ဗမာကြီး - တပ်မတော်ကြီးလဲချီလာပါပြီ


တပ်မတော်ကြီးလဲချီလာပါပြီ
ဗမာကြီး
ဇူလိုင် ၁၆၊ ၂၀၁၄
 
 
လက်ရှိအနေအထား အတိုင်းဆက်သွားပြီး ရွေးကောက်ပွဲလုပ်ရင် ဒိုင်မညစ်လို့ကတော့ NLD နိုင်မှာဘဲလို့ ကျွန်တော်ပြောရဲပါတယ်၊ ဘာမှ နိုင်ငံရေး တတ်ဖို့ မလိုပါ၊ ပြည်သူ့ ဆန္ဒဟာ ဘာမှ မှားစရာမရှိပါ၊ ဒါပေမဲ့ ခက်တာက ဒိုင်က အသေအချာ ညစ်ဖို့ ကြံစည်နေတယ် ဆိုတာပါဘဲ၊

ကျွန်တော်တို့မှာ မတရားရေးဆွဲ အတည်ပြုထားတယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ ကြီးကလဲရှိနေတယ်၊ ဒီအခြေခံ ဥပဒေအတိုင်း ငြိမ်ပြီး ဆက် လက်ချီတက်ဖို့ ကလဲ ကျွန်တော် တို့ မှာ ဖွတ်သထက် ညစ်ဖြစ်နေကြပါတယ်၊ ဒါဆိုရင် အကောင်းဆုံးက ဘာလုပ်ကြမလဲ၊ ကျွန်တော် ဟာ သုခမိန်ကြီးမဟုတ်လို့ ဘာလုပ်ကြပါလို့ အကြံမပေးနိုင်ပါ၊ သို့သော်လဲ တပ်မတော် ကြီးချီလာမဲ့ အရေးကိုတော့ ကြောက် လွန်းလို့ သတိပေးပါရစေ၊

ကျွန်တော်တို့ခေါင်းပူသလို တပ်ချုပ်အဟောင်းကြီးကလဲ ခေါင်းပူနေမှာ သေချာပါတယ်၊ ပြည်သူ တွေ ဘက်က ဘာတွေ မှားမလဲ လို့ သူစောင့်ကြည့်နေမှာ အသေအချာပါ၊ ပြည်သူ တွေ ဘက်က နဲနဲလွန်လာတာနဲ့ လက်ရှိ ဗိုလ်ချုပ်မှုးကြီး ကို တိုင်းပြည်ကို ကယ်တင် ခိုင်း ရတော့မှာပေါ့ဗျာ၊ ကျွန်တော်တို့ ဗိုလ်ချုပ် ဟာ မနေ့တနေ့ကဘဲ ယိုးဒယားက ဆရာတွေနဲ့ စကားတွေ နှီးနှောပြောခဲ့ပြီ၊ နည်းတွေ ကသူက ပေးလိုက် ကိုယ်က ပေးလိုက်ပေါ့ဗျာ၊ အခု ယိုးဒယားတွေ ပြလိုက်တဲ့နည်း က တိုင်းပြည်ဆူနေလို့ ခေတ္တထိမ်းပေးတာပေါ့နော်၊ သူတို့ ၂ ရက် စောင့်ပါ တယ်၊ နိုင်ငံရေးသမားတွေ မညီညွတ် နိုင်လို့ သူတို့ အာဏာ သိမ်းရပါတယ် ပေါ့ဗျာ၊

မြန်မာပြည်ကြီး ကို အဓိဂရုဏ်း တွေ ဖန်တီးပြီး ဆူပူအောင် လုပ်နေတာ အကြိမ်ကြိမ် ဖြစ်နေပါပြီ၊ စစ်တပ်က အခြေအနေကို တည်ငြိမ်အောင် ၀င်ပြီးထိမ်းရပါတယ်တိုပြီး လုပ်ဖို့ က တဲတဲလေးဘဲ ကျန်ပါတော့တယ်၊ ဒါက ကျွန်တော်တို့နဲ့ မဆိုင်ဘူးလို့ပြောလို့ ရပါတယ်၊ သူ့ဖါသာ ဖန်တီးပြီး သူ့ဖါသာ လုပ်တဲ့ကိစ္စ က ကျွန်တော်တို့ ဘာမှ ၀င်ပါလို့လဲ မရ၊ ပါလဲ မပါထိုက်ပါ၊ အကွက်တွေ ကရိုးရှင်းလွန်းတော့ ဒီ မသမာသူ တွေ ရဲ့ လှည့်ကွက်မှာ ပြည်သူတွေ ကကြားက မပါမိကြ ဘို့ ပါဘဲ၊

