ဆောင်းလူ - မြို့ပျက် (၂)


Photo: အရင်က ..မြို့ပျက်ဆိုပြီး ကဗျာတပုဒ်ရေးခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ဒီကဗျာကို မြို့ပျက် (၂) လို့ ပေးလိုက်တာပါ။ ပထမ မြို့ပျက်လင့်ပါ http://saungluu.blogspot.com/2014/03/poem.html#more

မြို့ပျက် (၂) 
ဆောင်းလူ
ဇူလိုင် ၃၀၊ ၂၀၁၄
=======

သစ္စာတွေ
မေတ္တာတွေ ပျောက်ပျက်နေတဲ့ မြို့ ...။ 

ဒီမြို့ ...
နှလုံးသား ဗလာ
ခံစားချက်ပါ တစိမ့်စိမ့် ဆိတ်သုဉ်းလာတဲ့ မြို့ ...။ 

ဒီမြို့ ...
လူကျွံဘော ..
ပိုင်နယ်တီ...
လူစားလဲခွင့်နဲ့ ...
ကိုယ့်ဂိုးကိုယ် အသွင်းခံလိုက်ရတဲ့ မြို့ ...။ 

ဒီမြို့ ...
လိုအပ်ချက် ..လိုအပ်ချက်ဆိုပြီး ...
အခွင့်အရေးမှန်သမျှ လက်တဆုံးနှိုက်ခံနေရတဲ့ မြို့ ...။ 

ဒီမြို့ ...
လိပ်ပြာတွေ လှသလောက်
သိက္ခာတွေ ကျပြီးရင်း ကျနေရတဲ့ မြို့ ...။ 

ဒီမြို့ ...
မသမာသူတချို့ကြောင့် 
ရင်ကွဲပက်လက် ...
နှလုံးသား ဆွတ်ခူးခံလိုက်ရတဲ့ မြို့ ...။

ဒီမြို့ ...
နီယွန်မီးမှိန်မှိန်အောက်မှာ
ပေါင်ဒါမှုန့်အဖွေးသားနဲ့ လာသမျှသူကို
ပျော်တော်ဆက်ပေးနေရတဲ့ မြို့ ....။ 

ဒီမြို့ ...
တောင်တွေ ဆိတ်သုဉ်း ..
တောတွေ ပြုန်း ...
သဘာဝတွေ ... ကုန်ဆုံးနေတဲ့ မြို့ ...။ 

ဒီမြို့ ...
ဝါ တလှည့်  ... နီ တခါ
ကမ္ဘာ့ရွာမှာ ပြာယာခတ်နေရတဲ့ မြို့ ...။ 

ဒီမြို့ ...
အရင်းရှင်တွေ 
ခဏ ခဏ သတိပေး ခံခံနေရတဲ့ မြို့ ...။ 
ခဏ ခဏ မထိ တထိ အပြောခံနေရတဲ့ မြို့ ...။

ဒီမြို့ ...
ဂျန်းတဲလ်မန်း အဂရီးမန့်ခ်တွေနဲ့
ခဏ ခဏ မျက်နှာပျက်နေရတဲ့ မြို့ ...။ 

ဒီမြို့ ...
စိုးရိမ်မှုတွေအောက်မှာ
နှစ်ပေါင်းများစွာ အကျယ်ချုပ်ကျခံနေရတဲ့ မြို့ ...။ 

ဒီမြို့ ...
လှိုင်းကြီး လေထန်ပြီဆို 
အမြဲ လေခွက်ချည်းပဲ ကျန်ကျန်နေတဲ့မြို့ ...။

ဒီမြို့ ...
ထောက်ခံလိုက် ကန့်ကွက်လိုက်တဲ့ ...
မျက်နှာမွဲတွေ ပြာကြနေတဲ့ မြို့ ...။ 

ခုလည်း ဒီမြို့ ...
မနေတတ် မထိုင်တတ်မှာ
ထောက်ခံလိုက် ...ကန့်ကွက်လိုက် ...
ကန့်ကွက်လိုက် ...ထောက်ခံလိုက်နဲ့ ...

