Kyaw Thu - FFSS Yangon Activity,

နှစ်သစ်ဦးအလှူ
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၂၀၊ ၂၀၁၃


နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နေ့စဉ်နှင့်အမျှ ကူညီဖေးမမှုများအား အစဉ်အမြဲ မုဒိတာပွားကာ အားပေး ကူညီလှူဒါန်းခဲ့ကြသော ရပ်ဝေးရပ်နီးမှ မိဘပြည်သူ အလှူရှင်အပေါင်းတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှစ်သစ်ဦး အချိန်အခါကာလတွင် ရွှင်လန်းချမ်းမြေ့ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ထိုဆုတောင်း မေတ္တာနှင့်အတူပင် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပွင့်ခဲ့ပြီးကုန်သော ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတော်၊ မိဘပြည်သူ အလှူရှင်အပေါင်းတို့၏ လှူဒါန်းမှု သဒ္ဒါတရားအား အမှူးထား၍ မကျွတ်မလွတ်ကြကုန်သော အပါယ်လေးပါး သတ္တဝါတို့အား ရည်စူးကာ နှစ်သစ်ဦးကောင်းမှုအဖြစ် အနယ်နယ် အရပ်ရပ်မှ ကြွရောက် သီတင်းသုံးတော်မူကြကုန်သော (ရန်ကြီးအောင် ဆင်းတုတော်၊ စကျင်အောင်တော်မူ ဆင်း တုတော်၊ ရှေးဟောင်းရှမ်းဘုရား၊ ကျောက်စိမ်းနက် ဆင်းတုတော်၊ အလိုတော်ပြည့်ယွန်းဆင်းတုတော်၊ မဟာမြတ် မုနိရုပ်ပွားတော်၊ ဆင်စီးမြင်းရံ ဆင်းတုတော်၊ မဟာသွံသာရ ဆင်းတုတော်၊ ရပ်တော်မူဗျာဒိတ်ပေး ကျွန်းပြန် ဆင်း တုတော်၊ သင်္ကန်းနက် ဆင်းတုတော်၊ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်၊ ပြဒါးအောင်ဘုရား၊ အင်းဝခေတ် ကြေးဆင်း တုတော်၊ ဗောဒိတစ်ထောင် ရုပ်ပွားတော်၊ သီရီလင်္ကာ ဗုဒ္ဓမြတ်စွယ်တော်) အစရှိသည့် ဗုဒ္ဓရုပ်ပွားတော်များအား အနေကဇာတင်ခြင်း၊ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ် ပူဇော်ခြင်းများကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ၁၇.၄.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ပြုလုပ်ခဲ့သည်။ ယင်းနေ့ နံနက်ပိုင်းတွင် သံဃာတော် အရှင် သူမြတ်ငါးပါးအား ပင့်ဖိတ်ကာ အရုဏ်ဆွမ်းဆပ်ကပ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဗုဒ္ဓဆင်းတုတော်များအား အနေကဇာတင်ကာ ညနေပိုင်းတွင် ဝဋ်ကြွေးတော်ပြေ သာသနာပြုကျောင်းမှ သံဃာတော် (၅)ပါးအား ပင့်ဖိတ်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “သုခ” ခန်းမအတွင်း၌ အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ် ပူဇော်ခဲ့ကြကာ အလှူရှင်ပေါင်းတို့နှင့် အပါယ်လေးပါး သတ္တဝါအပေါင်းတို့ကို နှစ်ဟောင်းတွင်ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ် တို့အား အမျှပေးဝေ မုဒိတာပွား စေခဲ့ပါတော့သည်။



ထိုနှစ်သစ်တွင် ပြုလုပ်သော ကောင်းမှုကုသိုလ်တို့နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ “ပေးဆပ်သူ များ” သင်္ကြန်သံချပ်အဖွဲ့ သည်လည်း သင်္ကြန်ကာလအတွင်း မိဘပြည်သူအပေါင်းတို့အား ဖျော်ဖြေအသုံးတော်ခံ ခဲ့ကာ သင်္ကြန်အတက်နေ့ကိုကျော်လွန်ကာ နှစ်ဆန်းတစ်ရက်နေ့ နံနက် (၃းဝဝ) နာရီအချိန်တွင်မှပင် ဖျော်ဖြေရေး အစီအစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့တော့သည်။ ယင်းသံချပ်အဖွဲ့အား အများပြည်သူအပေါင်းတို့မှ ချီးမြှင့်ငွေ ကျပ်သိန်း တစ်ရာလေးဆယ့်နှစ်သိန်းတစ်ထောင့်နှစ်ရာ ၁၄၂ဝ၁၂ဝဝိ/- ကျပ်အား ရရှိခဲ့ပါသည်။ ထိုငွေများကို “ပေးဆပ်သူများ” သံချပ်အဖွဲ့အနေဖြင့် မိမိတို့ကိုယ်ကျိုးအတွက် အသုံးမပြုပဲ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုအကျိုးပြု လုပ်ငန်း များတွင် အသုံးပြုသွားမည်။ မဟာသင်္ကြန် ကာလမတိုင်မီက ရန်ကုန်-လိုင်ဇာ ငြိမ်ချမ်းရေးလမ်းလျှောက်အဖွဲ့အား လည်း စစ်မှန်သော ငြိမ်းချမ်မှုကိုရရှိစေရန် ရည်သန်၍ သာသနဘောင်သို့ ရောက်ရှိစေရန် ပို့ဆောင်ပေးခဲ့ပြီး ဖြစ် သည်။ ထိုနေ့တွင်ပင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူအား ရန်ကုန်လိုင်ဇာ ငြိမ်ချမ်းရေး လမ်း လျှောက်အဖွဲ့မှ လူငယ်တစ်ဦး ဂုဏ်ပြုရေးဖွဲ့ထားသော ကဗျာလေးအား မိဘပြည်သူများသိရှိ မုဒိတာပွားစေနိုင်ရန် အတွက်  မိဘပြည်သူအပေါင်းတို့အား တလက်စတည်း တင်ပြပေးလိုက်ရပါတော့သည်။


ထို့ကြောင့် ယခုကဲ့သို့ နှစ်သစ်ဦး အခါသမယတွင် ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ် အစုစုတို့အား (၃၁) ဘုံတွင် ကျင်လည်ကြကုန်သော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အပေါင်းတို့နှင့်တကွ အထူးအားဖြင့် အပါယ်လေးဘုံတွင် ရောက်ရှိနေကြသော သတ္တဝါပေါင်းတို့အား အစထားကာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှု ပရဟိတလုပ်ငန်းများအား အစဉ်တစိုက် အားပေးကူညီ  လှူဒါန်းခဲ့ကြသော မိဘပြည်သူ ရဟန်းရှင်လူ အလှူရှင် ပေါင်း၊ မြန်မာနိုင်ငံသားအပေါင်း၊ ကမ္ဘာသူ ကမ္ဘာသားပေါင်းတို့အား အမျှ .. အမျှ .. အမျှ ပေးဝေငှပါ၏ ထိုထိုသော ကုသိုလ်တို့အား မုဒိတာပွားကာ သာဓု … သာဓု … သာဓု .. ခေါ်တော်မူကြပါ ကုန်သော်….။

Comments