ဒီဖွဲ့သည်းပုံ ပြင်ဆင်ရေ.ကိစ္စ၊ မတရားတဲ့ သည်ဖွဲ့စည်းပုံ ဥပဒေ ကို ပြည်သူတွေ အဘယ်မျှ မလိုချင်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟောပြော ပွဲကို တက်ရောက်လာတဲ့ လူထု ကြီးကို ကြည့်ရင်သိနိုင်ပါတယ်၊ ဦးသန်းစိန်လဲသိမှာပါ၊ သူက သမတ လုပ်နေတဲ့သူဘဲ၊ ပြည်သူတွေရဲ့ ဆန္ဒ အစစ်အမှန်ကိုသိဘို့ ကသူ့ အလုပ်ဘဲလေ၊ ခက်တာက ကျွန်တော်တို့ သမတ ကြီးမှာလဲ ဘာမှ လုပ်ပိုင့်ခွင့် ကရှိတာမဟုတ်တာ လူတိုင်းသိနေတာဘဲလေ၊

ပြည်သူကလဲ ဖွဲ့စည်းပုံကြီးကို ပြင်ဘို့ တခဲနက် ပြောနေကြပြီ၊ ဦးသန်းစိန်၊ ဦးရွှေမန်းတို့ကလဲ အထက်ကဆရာကြီးက စီမံ မပေးဘဲနဲ့ ဘာမှလုပ်မပေးနိုင်၊ ဒီတော့ပြည်သူတွေ ကဘာ ဆက်လုပ်ကြမှာလဲ၊ ဂဂ မျိုးဆက်တွေ ဟာ ထက်မြက်တဲ့ လူငယ်တွေပါ၊ သူတို့မှာ ကျွန်တော် တို့ မမြင်နိုင်တဲ့ ထိုးထွင်းဥာဏ်နဲ့ လုပ်နိုင် တာလေးတွေရှိမယ်၊ ဒါပေမဲ့ စစ်တပ်ကို အခွင့်အရေး သွားမပေးမိ ဘို့ ဘဲ ကျွန်တော်ပြောချင်တာပါ၊ တထွာတမိုက် သောကျွန်တော့် ဥာဏ်လေးနဲ့ ပြောရရင် စစ်တပ် ဟာ ဘယ်သူတွေ ဘာလုပ်လုပ် မလုပ်လုပ် အာဏာကတော့ သိမ်းမှာဘဲ၊ သူတို့မှာ ထွက်ပေါက်က ဒီတပေါက်ဘဲရှိပါတော့တယ်၊ သူတို့ ရဲ့ တပ်အုပ်ချုပ်ပုံ နဲ့ သူတို့ စဉ်းစား နိုင်တာ ကတော့ တပ်ချုပ်အဟောင်းကြီး ကခေါ်ပြီး လုပ်တော့ကွာလို့ အမိန့်ပေး ရင် ပေးတဲ့ အမိန့် အတိုင်း လုပ်ဖို့ပါဘဲ၊

သူတို့ဖွဲ့စည်းပုံ ကစစ်တပ်ဟာ သူတို့ လုပ်သင့်တယ်ထင်ရင် နိုင်ငံတော်အာဏာ ကို သိမ်းယူ ပိုင်ခွင့်ရှိတယ်တဲ့ဗျာ၊ ဘယ်နိုင်ငံ ရဲ့ ဖွဲ့စည်းပုံ ဥပဒေမှာ ဒီလိုမျိုး ပါဘူးပါသလဲ၊ နိုင်ငံတော် သမတ ကြီး က ကာကွယ်ရေးဦးစီးချုပ်ကို ကြောက်နေရတဲ့ ဖွဲ့စည်းပုံဟာ ကျွန်တော်တို့ နိုင်ငံမှာဘဲ ရှိမယ်ထင်ပါတယ်၊

ဒေါ်အောင်ဆန်းစုကြည် ကဒါတွေကို မျက်နှာချင်းဆိုင် တွေ့ပြီး ဆွေးနွေးဖြေရှင်းဘို့ ဖိတ်ခေါ် တယ်၊ ဦးသိန်းစိန် ရယ် ဦးရွှေမန်းရယ်၊ ဗိုလ်ချုပ်မှုးကြီးရယ်၊ တိုင်းရင်းသားတွေရယ် တွေ့ဆုံကြ ဘို့ပေါ့၊ ကျွန်တော့် အမြင်ပြောရရင် သူရယ် ဦးသန်းရွှေ ရယ် တွေ့မှ ပြီးမယ့်ကိစ္စပါ၊ မဟုတ်ရင် လဲ ဗိုလ်ချုပ်မှုးကြီး ကအမိန့်ပေးမှ ပြီးမဲ့ ကိစ္စပါ၊

