New York Burmese Community - ဟံသာဝတီ ဘဘဦးဝင်းတင်အား ရည်စူး၍ ရက်လည်ဆွမ်းကျွေး သင်္ကန်းကပ်လှူမည်

“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်သူ နာယကအဖွဲ့ဝင်၊ သတင်းစာဆရာကြီး
ဟံသာဝတီ ဘဘဦးဝင်းတင် အတွက် ရည်စူးပြီး
နယူးယောက်မြို့နေ ရပ်နီးရပ်ဝေးမိတ်ဆွေများ၊ ဒီမိုကရေစီအရေးအင်အားစုများ မှ ရက်လည်ဆွမ်းကပ်အမျှဝေပါမယ်။ ”
နေ့စွဲ ၊ ဧပြီလ ၂၁ ရက်၊ ၂၀၁၄

မြန်မာ့ဒီမိုကရေစီလမ်းပြ၊ သံမဏိစိတ်ဓါတ်ပိုင်ရှင် အာဇာနည်သူရဲကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်သူ
နာယကအဖွဲ့ဝင်၊ သတင်းစာဆရာကြီး ဟံသာဝတီ ဘဘဦးဝင်းတင်(အသက် ၈၄ နှစ်)သည် ဧပြီလ ၂၁ ရက် 
မနက် ၆ နာရီခွဲခန့်တွင် ကွယ်လွန်အနိစ္ဓရောက်သွားသည့်အတွက် မိသားစုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။
သို့ပါ၍ နယူးယောက်မြို့နေ ဒီမိုကရေစီအင်အားစုများမှ အာဇာနည်သူရဲကောင်း သတင်းစာဆရာကြီး
ဟံသာဝတီ  ဘဘဦးဝင်းတင်အား ရည်စူး၍ ရက်လည်ဆွမ်းကျွေး သင်္ကန်းကပ်လှူမည်ဖြစ်ပါ၍
နယူးယောက်မြို့နေ ရပ်နီးရပ်ဝေးမိတ်ဆွေများ၊ ဒီမိုကရေစီအင်အားစုမိတ်ဆွေများအား
လေးစားစွာဖြင့် ဖိတ်ကြားနှိုးဆော်အပ်ပါသည်။

နေ့ရက် ။ ။ ဧပြီလ ၂၇ ရက်(တနင်္ဂနွေနေ့)
အချိန် ။ ။ နံနက် ၁၁ နာရီ မှ နေ့လည် ၁ နာရီ အထိ
နေရာ ။ ။ "ဧချမ်းမြေ့ဓမ္မမိသားစု" ဘုန်းကြီးကျောင်း 
84-32, 2A Grand Ave, Elmhurst, NY 11373
Direction _ R,M trains (get off @ Grand Ave station)

(အောက်ပါ ပုဂ္ဂိုလ်များအား ဆက်သွယ် မေးမြန်းနိုင်ပါသည်)
မရွှေဝါ - ၃၄၇-၂၂၉-၄၃၀၉
မမေသက်ကို - ၉၁၇-၅၈၆-၁၇၂၆
ဖိုးခွါး -၉၁၇-၃၄၉-၂၁၆၉
အောင်ခန့် - ၅၁၆-၈၀၈-၁၅၁၅
နေတင်မြင့် -၃၄၇-၉၄၄-၇၃၄၁