Save the Date - June 1st, Little Theater, Serramonte Dalycity, To meet Min Ko Naing & Ko Ko Gyi

၈၈မျိုးဆက် မင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲ ဇွန် ၁ ကျင်းပမည်
မိုးမခရွာဆော်ကြီး၊ မေ ၂၊ ၂၀၁၃
လက်ခံရရှိသော ဖိတ်စာအရ အောက်ပါအတိုင်းဖော်ပြထားသည်ကို တွေ့ရသည်။ ၀ိုင်းဝန်းကြသူ စေတနာရှင်များ၊ လုပ်အားပေးများ၏ ထပ်မံဖြည့်စွက်မှုများဖြင့် လက်ကမ်းပိုစတာ ဖြန့်ချိမည်ဟု ဆိုသည်။

အချိန် 1st June, (Saturday) , 2 PM to 6 PM
နေရာ The Little Theater @ Serramonte Del Rey, 699 Serramonte Blvd., Daly City, CA, 94015
ဝင်ကြေး  အခမဲ့ ဖြစ်ပါသည်။
တွေ့ဆုံပွဲဖြစ်မြောက်ရေး ၀ိုင်းဝန်းကြသော အများပြည်သူ၏ အလှူငွေအားလုံးကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ မြန်မာပြည်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆော်ရေး လှုပ်ရှားမှုများအတွက် ဂုဏ်ပြု လှူဒါန်းမည် ဖြစ်ပါသည်။

အစီအစဉ်များ - နေ့ခင်း ၂ နာရီ မှ ၃ နာရီ - ဧည့်ပရိသတ်များကို ကြိုဆိုခြင်း ဧည့်ခံခြင်း၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် လွတ်လပ်စွာ တွေ့ဆုံနှုတ်ဆက်ခြင်း၊
ညနေ ၃ နာရီမှ ၆ နာရီ၊ တွေ့ဆုံပွဲကျင်းပခြင်း၊ မိတ်ဆက်ခြင်း၊ ဧည့်သည်တော်များက ဟောပြောခြင်း၊ ဧည့်ပရိသတ်များ၏ မေးခွန်းများ ဖြေကြားခြင်း၊ ကျေးဇူးတင်နှုတ်ဆက်ခြင်း၊ အခမ်းအနားရုပ်သိမ်းခြင်း။
(စေတနာရှင်များက ကော်ဖီ၊ လဘက်ရည်၊ မုန့်ပဲသွားရေစာများဖြင့် ဧည့်ခံမည် ဖြစ်ပါသည်)
ဆက်သွယ်ရန် - ကိုထွန်းမြတ်ဦး (ကိုပန်းသီး) (415-571-6401)၊ ကိုမိုးကျော် (650-834-0184) ၊ ကိုညီညီသန်း (510-940-3585)၊  Media - မောင်ရစ် (မိုးမခ) (415-595-1485)၊ ကိုတိုးလွင် (၄၁၅-၄၂၄-၅၈၁၁)၊ ဥက္ကလံမြို့နယ် - (ကိုအောင်ဇာနည်၊ ကိုသန်းထိုက်၊ ကိုကျော်နိုင်၊ မနွေဦး)

Comments