Shwe Tontay Sayadaw in Thai-Burmese celebrate Water Festival


ရွှေတွံတေးဆရာတော်နှင့် မြန်မာမိသားစုများထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသတွင် သင်္ကြန်ကောင်းမှုများပြု
မိုးမခဓာတ်ပုံသတင်း၊ (ဦးဇ၀နမှတဆင့်)၊ ဧပြီ ၁၈၊ ၂၀၁၃
            ရွှေတွံတေးဆရာတော်နှင့်မဟာချိုင်မိသားစုတို့ ကြီးမှုးကျင်းပသော မဟာချိုင် မဟာသင်္ကြန် ၁၂ ကြိမ်းမြောက် ၀ိပသ၁နာတရားစခန်းပွဲကို ၂၀၁၃ ဧပြီလ ၁၃ ရက်မှ ၂၁ ရက်နေ့ ထိကျင်းပပြုလုပ်ရာ နိုင်ငံသားတိုင်းရင်းသား ၂၅၀၀ ကျော်တက်ရောက်ခဲ့ကြသည်။
ဒုလ္လဘ ၁၃၆ ပါး သီလရှင် ၄၀ ပါးနှင့် ယောဂီ ၅၀၀ ကျော် စုပေါင်းသာသနာပြုကုသိုလ်ပွဲ ကျင်းပခဲ့ကြသည်။           ထိုင်းနိုင်ငံ မဟာချိုင်တွင် ရွှေတွံတေးဆရာတော်သာသနာပြုရင်း ရှင်ပြု ရဟန်းခံ ဒုလ္လဘ ၁၀၀၀ ကျော် သီလရှင် ၄၀၀ ကျော် သာသနာ့အမွေခံခဲ့ကြပြီး ယောဂီ ၅၀၀၀ ကျော် ၀ိပဿနာအားထုတ်ခဲ့ကြသည်။



             ရွှေတွံတေးဆရာတော်က ...... ” သူများနိုင်ငံမှာခက်ခက်ခဲခဲ သာသနာပြုတာတောင် ဒီလောက်သဒ္ဓါတရားအားကောင်းကြတာဆိုတော့ ကိုယ့်နိုင်ငံမှာလည်း စစ်စစ်မှန်မှန် သာသနာကိုထောက်ပံ့ကြတဲ့ အကြီးအကဲနဲ့ ပြည်သူတွေသာရှိကြရင် အရမ်းကျေနပ် စရာကောင်းအောင် သာသနာထွန်းကားမှာပဲလို ....”မိန့် ကြားခဲ့သည်။


              ထိုင်း - မြန်မာ ချစ်ကြည်ရေး ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ၁၄. . ၂၀၁၃ နေ့ မဟာသင်္ကြန်အကျနေ့ က ထိုင်းနိုင်ငံ မဟာချိုင်ရှိယာယီပတ်စပို့ ရုံးတွင်ကျင်းပရာ နိုင်ငံထာဝန်ရှိသူများ အလုပ်သမားရေးအရာရှိများ ရဲမင်းကြီးများနှင့် နိုင်ငံသားတိုင်းရင်းသားများ စုံညီတက်ရောက်ကြပြီး ရွှေတွံတေးဆရာတော်လည်းကြွရောက်ခဲ့သည်။

                ထိုင်း - မြန်မာ ဆရာတော်များက သီ ပရိတ်ရွတ် ရေစက်ချ အမျှဝေခြင်းကို ဘာသာဖြင့်ဆောင်ရွက်ကြသည်။

                   ထို့ နောက်ဆွမ်းကပ်လှူဒါန်းကြပြီး သက်ကြီးပူဇော်ပွဲ - မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုပြိုင်ပွဲနှင့် မြန်မာ့ရိုးရာသင်္ကြန်ယိမ်း အကများဖြင့် တနေ့ တာပျော်ရွှင်စွာကျာင်းပဆင်နွဲခဲ့ကြသည်။
                 ရွှေတွံတေးဆရာတော်က .... ” ကိုယ့်နိုင်ငံသားတွေအတွက် လိုအပ်တာရှိရင်ပြောပါ ဘုန်းကြီးက လိုအပ်တာတွေ့ ရင်လည်းပြောပါမယ် အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးကြပါ ...” စသဖြင့်အရာရှိများကိုမိန့် ကြားခဲ့သည်။


      ရိုးရာသင်္ကြန် နှစ်ဆန်းတရက်နေ့ က မဟာချိုင် မိသားစုများနှစ်ဆန်း ပရိတ်ပွဲကို နေရာ အနှံ့ ကျင်းပကြရာ ရွှေတွံတေးဆရာတော် နှင့်ရဟန်းတော်များကြွရောက်ခဲ့ကြသည်။

          အနရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇျယ်ပေးကြပြီးကုသိုလ်ပြုကြသည်။
 ရွှေတွံတေးဆရာတော်က....” ကိုယ့်နိုင်ငံသားတိုင်းရင်းသားတွေ ရေခြားမြေခြား နိုင်ငံခြားမှာ အနယ်ရာယ်ကင်း ဘေးရှင်းကြပါစေ ကိုယ့်နိုင်ငံကိုယ့်ဒေသကိုလည်း အနယ်ရာယ်ကင်းကင်း ဘေးကင်းကင်းနဲ့ အမြန်ဆုံးပြန်နိုင်ကြပါစေလို့ ဆုတောင်ပေးခဲ့သည်။

Comments