ဇူလိုင် ၃၀၊ ၂၀၁၄
12 : 01 PM

Abstract water color by  Jose Favian Sosa 
ဆောင်းလူ - မြို့ပျက် (၂)

ဇူလိုင် ၃၀၊ ၂၀၁၄

=======

သစ္စာတွေ
မေတ္တာတွေ ပျောက်ပျက်နေတဲ့ မြို့ ...။

ဒီမြို့ ...
နှလုံးသား ဗလာ
ခံစားချက်ပါ တစိမ့်စိမ့် ဆိတ်သုဉ်းလာတဲ့ မြို့ ...။

ဒီမြို့ ...
လူကျွံဘော ..
ပိုင်နယ်တီ...
လူစားလဲခွင့်နဲ့ ...
ကိုယ့်ဂိုးကိုယ် အသွင်းခံလိုက်ရတဲ့ မြို့ ...။

ဒီမြို့ ...
လိုအပ်ချက် ..လိုအပ်ချက်ဆိုပြီး ...
အခွင့်အရေးမှန်သမျှ လက်တဆုံးနှိုက်ခံနေရတဲ့ မြို့ ...။

ဒီမြို့ ...
လိပ်ပြာတွေ လှသလောက်
သိက္ခာတွေ ကျပြီးရင်း ကျနေရတဲ့ မြို့ ...။

ဒီမြို့ ...
မသမာသူတချို့ကြောင့်
ရင်ကွဲပက်လက် ...
နှလုံးသား ဆွတ်ခူးခံလိုက်ရတဲ့ မြို့ ...။

ဒီမြို့ ...
နီယွန်မီးမှိန်မှိန်အောက်မှာ
ပေါင်ဒါမှုန့်အဖွေးသားနဲ့ လာသမျှသူကို
ပျော်တော်ဆက်ပေးနေရတဲ့ မြို့ ....။

ဒီမြို့ ...
တောင်တွေ ဆိတ်သုဉ်း ..
တောတွေ ပြုန်း ...
သဘာဝတွေ ... ကုန်ဆုံးနေတဲ့ မြို့ ...။

ဒီမြို့ ...
ဝါ တလှည့် ... နီ တခါ
ကမ္ဘာ့ရွာမှာ ပြာယာခတ်နေရတဲ့ မြို့ ...။

ဒီမြို့ ...
အရင်းရှင်တွေ
ခဏ ခဏ သတိပေး ခံခံနေရတဲ့ မြို့ ...။
ခဏ ခဏ မထိ တထိ အပြောခံနေရတဲ့ မြို့ ...။

ဒီမြို့ ...
ဂျန်းတဲလ်မန်း အဂရီးမန့်ခ်တွေနဲ့
ခဏ ခဏ မျက်နှာပျက်နေရတဲ့ မြို့ ...။

ဒီမြို့ ...
စိုးရိမ်မှုတွေအောက်မှာ
နှစ်ပေါင်းများစွာ အကျယ်ချုပ်ကျခံနေရတဲ့ မြို့ ...။

ဒီမြို့ ...
လှိုင်းကြီး လေထန်ပြီဆို
အမြဲ လေခွက်ချည်းပဲ ကျန်ကျန်နေတဲ့မြို့ ...။

ဒီမြို့ ...
ထောက်ခံလိုက် ကန့်ကွက်လိုက်တဲ့ ...
မျက်နှာမွဲတွေ ပြာကြနေတဲ့ မြို့ ...။

ခုလည်း ဒီမြို့ ...
မနေတတ် မထိုင်တတ်မှာ
ထောက်ခံလိုက် ...ကန့်ကွက်လိုက် ...
ကန့်ကွက်လိုက် ...ထောက်ခံလိုက်နဲ့ ...

ဇူလိုင် ၃၀၊ ၂၀၁၄
12 : 01 PM

Abstract water color by Jose Favian Sosa