Maung Swan Yi - Poem

ပင်လယ်ကမ်း လမ်းလျှောက်ထွက်ရအောင်
မောင်စွမ်းရည်
ဧပြီ ၁၂၊ ၂၀၁၃

 
ပင်လယ်ကမ်း လမ်းလျှောက်
ငါးတကောင် ကောက်မိ။
ပုလဲတလုံး တွေ့တော့
ငါးကိုမေ့ပြီး ချခဲ့။

ငါးစိမ်းကိုမေ့
ငါးကင်မတွေ့ရင်
ဒီနေ့ ငတ်ပေါက်
ကောက်လာတ့ ပုလဲ
ဈေးထဲရောင်းချ
ငါးကင်ဝယ်လို့ရမယ်။
ထမင်းဝယ်လို့ရမယ်။

ဝယ်ခြမ်းပြီးမှ သတိရခဲ့
လုံမလည်ဆွဲ ပုလဲလက်ဆောင်
ပေးရအောင် လို့ ...။

နှင်းဆီပန်းလေး ၀ယ်ပေးလိုက်ပါ
ကျေနပ်မှာပေါ့။

ဟုတ်ကဲ့ ဟုတ်ကဲ့။
ကျေနပ်လေ မလား
မကျေနပ်လေမလား
စဉ်းစားနေဆဲ
ထမင်းပွဲက စားပွဲရှေ့ရောက်
ကောက်ကာငင်ကာ စားလိုက်ပါပြီ
နှင်းဆီရောင်းသူ ဈေးတောင်းခေါင်းရွက်
ဈေးနှုတ်ဆက်
ဖုတ်ဖက်ခါလို့ ပြန်ပါပြီ။

ပင်လယ်ကမ်း လမ်းလျှောက်ထွက်ပါလေ။

Comments