မောင်စိုးချိန် - လူဖြစ်ပြီ

မောင်စိုးချိန် - လူဖြစ်ပြီ
စက်တင်ဘာ ၁၊ ၂၀၁၄

 


တင်းကြိတ်
ဖိနှိပ်လွန်း
မိစ္ဆာ
မညှာတမ်းပေး
မွေး
ကြောက်သွေး ကြောက်စိတ်။

ကြောက်စိတ်
ဟိတ်ကြီး ဟန်ကြီး
ဆရာကြီး ဖြစ်လာ
သူညွှန်ရာ
အရာရာ လည်စင်း
လူဖျင်း
ညံ့ဖျင်းလွန်းတယ်။

ကြောက်စိတ်
မှောင်ပိတ်တွင်းထဲ
အကျဉ်းကျ
သိက္ခာမလှ
ယုတ်စွ
မခန့်ထည်ဘူး။

ကြောက်စိတ်
ဂိတ်ဆုံး
အနိမ့်ဆုံး
နောက်ဆုံး
အောက်ဆုံးရောက်
လမ်းပျောက်
ဖောက်မထွက်
ရှင်လျက်သေနေ။

ကြောက်စိတ်
အံကြိတ် တွန်းဆင့်
ဖွင့်သူ
လူ ဖြစ်ပြီ။

သြဂုတ် ၁၃၊ ၂၀၁၄။