ကျော်သူ - ချမ်းသာအောင် လုပ်ကြသူများ


 
ကျော်သူ - ချမ်းသာအောင် လုပ်ကြသူများ
သြဂုတ် ၂၊ ၂၀၁၄

    “ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် … ချမ်းသာအောင်လုပ်ကြ” ဟူသော ဆောင်ပုဒ်ကိုလက်ကိုင်ပြုနေ သော ပုဏ္ဍားဘကွန်း ဝတ္ထုကြီးအား ရေးသားခဲ့သူ အဘဆရာကြီး မင်းသိင်္ခ၏ သားတပည့် ဆရာ ဇင်ယော် နီ၊ အဘ၏ တပည့်ပရိသတ်များနှင့် အဘဆရာကြီး မင်းသိင်္ခ၏ တပည့်တစ်ဦးဖြစ်သူ ကျော်သူတို့ ယနေ့ မထင်မှတ်ဘဲ ဆုံဆည်းခဲ့ရပြန်သည်။


    ယနေ့ သြဂုတ် (၁) ရက်နေ့သည် အဘဒေါက်တာ မင်းသိင်္ခ ဤမြေကမ္ဘာမှ ပြန်လည်ထွက်ခွာခြင်း (၆) နှစ် တင်းတင်း ပြည့်မြောက်သည့် နေ့ရက်ဖြစ်ပေသည်။ ယင်းနေ့ရက်တွင် ဆရာကြီး၏ တပည့်ဖြစ်သူ ဆရာ ဇင်ယော်နီနှင့် အဘ၏ တပည့်ပရိသတ်များ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအား ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် ရေဝေးသုဿန်ရှိ အဘဆရာကြီး မင်းသိင်္ခ၏ ဂူဗိမ္မာန်အား သွားရောက်၍ ကန်တော့ မေတ္တာပို့သခြင်းနှင့် ဆရာသခင်အား ဂါရဝပြု ကန်တော့ပန်းဆင်ခဲ့ကာ ဆရာကြီး၏ အနုပညာတပည့် တစ် ဦးဖြစ်သူ ဦးကျော်သူ ရှိရာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်တွေ့ဆုံ လေ့လာခဲ့ကြသည်။ ဆရာဇင်ယော်နီသည်လည်း အဘဆရာကြီး မင်းသိင်္ခ၏ “ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်လုပ်” ဟူသော သြဝါဒစကားအတိုင်း ဖြစ်အောင်လုပ်ခဲ့သည့် ဆရာကြီး၏ အနီးကပ်လူယုံ သားတပည့်တစ်ဦး ဖြစ်သည်။ ဦး ကျော်သူသည်လည်း အနုပညာလောကတွင် ဆရာကြီးသည် “ကျော်သူ” ဟူသော အမည်နာမဖြင့် အများ ပြည်သူပရိသတ်တို့၏ နှလုံးသားအား ဆွဲကိုင်နိုင်ခဲ့ပြီး ဆရာကြီးရေးသားခဲ့သော ပုဏ္ဍားဘကွန်း ဝတ္ထုအပြင် ဆရာကြီး၏ ဝတ္ထုပေါင်းမြောက်များစွာအား သရုပ်ဆောင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သူတစ်ဦး ဖြစ်သည့် အပြင် အနုပညာလောကမှ ရပ်ဆိုင်းခြင်း ခံခဲ့ရစဉ်ကလည်း “ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်လုပ်” ဟူသော ဆရာကြီး မင်းသိင်္ခ၏ ဆောင်ပုဒ်အတိုင်း ပရဟိတအကျိုးကို ယနေ့တိုင် ပေးဆပ်နေသူတစ်ဦးလည်း ဖြစ် သည်။

    ဆရာဇင်ယော်နီနှင့် ဦးကျော်သူတို့သည် အဘဆရာကြီး မင်းသိင်္ခ ကမ္ဘာမြေပြင်မှ ထွက်ခွာသွား သော နေ့ရက်မှစ၍ ယနေ့အချိန်အထိ ပြင်ပတွင် ပြန်လည်တွေ့ဆုံခဲ့ခြင်း မရှိခဲ့ကြ။ တစ်ဦးနှင့်တစ်ဦး စိတ် ခြင်းသာ မေတ္တာပွားများ ဆက်သွယ်မှုရှိနေကြသည်။ ယနေ့တွေ့ဆုံချိန်တွင် တစ်ဦးနှင့်တစ်ဦး ဝမ်းသာအား ရ တွေ့ဆုံဂါရဝပြုကြပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်းစဉ်များဖြစ်သော နာရေး၊ ကျန်း မာရေး၊ ပညာရေးကဏ္ဍများအား လိုက်လံလေ့လာမှုများ ပြုလုပ်ခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားခန်းမဆောင်၌ မေတ္တာပို့ ဆုတောင်းကန်တော့ခဲ့ကြသည်။ ထို့နောက် ဦးကျော်သူနှင့် အမှတ်တရ ဘဘ ဦးသုခ ရုပ်တုရှေ့တွင် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပြီး ဦးကျော်သူအား စိန်ရတုအမှတ်တရ ထုတ် ဝေသည့် ဆရာကြီး မင်းသိင်္ခ၏ “ရတနာသိုက်” စာအုပ်များနှင့် မနောမယ ဂီတဉ္ဇလီ ပူဇော်တေး CD ချပ် များအား အမှတ်တရ လက်ဆောင်ပေးခဲ့ပါသည်။


    ယနေ့ဆုံတွေ့ခဲ့သော ထိုသူတို့နှစ်ယောက်နှင့် သူတို့နှစ်ယောက်၏ တပည့် သားသမီးများ အားလုံး တို့သည် လူ့ကျင့်ဝတ်ကို စောင့်ထိန်းကြသူများ၊ ပရဟိတစိတ်ဓါတ် မွေးဖွားနေသူများ၊ ဗြဟ္မစိုရ်တရားအား လက်ကိုင်ပြု နေကြသူများ ဖြစ်ကြသည့်အတွက် “ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် … ချမ်းသာအောင်လုပ် ကြသူများ” ဖြစ်ကြသည်။ လူ့လောကကြီးအတွင်း ကျင်လည်ကျက်စားနေကြသော လူသားများ၏ အား နည်းသော လူ့ကျင့်ဝတ် လူ့ဂုဏ်သိက္ခာ၊ ချို့ယွင်းနေသော သီလငါးပါး၊ ပျက်ပြယ်လုဖြစ်နေကြသော ဒါနနှင့် ဆင်းရဲနေသော ဘာဝနာတရားများအား မိမိတို့ နိုင်သည့်ဘက်မှနေ၍ အတတ်နိုင်ဆုံး ကူညီဖေးမ ဖြည့် ဆည်းပေးနေကြသူများ ဖြစ်သည့်အတွက် “ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ် … ချမ်းသာအောင်လုပ်ကြ” ဟူ သော စကားအရ ချမ်းသာအောင် ဆောင်ရွက်ပေးဆပ်နေကြသော သူများဟူ၍ တင်စားလိုက်ရပါသည်။