Paris Maung - Learning French 7
ပြင်သစ် ဘာသာ လေ့လာစရာ  (အပိုင်း ၇)
Lesson 7 ( Leçon 7  )    
ပါရီမောင်၊ မတ် ၂၅၊ ၂၀၁၃
Lesson 7 ( Leçon 7  )    
Les Verbes ( Verb ) ကြိယာများ ၊ 
VERBE "AVOIR"  နှင့် သက်ဆိုင်သော သုံးစွဲပုံများ
avoir အာ ဗွား ၊ ရှိသည်   être  အက်ထရ် ၊ ဖြစ်သည်
ပြီးခဲ့သောသင်ခန်းစာ ၅ တွင် အသုံးဝင်သော ကိယာများ အပြင် အရေးကြီးသော ကြိယာ၂ ခုဖြစ်သော
avoir အာ ဗွား ၊ ရှိသည   être  အက်ထ်ရ် ၊ ဖြစ်သည် ကိယာတို့၏ Verbe Conjugaison   ကို
ပေးခဲ့ပါသည်။ ဒါကြောင့် အရင်ဆုံး မိမိမှာရှိခြင်း သို့မဟုတ် အခြားသူများ မှာ တစုံတခု ရှိခြင်းကို ပြဆိုဖို့ အတွက် အဲဒီ ကြိယာတွေကို အသုံးပြုပြီး စာကြောင်း တွေကို ကိုယ်တိုင်  လုပ်ကြည့်ပါ။
သင်ခန်းစာ ၃ မှာ ဟင်းသီးဟင်းရွက် ၊ အသီးအနှံအခေါ်အဝေါ်တွေ အပြင် ၊ အဝတ်အထည်တွေရဲ့ အခေါ်အဝေါ်တွေ သိပြီးသားဖြစ်နေပြီ မဟုတ်လား။
ဥပမာ    ---   J'ai une pomme.  ရေ အယူးန်း ပေါ်မ်း ။ ကျနော့်မှာ ပန်းသီးတလုံး ရှိသည်။  ကိုပြောမယ်ဆိုပါစို့ ....
ပြောချင်တဲ့ ကတ္တားပုဒ်ကို အရင် စဉ်းစားပါ။ ကျနော်၊ကျမ ဖြစ်တော့  Je  ကို ရွေးမယ်ပေါ့၊
je ဆိုတဲ့ ကတ္တား နဲ့ ဆိုင်တဲ့  avoir အာ ဗွား ၊ ရှိသည်   မူရင်းကြိယာကို Conjugaison လုပ်လိုက်တော့ ai လို့ရပြီနော် ။ ဒါပေမဲ့  je ai လို့ သုံးလို့မရဘူး။ သရ လုံးထပ်နေတယ်။
ဒါကြောင့် ရှေ့က je မှာရှိတဲ့ "e" ပြုတ်သွားပြီး J'ai  လို့ ဖြစ်လာရတယ်။ ပန်းသီးကို အဘိဓါန်မှာ ကြည့်ပါ။
n/f (noun / Féminin) လား   n/m  ( Noun / Masculin ) လား၊ အကြမ်းအားဖြင့်"e"  နဲ့ဆုံးတဲ့ Noun တွေဟာ n/f ဖြစ်တယ်။ ဒါကြောင့် une pomme ကို ရွေးရမယ်။ နောက်ပြီး ပန်းသီးဆိုတဲ့ အကြောင်းအရာ ကို စပြီးပြောတာ ဖြစ်လို့  une  ကို သုံးရပါမယ်။
ရှိခြင်းကိုပြဆိုသော နမူနာစာကြောင်းတချို့ (အများကိန်းတွေကို အနီရောင်နဲ့ ပြထားပါတယ် ။ )
Elle a une chemise.   အယ် လာ အယူးန်း ရှမီးဇ်   သူမမှာ အင်္ကျီတထည်ရှိသည်။
Nous avons une maison.  နူ ဇာဗွန် အယူးန်း မေဇွန်   ကျနော်တို့မှာ အိမ် တလုံးရှိသည်။
Nous avons des livres.   နူ ဇာဗွန် ဒေ လိဗ်ရ်   ကျနော်တို့မှာ စာအုပ်တွေ ရှိသည်။
Il a un chien.    အီ လာ အန် ရှန်း    သူ့မှာ ခွေးတကောင်ရှိသည်။
Tu as trois stylos.   ကျူ အာ တွာ စတီလို    မင်းမှာ၊ခင်ဗျားမှာ ဘောပင် ချောင်းရှိသည်။
Vous avez un stylo.   ဗူဇာဗေ အန် စတီလို     ခင်ဗျား မှာ ဘောင်းဘီ တထည် ရှိသည်။
Elle a un sac.   အယ် လာ အန် ဆာ့ခ်    သူမမှာ အိတ်တလုံးရှိသည်။
ကတ္တားပုဒ်များ သည် သက်ရှိ သာဖြစ်ရမည်ဟုပြော၍မရပါ။ သက်မဲ့ အရာဝတ္ထု များလည်းဖြစ်နိုင်ပါသည်။
အနည်းကိန်းဖြစ်လျင် il /elle   အများကိန်းဖြစ်လျင် ils/elles အနေနှင့် ယူဆပြီးဆိုင်ရာ Verbe "Avoir" ၏  Conjugaison ဖြင့်တွဲသုံးရပါမည်။
La voiture a un drapeau.  လာ ဗွာကျူး အာ အန် ဒရာပို ။ ကားမှာ အလံတခုရှိသည်။ နောက်တနည်း ပြောတာ ကို ကြည့်ပါ J'ai une voiture, elle a un drapeau.  ရေ အယူးန် ဗွာကျူး အယ်လ်လာ အန် ဒရာပို ( ဒီနေရာမှာ  elle  ဆိုတာက  ကားကို သုံးနှုံးပြောဆိုတာပါ ) ကျနော့်မှာ ကားတစီးရှိတယ်၊ သူမမှာ အလံတခုရှိတယ် ။
