Paris Maung - Learning French (9)



ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၉ ) 
ပါရီမောင်၊ ဧပြီ ၂၄ ၊ ၂၀၁၃ (အပတ်စဉ် တက်ဆက်မည်)

Lesson 9 ( Leçon 9  )    
Les Chiffres  ဂဏန်း ရေတွက်ပုံများ ( လေ ရှိ ဖ်ရ် )  နှင့် Prépositions (ပရေပိုဇီးစီးယွန်း ) ဝိဘတ် များ

Bonne Année ( ဘွန်း နန်း နေး ) ကောင်းသော နှစ်သစ်ပါ

ဂဏန်းရေတွက်ရန်အတွက် ပြီးခဲ့သည့် သင်ခန်းစာ ၅ တွင် ရေတွက်ပုံ ၁ မှ ၁၀ ကို ပေးပြီးဖြစ်ပါသည်။ ပြန်လည်လေ့ကျင့်ပါ။
ယခု ပေးမည့်  ၁၀ မှ ၂၀ ရေတွက် ပုံတွင် ၁၁ မှ ၁၉ အထိသည် အရေးကြီးပါသည်။ ဘာလို့လဲ ဆိုတော့ ရေတွက်ပုံ  ၇၀ မှ ၇၉ ၊ ၉၀ မှ ၉၉ တို့သည် ပုံမှန် ရေတွက် ခြင်းမဟုတ်ပဲ ထူးခြား သောကြောင့် ဖြစ်ပါသည်။
ဥပမာ - ၇၀ ကိုရေတွက်ရန် ၆၀ နှင့် ၁၀ ဟူ၍၄င်း ၊  ၇၁ ကို ရေတွက်ရာမှာ  ၇၀ နှင့် ၁  ဟု မရေတွက်ပဲ   ၆၀ နှင့် ၁၁ ဟု ရေတွက်ပါသည်။ ( ၆၀ + ၁၀ ) ( ၆၀ + ၁၁ )
ထိုနည်းတူ   ၇၂ ၊ ၇၃ ၊ ၇၄ ၊ စသည်ဖြင့်  ၇၉ အထိကို  အထက်ပါအတိုင်း ၆၀ ကို သာအခြေခံပြီး ထပ် ပေါင်း သွားခြင်း သာ ဖြစ်ပါသည်။ ၈၀ ကတော့ ပုံမှန် အခေါ်အဝေါ် ပြန်ဖြစ်သွားပါသည် ။

အထက်ပါအတိုင်း  ၉၀ မှ ၉၉ အထိ ရေတွက်ရာတွင်လည်း ၈၀ ကို အခြေခံပြီး  ထပ်ပေါင်း ထည့် ပေးခြင်း သာဖြစ်သည် ။ ဥပမာ - ၉၁ ကိုရေတွက်ရာတွင်  ၈၀ + ၁၁ ဟူ၍၄င်း ၊ ၉၉ ကို  ၈၀+ ၁၉  ( ၈၀ နှင့် ၁၉ ဟု ဆိုသော်လည်း  ကြားတွင် ဘာကိုမှ ထည့်သွင်း ရွတ်ဆိုခြင်း မပြုရပါ ။
သို့ပါ၍  ၇၁ မှ ၇၉ အထိ ၊ ၉၁ မှ ၉၉ အထိရေတွက်ခြင်း မှလွဲပြီး ကျန် ရေတွက်ခြင်းများသည် ပုံ မှန် ဖြစ်ကြပါသည် ။
ဥပမာ -  ၃၁ ကို  ၃၀ နှင့် ၁ ၊     ၄၅ ကို   ၄၀ နှင့် ၅  စသဖြင့် ပုံမှန် အတိုင်းရေတွက်ပါသည် ။
၁၀ ၊ ၂၀ ၊ ၃၀ ၊ ၄၀ ၊  ၅၀ .... ၉၀ အထိ သည်လည်း  သီးခြား အခေါ်အဝေါ်ဖြင့် ပုံမှန် ခေါ်ပါသည် ။

