Photo News


တိပိဋကကျောင်းရဲ့ မြန်မာ့နှစ်သစ်ကူးတရားပွဲနဲ့ အလှူမင်္ဂလာ
ကျော်ဟုန်း           
မေ ၁၊ ၂၀၁၃



မြန်မာ့နှစ်သစ်ကူးတရားပွဲနဲ့ အလှူမင်္ဂလာပွဲကို ဆီယက်တဲလ် မြန်မာဗုဒ္ဓဘာသာအသင်း(SMBA)မှ ဧပြီ ၂၈ ၊ ၂၀၁၃နေ့ က 24625 , 104th Ave SE, Kent ,WA 98030 နေရာမှာတည်ရှိတဲ့ တိပိဋကဘုန်းတော်ကြီးကျောင်းဝန်းတွင် ကျင်းပခဲ့ကြပါတယ်။

နံနက် ၁၀ နာရီခွဲမှာ ဗုဒ္ဓဘုရားရှင်ကို ရည်စူးပြီး ဆွမ်း၊ ရေချမ်း၊ သစ်သီး၊ ပန်း၊ ဆီမီးတို့ ကို ကပ်လှူခဲ့ပြီး ပင့်သံဃာ(၅)ပါးကို ဆွမ်း၊ချိုချဉ်ခဲဘွယ်အစုံနဲ့ ဆီယက်တဲလ် မြန်မာမိသားစုများက စုပေါင်းကပ်လှူခဲ့ကြပါတယ်။ထို့ နောက်  ကြွလာကြတဲ့ဓမ္မမိတ်ဆွေများကို မြန်မာထမင်းဟင်း၊ ရှမ်းခေါက်ဆွဲများနဲ့ တည်ခင်းဧည့်ခံခဲ့ကြပါတယ်။ နေ့ လည် (၁)နာရီခွဲမှာတော့ နှစ်သစ်မင်္ဂလာတရားပွဲကို စတင်ပါတယ်။

ဒီတရားပွဲမှာ ဦးဝိသုတ(မဟာစည်-အင်္ဂလန်)၊ ဦးနန္ဒသာရ(တိပိဋက-ဆီယက်တဲလ်)၊ ဦးစက္ကိန္ဒ(သီရိမင်္ဂလာ-ပို့  လန်း)၊ ဦးသီလာစာရ +  ဦးသစ္စ(ဓမ္မဝိဟာရသာသနာ့ရိပ်သာ-ပို့ လန်း)တို့ မှ သံဃာတော်(၅)ပါးက တရားတော်များ  ချီးမြှင့်ပေးတော်မူပြီး အပူဇော်ခံပါတယ်။

