၁၈ နှစ်အောက်တွေ မဖတ်ရတဲ့ "ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ" စာအုပ် မိတ်ဆက်

၁၈ နှစ်အောက်တွေ မဖတ်ရတဲ့ "ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ" စာအုပ် မိတ်ဆက်
ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၁၉၊ ၂၀၁၄


      စာရေးဆရာ အောင်ရင်ငြိမ်း ၏ တတိယမြောက် လုံးချင်းဝတ္ထုသစ် ဖြစ်သော "ရိုမန်းဘော့ထ်တွေရဲ့ကမ္ဘာ" စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်း အောက်လမ်းရှိ ဟုမ်းမီဒီယာခန်းမတွင်  ၂၀၁၄ ခုနှစ် ဇွန်လ (၁၇ ) ရက်နေ့ နေ့လည် ၂ နာရီက ကျင်းပပြုလုပ်ခဲ့ပါသည် ။


     ရှေးဦးစွာ ကဗျာဆရာ ဆရာသစ္စာနီက စာအုပ်နှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားခဲ့ပြီး  စာရေးဆရာမ မိချမ်းဝေနှင့် ကဗျာဆရာ ငြိဏ်းဝေတို့မှ အမှတ်တရစကားများပြောကြားခဲ့ကြပါသည်။ထို့နောက် ထုတ်ဝေသူ မဇင်နှင်းမှ စာအုပ်နှင့်ပတ်သက်၍ အမှတ်တရစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စာရေးဆရာ အောင်ရင်ငြိမ်းမှ ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသူများ က စာအုပ်နှင့် ပတ်သက်၍ ဝင်ရောက်ဆွေးနွေးကာ ကဗျာဆရာများက ကဗျာများကို ရွတ်ဖတ်ကြရင်း အခမ်းအနားကိုရုတ်သိမ်းခဲ့သည် ။

   ဆရာ အောင်ရင်ငြိမ်းသည် ကဗျာတလှည့် ၊ စကားပြေတလှည့်ဖြင့် စာအုပ်များကို ထုတ်ဝေဖြန့်ချိခဲ့သည်။စာအုပ်ကို  လူငယ်တစ်ယောက်စာပေမှ ထုတ်ဝေပြီး ပင်လယ်သစ်စာပေ မှ မြန်မာတနိုင်ငံလုံးသို့ တန်ဖိုး ၂၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်သည် ။
  စာအုပ်၏ ထူးခြားမှုမှာ အသက် ၁၈ နှစ်အောက်အရွယ်များမဖတ်ရ ဟု ကန့်သတ်ချက်ဖြစ်သည် ။