာန်းထားခဲ့ပြီ ။          ။

Photo Credit - deviantART: More Like Grow with ethics by MrHoof