ဆရာတော်ဦးဝိသုတမှ သီလတရားပေးတော်မူပြီးနောက် ပရိတ်တရားတော်ကို သံလာ(၅)ပါးမှ ရွတ်ဖတ်သရဇ္ဖျယ်ကာ အမျှပေးဝေခဲ့ပါတယ်။ ဆရာတော်ဦးသီလာစာရမှလဲ မြတ်စွာဘုရားနုစဉ်ခါက ပါရမီဖြည့်ကျင့် အလှူပေးပုံမျိုးကို သာဓကထားကာ အလှူရှင်များလှူဒါန်းကြစေလိုကြောင်း တရားဟောပါတယ်။ အလှူပြုလုပ်သူများမှာ (၃)မျိုးရှိကြောင်း၊ ကျော်ကြားလိုမှုကြောင့် ဂုဏ်တုဂုဏ်ပြိုင်လှူခြင်း၊ အလိုရမ္မက်ကြောင့် လှူခြင်း၊ အများအကျိုးကို ရှေ့ ရှုပြီး လှူခြင်း(၃)မျိုးမှာ ဗုဒ္ဓဘုရားရှင် နုစဉ်အခါဘဝများက လှူသလိုမျိုးဖြစ်သည့် အများအကျိုးကို ရှေ့ ရှုလှူခြင်းမျိုးသာ မြတ်ကြောင်းဟောပြောအမျှအတမ်းပေးဝေပါတယ်။ သည်နောက်မှာ (SMBA) ဥက္ကဌ ဦးမင်းမောင်မှ အလှူရှင်များနဲ့ ပရိသတ်များကို ကျေးဇူးတင်စကားပြောကြားပါတယ်။ တိပိဋကကျောင်း ရေရှည်တည်တံ့ရေးနဲ့  သိမ်၊ ဓမ္မာရုံဆောက်လုပ်ရေးရံပုံငွေအတွက် နိဗ္ဗာန်ဈေးရောင်းပွဲတော်ကို လာမည့် မေ ၁၁-ရက်မှာ ကျင်းပမှာဖြစ်ကြောင်းလဲလှုံ့ ဆော်ပြောကြားခဲ့ပါတယ်။ အလှူရှင်များမှ သံဃာတော်၅-ပါးကို ငွေများကပ်လှူပြီး တရားပွဲကို  ရုတ်သိမ်းခဲ့ပါ တယ်။ မလေးရှားနိုင်ငံသူ(၂)ဦးကလဲ ဘုန်းကြီးကျောင်းအတွက်အလှူငွေပါဝင်ထည့်ဝင်လှုဒါန်းခဲ့ပါတယ်။ကျောင်း   တိုက်ရဲ့ အရှေ့ မှာ ဗုဒ္ဓဆင်းတုတော်ကို ရေသပ္ပါယ်ခြင်းများလဲ ပြုလုပ် ကုသိုလ်ယူကြသူများလဲတွေ့ ရပါတယ်။

သံဃာစင်နဲ့ ဘုရားစင်နဲ့  မျက်နှာကျက်တော်များကို ဦးစီးပြင်ဆင်ပေးခဲ့တာ ကိုထိုက်ထိုက်၊ ကိုအောင်ကျော်နိုင်၊ ကိုထွန်းမြင့်နဲ့ အဖွဲ့  ဖြစ်ကြောင်းသိရပါတယ်။

ဒီအလှူပွဲမှာ ထူးခြားမှုတခုကတော့ ကိုထိုက်ထိုက်၊ မနီနီအေးတို့ ရဲ့သား မောင်ပြည့်ဖြိုးဦးကို ဖိုးသူတော်ဝတ်ပေးကာ သာသနာ့အမွေ ပေးခြင်းလဲ တွေ့ ရပါသေးတယ်။

ကြွရောက်လာကြတဲ့ ပိရိသတ်များကို ဒေါ်ညွန့် ညွန့်တင်မှ(အကြော်စုံ)၊ ဒေါ်လှမြင့်မှ (မုံ့ ဆီကြော်)၊ ကိုထိုက်ထိုက်မနီနီအေးမိသားစုမှ (ရှမ်းခေါက်ဆွဲ၊ မုံ့ လုံးရေပေါ်)၊ မအန်းမိသားစုမှ (မုံ့ လက်ဆောင်း၊ ပူတင်း) နဲ့ စုပေါင်းအလှူရှင်များမှ သစ်သီးစုံ၊ ကိတ်မုံ့ ၊ ပိန်းဥပေါင်း၊ တိုဟူးသုတ်၊ မြန်မာထမင်း၊ ဟင်းများကို တာဝန်ယူကျွေးမွေးကာ ဒါန ပြုခဲ့ကြပါတယ်။

ရေမြေခြားရောက်နေရပေမယ့်လဲ ဘာသာ၊သာသနာနဲ့ ရိုးရာစဉ်လာများစောင့်ထိမ်းတတ်ကြတဲ့ ဆီယက်တဲလ်မှမြန်မာမိသားစုများရဲ့စေတနာကို ဒီနှစ်ကူးအလှူမင်္ဂလာတရားပွဲမှာ မြင်တွေ့ ခဲ့ရတာကဖြင့် ကြည်နူးစရာပါပဲ။    ။









 







Comments