၁၀ မှ ၂၀ ရေတွက်နည်း

http://www.youtube.com/watch?v=e4dC6XaUbyg

၇၀ မှ ၈၀ ရေတွက်နည်း

http://www.youtube.com/watch?v=vowUMBzMa24

၉၀ မှ ၁၀၀ ရေတွက်နည်း

http://www.youtube.com/watch?v=STbLKmnK5Js



Prépositions   (ပရေပိုဇီးစီးယွန်း ) ဝိဘတ် များ

Prépositions များသည် မပြောင်းလဲနိုင်သော စာလုံးများဖြစ်ကြပြီး  နာမ် ၊ နာမ်စား ၊ နာမဝိသေသန များကို ချိတ်ဆက်ပေးကြပြီး သူတို့၏ကြားတွင် အကျိုးသက်ရောက်မှု တခုကို ဖြစ်ပေါ်စေပါသည်။  စာလုံး တခုတည်းအနေနှင့်တွေ့ရသလို စာလုံး အစုအနေနှင့် လည်းတွေ့ရတတ်ပါတယ်။ Préposition သည် ကြိယာ ၏ ပြုမူဆောင်ရွက်မှုကို မပြောင်းလဲစေပဲ  ပြောလိုသော အကြောင်းအရာရဲ့ တည်နေရာ ၊ အချိန် ၊ ပြုမူဆောင်ရွက်သော နည်းလမ်း Manière  စသည်တို့ ဖြည့်စွက်ခြင်းအားဖြင့် စာကြောင်း၏ အဓိပ္ပါယ်ကို ပိုမိုပြည့်စုံစေနိုင်ပါသည်။  ပြင်သစ်စာအဆင့်မြင့်လေ့လာနေသူများအတွက် Préposition သည် Adverbe နှင့် တခါတရံ မှားတတ်ပါသည်။ မမှားအောင်ခွဲ ခြားသောနည်းမှာ ..  Prépositions စာလုံး၏နောက်မှာ အမြဲတမ်း Complémént ဟုခေါ်သည့် ဖြည့်စွက် စာကြောင်းလိုက်ပါသည်။
ုံး

Prépositions များကို ပုံစံ ၃ မျိုးဖြင့်တွေ့ရပါသည်။
1 . Des mots simples     ဥပမာ à , en, devant,de
2. Ancien participes ou adjectifs   ဥပမာ  durant, plein, excepté
3. Des locutions prépositives    ဥပမာ à cause de,  afin de ,  au-dessus de,  de façon à

အထက်ပါ ပုံစံများထဲမှ အရှင်းဆုံးပုံစံဖြစ်သော အမှတ် ၁ ကို ရှင်းပါမည်။ အချို့ ဆင်တူအဓိပ္ပါယ်များမှ ကွဲပြားစေရန် အင်္ဂလိပ်လို ထည့်သွင်းဖေါ်ပြထားပါသည်။ ယခု အောက်တွင် ပေးထားသော Prépositions များနှင့် ဖြစ်ခြင်း၊ ရှိခြင်း ပြကြိယာများ ကိုတွဲဘက်၍ လက်တွေ့ကျကျ စာကြောင်းများစွာပြုလုပ်နိုင်ပါပြီ ။ ကြိုးစားလုပ်ကြည့်ကြပါဦး ။