ပြည်သူတွေ လမ်းပေါ်ထွက်လာပြီး လစ်ဗျားလို၊ အီဂျစ်လို၊ ယူကရိန်းလို ဖိလိပိုင်မှာလို စစ်တပ် က ပြည်သူ့ဖက်က ပါလာပြီး အာဏာရှင်တွေ ပြုတ်မှာဘဲ လို့မျှော်လင့်ရင် မှားပါ လိမ့်မယ်၊ မြန်မာပြည် စစ်တပ်ဟာ ပြည်သူတွေ ဘယ်နှစ်ယောက်ဘဲ ပစ်ရပစ်ရ ပစ်မဲ့စစ်တပ် ဖြစ်ပါတယ်၊ ဖြစ်ဖူးပေါင်းများပါပြီး ပြည်သူတွေ တခဲနက် တောင်းဆိုလာကြပြီတိုရင် သူတို့ ကပစ်ခတ် နှိုမ်နင်း ပြီး သူတို့ လုပ်ချင်ရာလုပ်ခွင့် ရသွားကြမှာပါဘဲ၊ ဒါကြောင့် ကျွန်တော်တို့ ဘက်က ဘာဘဲလုပ်လုပ် စစ်တပ်ကြီး ထွက်လာဘို့ အခွင့်အရေး ရသွားအောင် မလုပ်မိဘို့ ကြိုတင် တွေးဆထားကြဘို့ တောင်းပန်ပါရစေ၊

ဒီနည်းနဲ့ စစ်ဗိုလ်တွေဘဲ သူဌေးသူကြွယ်တွေဖြစ်ပြီး တိုင်းပြည်က တော့ နစ်သထက်နစ် ဖြစ် လာခဲ့ပါတယ်၊ နောင်လာနောက်သားလူငယ်တွေ အတွက် သမိုင်းမှာ ကျန်ခဲ့ မှာတွေကတော့ ညစ်နည်း ညာနည်းတွေဘဲ ပေါ့ဗျာ၊ ခေါင်ကမိုးမလုံတော့ နေရာအဆင့်ဆင့် က၀န်ထမ်းတွေ ဟာ ပြည်သူကို နှိပ်စက်၊ ရှိတဲ့ရပိုင်ခွင့် ကလေးနဲ့ ငွေညှစ်၊ အသိပညာရျင် အတတ်ပညာတွေ မှာ တိုင်းပြည်အတွက် ဘာမှ လုပ်ခွင့်မရ၊ အာဏာပိုင်တွေကတော့ ဥပဒေ အထက်က လုပ်ချင် ရာလုပ်၊ ယူချင်ရာတွေယူ ချမ်းသာ သည်ထက်ချမ်းသာ ပေါ့ဗျာ၊

ကျွန်တော်တောင်းပန်ချင်တာကတော့ တိုင်းပြည်ကြီးလဲ နစ်နာလှပါပြီ၊ ယူချင်တာတွေလဲယူပြီး ကြပါပြီ၊ ပြည်သူတွေရဲ့ ဆန္ဒဆိုတာကိုလဲ ထည့်ပြီး စဉ်းစားကြစေလိုပါတယ်၊ ၁၉ဂဂ တုံးကလဲ တခါ ဒီမိုကရေစီကို ပေးရမယ်ဆိုပြီး အလိမ်အညာတွေနဲ့ဘဲ အဆုံးသတ်၊ အခုတခါလဲ ပြည်သူ တွေကို ညာမြဲဆက်ညာနေကြဦးမယ်ဆိုရင် တိုင်းပြည်ကြီး ဟာကောင်းလာစရာမရှိပါ၊

ဒီစစ်တပ်ဟာ  တိုင်းပြည်လူထု လိုလားချက်ကို ဘယ်တုံးကမှ လိုက်လျောခဲ့သည်မရှိပါ၊ အခုဟာ ဒီမိုကရေစီနည်းနဲ့ ချီတက်မယ်လို့ ကလဲကျေညာ ခဲ့ပြီးပြီ၊ ပြည်သူတွေကလဲ မျှော်လင့် နေကြပြီ၊ ကမ္ဘာကြီးတခုလုံးကလဲမျှော်လင့်နေကြတယ်၊ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ စံနစ်ကိုဘဲ မလိမ်မညာဘဲ ဖေါ်ဆောင် ပေးသင့်ကြောင်းပါ၊