Les enfants ont des jouets. လေ ဇွန်ဖွန့် အွန့် ဒေ ဂျူးဝေး ။ ကလေးတွေမှာ အရုပ်များရှိကြသည်။
L'ordinateur a un écran.  လော်ဒီနာတာ  အာ အန် နေ ခရွန် ။(un écran အသံဆက်)ကွန်ပြူတာမှာ မှန်သားပြင် တခု ရှိသည်။
La vache a une cloche. လာ ဗတ်ရှ် အာ အယူးန် ကလော့ရှ်။   နွားမှာ ခလောက် တလုံးရှိသည်။
La maison a  3( trois) portes. လာမေဇွန်အာ ထွား ပေါ့ထ် ။ အိမ်မှာ တံခါးမ သုံးပေါက်ရှိသည် ။
L'orange a des pépins. ( pépin= n/m: အစေ့ graine) လောရော့ရှ် အာ ဒေ ပေပန်း ။ လိမ္မော်သီးမှာ အစေ့များရှိသည်။
Les oiseaux ont des ailes. ( aile= n/f  တောင်ပံ ) လေဇွားဇိုး အွန့် ဒေဇိုင်းလ် ။ ငှက်များမှာ အတောင်ပံများရှိသည်။  ( un oiseau=  အန်နွားဇိုး ၊ ငှက် တကောင်  )
Un chat a (4) quatre pattes. ( patte= n/f ခြေ၊ သတ္တဝါနှင့် ငှက်များသာ  ) အန် ရှာ အာ ကာ့ ထ် ပတ် ထ် ။    ကြောင်တကောင်မှာ ခြေလေးချောင်းရှိသည်။  
စာကြောင်းတွေကို ပြန်ကြည့်ရင်
   Nous                         avons           des livres. နူ ဇာဗွန် ဒေ လိဗ်ကျနော်တို့မှာ စာအုပ်တွေရှိတယ်
ကတ္တား Subject      ကြိယာ Verb    နာမ် Noun
              ကတ္တား Subject        +          ကြိယာ Verb      +         နာမ် Noun
ဒီစာကြောင်းလေးကိုပဲ ပြန်ချိန်ညှိမယ်ဆိုရင်  ၂ ပိုင်းခွဲ လိုက်မယ် ။
Nous  avons  /  des  livres    လို့ ကြည့်ရင်
Nous  ဆိုတဲ့ ကတ္တားပုဒ် နဲ့ ကိုက်ညီတဲ့ Verbe avoir ရဲ့ မှန်ကန်တဲ့ avons  ကိုသာ ရွေးရပါမယ်။
ဒီလိုပဲ livres  အတွက် အများကိန်း ဖြစ်တဲ့  Article Indéfini  ကိုရွေးရပြီး  Pluriel  ပဲရွေးရမှာပါ။
EXPRESSION AVEC VERBE "AVOIR" 
 VERBE "AVOIR"  နှင့် သက်ဆိုင်သော သုံးစွဲပုံများ
EXPRESSION   များသည် အကြောင်းအရာတခုကို ပြောဆိုရာတွင် ပုံသေ သတ်မှတ်ထားသောပုံစံ ဖြင့် ပြောရန်ဖြစ်သည်။
အေက်ပါလင့်တွင်ပေးထားသော အကြောင်းအရာများကို VERBE "AVOIR"  နှင့်သာသုံးပြီးပြောဆိုရပါမည်။
http://www.youtube.com/watch?v=SmaVc3Brge8
 (လေ့ကျင့်ခန်းများအနေနှင့် အောက်ပါစာကြောင်းများတွင် မူလစာကြောင်းမှ Subject ကတ္တား နေရာတွင် အခြားကတ္တားများကို အစားထိုးသုံးစွဲပြီး လေ့ကျင့်ခန်းများပြုလုပ်ပါ။ဘေးမှာ နမူနာအချို့ရေးပြထားပါသည် )
၁။ဆာလောင်မှုကို ပြောရာတွင် သုံးသည်  ( La faim= n/f  ဆာလောင်ခြင်း)
J'ai faim.  ကျနော်၊ ကျမ ဗိုက်ဆာတယ်။  Nous avons faim. ကျနော်တို့ ၊ ကျမ တို့ ဗိုက်ဆာတယ်။  
၂။ ရေဆာခြင်း ကိုပြောရာတွင် သုံးသည်  
Elle a soif. သူမ ရေဆာသည်။ (  Exercise :  J'ai soif/ Nous avons soif / Vous avez soif )    
၃။ ပူခြင်း ၊ အေးခြင်း ပြောရာတွင် သုံးသည်  
Tu as chaud. မင်း ၊ခင်ဗျား အိုက်တယ်( ပူတယ်) စာကြောင်းအဆုံးမှာ အသံကို မြှင့်ပြီးပြောရင် အမေးဝါကျဖြစ်သွားပါမယ်၊ မင်းအိုက်နေလား ? ။ Tu as chaud? Vous avez chaud?