à   ( to, at )  အာ                    သို့၊ မှာ၊ အချိန်မှာ..
en  ( to, by ) အွန် ၊                 ဖြင့် ၊ သို့          
de  ( from,of ) ဒယ်၊               မှ ၊  ၏  ၊ ရဲ့
sur  ( on ) စရူး၊                      အပေါ်မှာ
sous   ( under )  စူး  ၊           အောက်မှာ
entre  ( between ) အောန့်ထ် ရ်၊       ၂ခုကြားမှာ
parmi  ( among ) ပါမီး၊          အများကြားမှာ
dans  ( in ) ဒေါန်း၊                  အတွင်းမှာ
devant  ( in front of ) ဒဗွန့် ၊           အရှေ့မှာ
derrière  ( behind ) ဒယ်ခ်ရီယယ်ရ်၊   အနောက်မှာ
à côté de  ( next to , beside ) အာ ကိုတေး ဒယ်၊  ဘေးမှာ
en face de   ( opposite ) အွန် ဖတ်စ်ဒယ်၊   မျက်နှာချင်းဆိုင်မှာ
hors de  ( out of ) အော ဒယ်           ၊  အပြင်ဘက် ( အကြောင်းအရာ)
à l'extérieur de  ( outside ) အာလိတ်စတေးရီးယားဒယ်၊    အပြင်မှာ
à l'intérieur de   ( inside ) အာလန်တေးရီးယားဒယ်၊          အတွင်းမှာ
vers   ( towards ) ဗဲခ်           ၊           ဆီသို့
près de  ( by ) ပရဲဒယ်၊        အနီးလေးမှာ
tout près de  ( close to ) တု ပရဲဒယ်၊  ကပ်လျက်လေးမှာ
avec (with)  အာဗက် ၊    နှင့်၊ ဖြင့်



ဥပမာ....  ကားသည် အိမ်ရှေ့တွင် ရှိသည် ၊     ဟုပြောကြည့်ရအောင်၊

La voiture est devant la maison.  (ကားသည် အိမ်ရှေ့တွင်ဖြစ်သည်၊ရှိသည် )ဟု ဖြစ်ခြင်းပြ၊ရှိခြင်းပြ ကြိယာအနေနှင့်ဆိုရပါမည်။ လာဗွာကျူး အေ ဒဗွန့်လာမေဇွန်

Les pommes sont dans le panier. ( panier =  n/m ခြင်းတောင်း )
လေ ပေါ်မ်း စွန့် ဒေါန်း လ ပါနီရေ ၊    ပန်းသီးများသည် ခြင်းထဲမှာ ( ဖြစ်ကြသည်) ရှိကြသည်။

Nous sommes devant la fenêtre . (  fenêtre = n/f ပြူတင်းပေါက်  )
နူ စွမ်းမ် ဒဗွန့် လာ ဖနက်ထ်ရ် ၊ ကျနော်တို့သည် ပြူတင်းပေါက်ရှေ့မှာ ဖြစ်ကြသည်။

Elle est derrière le rideau . ( rideau = n/m လိုက်ကာ၊ခန်းစီး  )
အယ်လ် လေ ဒယ်ရီယယ် လ ရီးဒိုး ၊ သူမသည် လိုက်ကာနောက်တွင်ဖြစ်သည်။

Vous êtes près de Mg Mg. ဗူဇက်ထ် ပရဲဒယ် မောင်မောင် ။ မင်းဟာမောင်မောင့် အနားမှာဖြစ်တယ်။

Je suis entre Mg Mg et Hla Hla. ရဆွီ အော့န့်ထ် မောင်မောင်အေ လှလှ။
ကျနော်သည် မောင်မောင်နဲ့ လှလှ ကြားမှာဖြစ်တယ် ။  (et = and   နဲ့ ၊နှင့် )

La voiture blanche est jolie parmi les voitures noires. လာဗွာကျူး ဘလောန့်ရှ်  အေ ရိုးလီး ပါမီး လေ ဗွားကျူးနွားခ် ။ အဖြူရောင်ကားသည် အမဲရောင်ကားများကြားမှာ လှသည်။

စာကြောင်းကို တဖြည်းဖြည်း ချဲ့ထွင် ရေးသားနိုင်သည်ကို ကြည့်ပါ။ သွားသည်  ဆိုသော ကြိယာ၏ မူရင်း စာလုံး verbe infinitif သည်  Aller ဖြစ်သော်လည်း verbe conjugaison လုပ် လိုက်သောအခါ မူရင်း ကြိယာမှလုံးဝ ကွဲပြားသွားသော စာလုံးများ ဖြစ် လာပါသည်။ Aller သည် ပုံမှန်မဟုတ်သော ကြိယာ များထဲမှ အသုံးများသောတခုဖြစ်သည်။

