စာစောင်ပို့ဆောင်ရေး

ရန်နောင် (ဗိုလ်တထောင်)
မေ ၂ဝ၊ ၂ဝ၁၄




စာဖတ်သူတွေဆီကို သတင်းတွေ မနက်တိုင်း အရောက်သွားဖို့အတွက်ဆိုရင် ဂျာနယ်၊ သတင်းစာတွေ ပို့ပေးသူများရဲ့ အခန်းကဏ္ဍလည်း အင်မတန် အရေးပါပါတယ်။

ကျွန်တော်က ကမာရွတ် ဘူတာရုံလမ်းကပါ၊ ဒီကနေဆို မိနစ် အစိတ်လောက်တော့ နင်းရတာပေါ့ဗျာ။ နေ့စဉ်နင်းနေကျဆိုတော့လည်း မောတယ်မထင်ပါဘူး လို့ ကမာရွတ်မြို့နယ်က စာစောင်ပို့သူတယောက်က ပြောပါတယ်။

စက်ဘီးနင်းနေတုန်း စာစောင်တွေ လမ်းမှာ ပြုတ်ကျမသွားဖို့  သေသေချာချာ ချည်နှောင်ရင်း
 မေးသမျှကို သူက ပြန်ဖြေပါတယ်။

ကျွန်တော်ဒီအလုပ် လုပ်လာတာ နှစ် ၂ဝ လောက်ရှိပါပြီ။ အစကတော့ နည်းနည်းပေါ့ဗျာ။ အခုတော့ စောင်ရေ ၅ဝဝ ကျော်သွားပါပြီ။

အရင်ကတော့ စိတ်ညစ်ရတယ်ဗျ ၊ ကြေးမုံ တို့၊မြန်မာ့အလင်းတို့က နောက်ကျတယ်လေ။ ဘယ်အချိန် ဘယ်ကာလ လာမယ်မှန်း မသိဆိုတော့ တော်တော်ဒုက္ခရောက်တာပေါ့။ အခုတော့ ဒီလိုကိစ္စမျိုးတွေမရှိတော့ဘူးပေါ့။
 စာစောင်တွေ စောရခဲ့လို့ ရှိရင်တော့ ပို့ရမယ့် စာစောင်တွေ စောစောပို့ပြီး နားလို့ရတာပေါ့ဗျာ။  အိမ်ကို အားလုံးပို့ပြီး ဆိုရင်တော့ နေ့လည် ၁၁ နာရီလောက်ဆိုပြန်ရောက်ပါတယ်

လို့ သူက ရှင်းပြပါတယ်။

တဝမ်းတခါးအတွက် ရိုးသားစွာဖြင့် သတင်းစာပို့ရင်းရှာဖွေနေသူ တယောက်ရဲ့ အသံကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

တခြား ကြည့်ချင်စရာများ
facebook အစ မြန်မာပြည်က အပါအဝင် မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း moemaka.blogspot.com/search/label/Photos


ထူးခြားတဲ့ အုတ်ဂူ

တခါသုံးထီး

သထုံက ရေအိုးစင်

ရန်ကုန် နဲ့ မိုးမခ

ပဲခူးက ငါးချဉ်