ဆောင်းယွန်းလ - "တချို့က"


"တချို့က"

ဆောင်းယွန်းလ၊ ဧပြီ ၂၃၊ ၂၀၁၄

တချို့က

နာမည်ဆိုးတွေနဲ့ပေါ့

ကိုယ့်အတွက်

တချို့ကို သတ်ခဲ့ကြတယ်....

တချို့က

တချိ့အတွက်

တချို့ကို သတ်ခဲ့ကြတယ်

နာမည်မကောင်းခဲ့ကြပါဘူး....

တချို့က

နာမည်ပျက်ရုံသက်သက်ပါပဲ

ကိုယ့်အတွက်

ကိုယ့်ကိုယ်ကို သတ်ခဲ့ကြတယ်....

တချို့က

တစုံတယောက်အတွက်

တစုံတယောက်ကို သတ်ခဲ့ကြတယ်

သမိုင်းမှတ်တမ်းမှတ်ရာမှာ

သူတို့အတွက်

ကဗ္မည်းတင်စရာ နေရာမရှိခဲ့ကြပါဘူး....

တချို့က

ကိုယ့်အတွက်

တစုံတယောက်ကို သတ်ခဲ့ကြတယ်

နာမည်ပျက်လူဆိုးဘွဲ့ကို ခံယူကြရင်းပေါ့..

တချို့ထဲက

တချို့ကတော့

အားလုံးအတွက်

ကိုယ့်အသက်ကို စတေးရင်း

ထောင်ဆိုတဲ့ အမှောင်ကိုရိုက်ချိုးလို့

အလင်းရောင်ကို

ဥယျာဉ်မှူး ပန်းပျိုးသလိုမျိုး ပျိုးပေးခဲ့ကြတယ်...

တချို့ထဲက

တချို့ရဲ့

ကွယ်လွန်ခြင်း တဖက်ကမ်း

ကောင်းကင်မြို့တော် လမ်းမှာ

သူတို့နာမည်တွေ

မွှေးတဲ့ပန်းတွေနဲ့အပြိုင် ဝေခဲ့ကြတယ်...

တချို့ထဲက တချို့

သူတို့...ဘယ်တော့မှ မကြွေခဲ့ကြဘူး

သူတို့....ဘယ်တော့မှ မသေခဲ့ကြဘူး...။

ဆောင်းယွန်းလ