မင်းညွန့်လှိုင် - ပ န်း ရံ ဆ ရာ


မင်းညွန့်လှိုင် - ပ န်း ရံ ဆ ရာ
ဇူလိုင် ၂၉ ၊ ၂၀၁၄

ပထမဆုံးအုတ်တစ်လွှားကို
ငုတ်တုတ်ထိုင် ငုံ့စီရ
တစ်လွှားပြီးတစ်လွှားတက်တက်လာတော့
ငုံ့ရာကမော့ ထိုင်ရာကရပ်
ရပ်ရာကနေငြမ်းပေါ်တက်
တိုက်တာအသစ်စက်စက်ကြီး
ငေါက်တောက်ပန်းထွက်လာစေဖို့ ။

နေလုံးလည်းခြေကုန်လက်ပမ်းကျခဲ့ပြီ
နေ့စားခ ငွေစက္ကူနွမ်းနွမ်းကို
နွမ်းလျညနေနဲ့အတူ
လွယ်အိတ်ဟောင်းထဲထိုးထည့်ခဲ့တယ်လေ
သမရိုးကျဆင်းရဲခြင်းတကျွိကျွိနဲ
တဲအိမ်ယိုင်ယိုင်လေးထဲငုံ့ဝင်ဖို့ ။        ။

Photo Credit - evil-voodoo-twin.deviantart.com