Mar Mar Aye - New Year Poem

နှစ်သစ်ဆုတောင်း
မာမာအေး၊ ဧပြီ ၁၇၊ ၂၀၁၃
တနှစ်ကူးပြီလေ
ပုရစ်ဖူး တဝေေ၀နဲ့
ပိတောက်လေ လှိုင်လှိုင်နှောပါတဲ့ ချစ်သော မြေ။

ရွှေမြန်မာ သာစေရောရယ်နဲ့
နှိမ်ချွေကာ မေတ္တာပို့လိုက်ရဲ့
အဖွဲ့ဖွဲ့အစည်းစည်း တစုတည်းညီညာ
ငြိမ်းချမ်းစွာ တူယှဉ်တွဲ ပြည်သူထဲကို ၀င်လေ။

ဒို့အဖေ၊ ဒို့အမေ
ဒို့အမျိုးသား၊ ဒို့ဘိုးဘွား ၊ အမွေအနှစ် မြန်မာပြေ။
တိုးစေ ပွားစေ
အားသစ်မယ့် သားအနှစ် ဂုဏ် အညီပေ
နေကြစေ
တဆွေမှ တဆွေ
ပြည်အလှဝေ လှပါစေ။ ။

Comments