Je vais à l'école. ရဗေးအာ လေးကောလ် (Je vais ကျနော်သွားသည်  လို့မှတ်ပါရန်)
ကျနော် ကျောင်းသို့ သွားသည်။

Je vais à l'école avec Hla Hla. ရဗေးအာ လေးကောလ် အာဗက် လှလှ
ကျနော် ကျောင်းသို့ လှလှနှင့် သွားသည်။

Je vais à l'école à pied. ရဗေးအာ လေးကောလ် အာပြေး
ကျနော် ကျောင်းသို့ လမ်းလျှောက်  သွားသည်။


Je vais à l'école en voiture. ရဗေးအာ လေးကောလ် အွန်ဗွားကျူး
ကျနော် ကျောင်းသို့ ကားနှင့် သွားသည်။


နေရာကို ပြဆိုခြင်းနှင့် ဆိုင်သည့် Prépositions များကိုလေ့ကျင့်ရန်လင့်
လင့်၏ ဒုတိယပိုင်း ဖြစ်သော လေ့ကျင့်ခန်းများသည် VERBE " ETRE " ကိုအသုံးပြု၍ ဖြစ်ခြင်းကိုပြသော စာကြောင်း များ ဖြင့်တည်ဆောက်ပေးထားသောကြောင့် တလက်စတည်း မိမိ ပြောလိုသော ပစ္စည်းများအကြောင်းကို ၄င်း လင့်မှ နမူနာယူ၍ တည်ဆောက်နိုင်ပါသည်။ ကွက်လပ်များကိုဖြည့်ရင်း လေ့ကျင့်ပါ။

http://www.youtube.com/watch?v=AW5rdguq0q0


ပါရီမောင်တို့ ကျောင်းတက်တုံးက ပြင်သစ်စာရဲ့ ခက်ခဲဒုက္ခရောက်ခဲ့တာတွေလည်း အခုထိ မှတ်မိပါရဲ့ ။
အင်တာနက်ခေတ်မဟုတ်သေး၊ စာအုပ်စာတန်းကရှားပါး၊ ပြင်သစ်စာကျူရှင်ကမရှိနဲ့။ ယခုခေတ်လို ပြင်သစ်စာ လေ့လာတတ်မြောက်ပြီးရင် အလုပ်အကိုင် အခွင့်အလမ်းတွေကမရှိသေးဘူး။ အခုခေတ်မှာတော့ ကျောင်းကလည်း နိုင်ငံခြားဘာသာ တက္ကသိုလ် ဖြစ်သွားပီ၊ ပြင်သစ်စာတတ်ပြီးရင် ကုမ္ပဏီတွေမှာ လုပ်မလား၊ ဧည့်လမ်းညွှန်ပဲလုပ်မလား စုံလို့ပဲပေါ့။
အသံထွက်တွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ အလွယ်မှတ်ခဲ့ရတာတွေကို ကြည့်ပါဦး။
S'il vous plaît. စီးလ် ဗူး ပလဲ ၊  "တဆိတ်လောက်ကျေးဇူးပြု၍ "   ဆိုတာကို   "ဆီဗူးပလင်း"
ça va.   စာ ဗား ၊   "အိုကေရဲ့လား"   ဆိုတာကို     "စားဖား"
A bientôt. အာဗျန်တိုး ၊   "မကြာခင်ပြန်ဆုံမယ်"   ဆိုတာကို "အာဖျံကွီး"  စသဖြင့်နောက်ရင်းပြောင်ရင်း  အလွယ်မှတ်ရတာတွေလေ ။

နောက်အပါတ်တွေမှာ ကြိယာအသစ်တွေနဲ့ စကားဆက်တွေပေးပြီး စကားပြော သင်ခန်းစာတွေလုပ်ကြတာပေါ့ ။

                                                A bientôt. အာဗျန်တိုး ၊   "မကြာခင်ပြန်ဆုံမယ်"    

Comments