Kyaw Thu - FFSS Yangon Activity,

သင်္ကြန်အကြိုနေ့ “ပေးဆပ်သူများ” သံချပ်လှုပ်ရှားမှု
ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဧပြီ ၁၅၊ ၂၀၁၃


နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၁၃၇၄/၅ ခုနှစ် (၂ဝ၁၃ ခုနှစ်) မြန်မာ့ရိုးရာမဟာသင်္ကြန် အချိန်မှ စတင်ဖွဲ့စည်း မွေးဖွားခဲ့သည့် သုခမျိုးဆက်သစ် ကုသိုလ်တော်အနုပညာအဖွဲ့၏ “ပေးဆပ်သူများ” ပြည်သူ့ အကျိုးပြု လူမှုရေးသံချပ်အဖွဲ့သည် ၁၃.၄.၂ဝ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) နံနက် (၇း၃ဝ) နာရီတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်မှစတင်ထွက်ခွာခဲ့ပြီး ဦးစွာပထမ ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံချပ်ယာဉ်ကြီးနှင့်အတူ ဥက္ကဋ္ဌ ဦးကျော်သူ၊ အသင်းသား/သူများတို့မှ ဦးတိုက်ဖူးမျှော်ခဲ့ကြသည်။


 
 
 

ဆက်လက်၍ သင်္ကြန်အကြိုနေ့တွင် ဖိတ်ကြားထားသည့် အောက်ပါမြို့နယ်၊ ရပ်ကွက်၊ မဏ္ဍပ်များ သို့ နံနက် (၈း၃ဝ) နာရီမှစတင်၍ ည (၇း၃ဝ) နာရီအထိ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသား/သူ များတို့သည် အသင်းမှ အများပြည်သူတို့အတွက် လုပ်ဆောင်ပေးဆပ်နေသည့် လူမှုအကျိုးပြုလုပ်ငန်းများ အား ပြည်သူလူထုအပေါင်းတို့ သိရှိစေရန်၊ စေတနာရှင် အလှူရှင်များနှင့် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာ ခံပေးဆပ်၍ ကူညီလိုကြသော လူငယ်/ရွယ် လူမှုရေးသမားများ တိုးပွားလာစေရန်၊ အများပြည်သူတို့မှ စေတနာ သဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားသည့် အလှူငွေများဖြင့် အမှန်တကယ်လိုအပ်သည့် နေရာ များနှင့် ထိရောက်သည့်နေရာများသို့ လှူဒါန်းပေးလျှက်ရှိကြောင်း ဂုဏ်ယူကျေနပ်နိုင်စေရန်၊ ဗြဟ္မစိုရ် တရားလေးပါးနှင့်အညီ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ငြိမ်းချမ်းသော လူ့ဘောင်နှင့် ငြိမ်းချမ်းသော လူ့ အသိုင်းအဝိုင်း၊ လူ့ပတ်ဝန်းကျင်အား ပရဟိတစိတ်ဓါတ်ဖြင့် စည်းလုံးညီညွတ်စွာဖြင့် ထူထောင်သွား နိုင်ကြရန် အစရှိသည့် ရည်ရွယ်ချက်များနှင့် ဗြဟ္မစိုရ်ခြေလှမ်းများဖြင့် ဖွဲ့စည်းထားသော “ပေးဆပ်သူများ” လူမှုရေးသံချပ်အဖွဲ့သည် အများပြည်သူတို့အတွက်သာ ဖြစ်ရမည်ဆိုသည့်အတိုင်း အင်တိုက်အားတိုက် တက်တက်ကြွကြွ ညီညွတ်စွာဖြင့် အားပါးတရ ဖျော်ဖြေတင်ဆက်ခဲ့တော့သည်။


 
 

 
 

 
၁။ အမှတ် (၂) ရပ်ကွက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မိသားစု)
၂ - ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်။

၂။ “ထူး” ရေခဲမုန့်
၇ - ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်။

၃။ YMBA (အရှေ့)
၇ - ရပ်ကွက်၊ ရေကျော်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်။

၎။ Smile ရေကစားမဏ္ဍပ်
၉ - ရပ်ကွက်၊ ရေကျော်လမ်းနှင့် ဇီဇဝါလမ်းထောင့်၊ ပုဇွန်တောင်မြို့နယ်။

၅။ “မောင်အေးကဖီး”
၉ - ရပ်ကွက်၊ ရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ်။

၆။ Bachelors ရေကစားမဏ္ဍပ်
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ (၄၉လမ်းနှင့် ၄၈လမ်းကြား)

၇။ “ဆင်ဖြူ” စားသောက်ဆိုင်
၂ - ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ပုဇွန်တောင်မြို့နယ်။

မဟာသင်္ကြန် အချိန်ကာလများတွင် အများပြည်သူတို့မှ စိတ်ဝင်စား၍ လူကြီးမင်းတို့၏ မဏ္ဍပ်များ၌ ဖျော်ဖြေတင်ဆက်မှု ပြုလုပ်လိုပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့

ပြန်ကြားရေးဋ္ဌာန နာရေးကူညီမှုအသင်း(ရန်ကုန်) - ဝ၉ - ၈၆၄ ဝ၂၂ဝ
ဦးဋ္ဌေးလွင်      - ဝ၉ - ၇၃ဝ ၁၅ ၂၆၅
ဦးမြတ်ဆွေ      - ဝ၉ - ၄၃ ၂ဝဝ ၈ဝ၉
ဦးထွန်းထွန်းဝင်း     - ဝ၉ - ၄၂ဝ ဝဝဝ ၅၇၉
ဦးကျော်ဟိန်း      - ဝ၉ - ၇၃၁ ၆ဝ ၆၆ဝ သို့ တိုက်ရိုက်ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါအပ်ပါသည်။

Comments