ခင်လွန်း - တည်ရှိခြင်းအနက်

တည်ရှိခြင်းအနက်
ခင်လွန်း
ဧပြီ ၁၈၊ ၂၀၁၄



မိုးကောင်းကင်မှာ 
ငါတို့ရဲ့အရုပ်တွေကို ရေးသွားကြတယ်
မင်း၊ ငါ၊ သူ၊ သူများ…
တယောက် တလှည့်စီ ကြည့်ကြ။

အရောင်အမျိုးမျိုးသုံးလို့
အလင်းအမှောင် အထူအပါး
အနီးအဝေး ….
ဓမ္မဆရာကြီးဟာ
စုတ်ချက်တွေ ပိုင်နိုင်လွန်းလှ။

သေချာတာက
အမိအရ အသေအချာမသိလိုက်ခင်
ဒို့ပုံတွေ ပျောက်သွားပါရောလား…။ ။ 

ခင်လွန်း
နံနက် ၆း ၅၅ 
ဧပြီ ၁၈ ရက်၊ ၂၀၁၄