နယူးယောက်၊ ဘတ်ဖဲလိုးမြို့ ကိုနေဒွန်း (၅၀နှစ်) ကွယ်လွန်ကြောင်း အသိပေးခြင်း


နယူးယောက်၊ ဘတ်ဖဲလိုးမြို့ ကိုနေဒွန်း (၅၀နှစ်) ကွယ်လွန်ကြောင်း အသိပေးခြင်း
မြန်မာနိုင်ငံသားများ လူမှုကူညီပေးရေးအေဂျင်စီ (BCS)၊ ဧပြီ ၁၆၊ ၂၀၁၄
နေ့စွဲ (ဧပြီ ၁၄၊ ၂၀၁၄)၊ မြန်မာနိုင်ငံမှ ဒုက္ခသည်တဦးအဖြစ် နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် နေထိုင်သူ ကိုနေဒွန်း (ကိုအောင်ထွန်း) (၅၀နှစ်) သည် မြို့တောင်ဖက်ခြမ်းတွင် တဦးတည်းနေထိုင်ခဲ့ပြီး မတ်လ ၂၇ က နေအိမ်တွင် သေဆုံးနေကြောင်း၊ မိဘ ဆွေမျိုး အသိမိတ်ဆွေများ ဆက်သွယ်ဆောင်ရွက်မှု မရှိကြောင်း၊ သို့ဖြစ်၍ မြို့၏သက်ဆိုင်ရာဌာနက ထိန်းသိမ်းထားကြောင်း သိရှိရသည်။ ဧပြီလ ၁၁ ရက်နောက်ပိုင်းတွင် မိတ်ဆွေဖြစ်သူ ကိုအောင်ကျော်မင်းနှင့် ရွှေမင်းဝံဆရာတော်တို့က Burmese Community Services Inc သို့ ဆက်သွယ် အကူအညီတောင်းခံသဖြင့် သဂြိုလ်ရန် အသင်းက လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။ သို့ဖြစ်၍ ဧပြီ ၁၅ ၊ နေ့လည် ၁ နာရီတွင် ဘတ်ဖဲလိုးမြို့၊ Lambardo Funeral Home တွင် မီးသဂြိုလ်မည်ဖြစ်ကြောင်း ကာယကံရှင်၏ မိသားစုနှင့် မိတ်ဆွေများအား အကြောင်းကြားအပ်သည်ဟု အသင်းက ထုတ်ပြန်လိုက်ပါသည်။
ဆက်သွယ်ရန် -
Burmese Community Services INC
81 Albany St. Buffalo, New York 14213
Phone (716) 308-4338, (716) 533-7027