ဧပြီ ၂၃၊ ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနား မြင်ကွင်း

 ဧပြီ ၂၃၊ ဟံသာဝတီဦးဝင်းတင်၏ ဈာပနအခမ်းအနား မြင်ကွင်း
မိုးမခဓာတ်ပုံ၊ ဟန်သစ်နိုင်၊ ဆူးအယ်လင်း၊ ဧပြီ ၂၅၊ ၂၀၁၄

ဧပြီလ ၂၃၊ ဗုဒ္ဓဟူးနေ့ခင်းက ရေဝေးသုဿန်တွင် ကွယ်လွန်သူ အတိုက်အခံခေါင်းဆောင်၊ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ရုပ်အလောင်းကို ဂူသွင်းသင်းဂြိုလ်ခဲ့ကြသည်။










အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယကကြီး ဦးဝင်းတင်နှင့် ပါတီခေါင်းဆောင်များ တက်ရောက်ပြီး ဂါရ၀ပြု နောက်ဆုံးနှုတ်ဆက်ခဲ့ကြသည်။







ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသော လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များ၊ နိုင်ငံရေးအသင်းများ၊ ပါတီများနှင့် စာနယ်ဇင်းအသီးသီးက ပုဂ္ဂိုလ်များ၊ အဖွဲ့များ စုံလင်စွာ လာရောက်ပြီး ငြိမ်းချမ်း စည်ကားသော ပြည်သူ့ဈာပနကြီးအဖြစ် ၀န်းယံဆောင်ရွက်ပေးကြသည်ကို တွေ့ရသည်။












အနယ်နယ်အရပ်ရပ်က ပြည်သူများက ပြည်သူချစ်သော ဒီမိုကရေစီခေါင်းဆောင် ဟံသာဝတီဦးဝင်းတင်၏ နောက်ဆုံးခရီး ဈာပနကို လာရောက်ပြီး နှုတ်ဆက်ဂါရ၀ပြုကြသည်။