Vous avez froid. မင်း၊ ခင်ဗျား အေးနေတယ်၊ (အသံမြှင့်ပြောရင်  ခင်ဗျားချမ်းနေသလား ? လို့ရပါတယ်)
Vous avez froid ? Tu as froid ?
၎။ ကြေက်ရွံ့ခြင်း ကိုပြောရာတွင် သုံးသည်  
Elle a peur. သူမ ကြောက်သည်။ ( ဒီနေရာမှာ ကျနော်က ထပ် ဖြည့်စွက်ချင်ပါတယ် Preposition ဝိဘတ် ဖြစ်တဲ့ "de"  နဲ့" noun"  နမ် ကို ထပ်ထဲ့ပြီး စာကြောင်းကို ပြည့်စုံစေနိုင်ပါတယ်။ အဲဒါကို Complément လို့ခေါ်ပါတယ်။ ပြင်သစ် စကားလုံး အသုံးအနှုံးများ ကိုရင်းနှီးစေရန်၎င်း ၊ ဗမာလို ဖေါ်ပြရန်ခက်ခဲမှုကြောင့် ၄င်း ၊ အခေါ်အဝေါ်ကို မဖေါ်ပြထားလျင် နားလည်နိုင်ပါရန်) Elle a peur de nuit.   သူမ ည အမှောင်ကို ကြောက်သည်။ Elle a peur de voleur. သူမ သူခိုးကို ကြောက်သည်။
J'ai  peur de regarder les films d'horreur. ကြောက်မက်ဖွယ်ရုပ်ရှင်များကိုကြည့်ရန် ကျနော်၊ကျမ ကြောက်သည်။
၅။ အခွင့်အရေး၊ ကုသိုလ် ကံကောင်း ခြင်း ကိုပြောရာတွင် သုံးသည်  
Elles ont de la chance. သူမတို့ ကံကောင်းကြသည်။ J'ai de la chance.
၆။ အမှန် ၊  အမှား ကိုပြောရာတွင် သုံးသည်  
J'ai raison. ကျနော်၊ ကျမ မှန်သည် ( မဟုတ်ဝါကျ négatif အနေနှင့် ပြောဆို၍ ရသည်ကိုလည်း သတိပြုပါ ) မှားသည်ဟု ပြောခြင်းထက် မှန်ခြင်း၊ မမှန်ခြင်းကို အထူးပြု၍ ပြောဆိုခြင်း အတွက်။
Nous avons tort.  ကျနော်တို့၊ ကျမတို့ မှားကြသည်
၇။ အိပ်ငိုက်ခြင်း ကိုပြောရာတွင် သုံးသည် 
Il a sommeil. သူအိပ်ငိုက်တယ်။  J'ai sommeil .
၈။ အသက် ကိုပြောရာတွင် သုံးသည် 
Elle a six ans. သူမ အသက် ၆ နှစ် ရှိသည်။
Ils ont soixante-dix ans. သူတို့အသက် ၇၀ ရှိသည်။ ( ကျား၊မ ရောနေလျင် ကျားအနေနှင့် အမြဲယူရမည်)  ils ကိုသာသုံးရန်
၉။ အလိုရှိကြောင်း ကိုပြောရာတွင် သုံးသည်  ( besoin de ....အလိုရှိသည်)( + Noun or Verbe)
Il a besoin d'argent.  သူ ငွေလို နေသည်။
Elle a sommeil. သူမအိပ်ငိုက်တယ် ( အထက်မှာပါပြီး)
Elle a besoin de dormir. သူမအိပ်ချင်တယ် ၊ သူမ အိပ်ဖို့ လိုအပ်တယ်။ besoin de ရဲ့ အနောက်မှာ  Verbe Infinitif လို့ခေါ်တဲ့ မူရင်းကြိယာလိုက်တာ ကို သတိပြုပါ။ Preposition "de" နဲ့ " à " တို့ရဲ့ အနောက်မှာ အမြဲတမ်း   Verbe Infinitif လို့ခေါ်တဲ့ မူရင်းကြိယာ သာလျင် လိုက်ရပါမယ်။
ဥပမာ - J'ai besoin de voyager. ရေ ဘဇွမ်း ဒ ဗွားရာဂျေ ။ ကျနော် ခရီးထွက်ဖို့ လိုအပ်တယ်
Elle a besoin de manger. အယ် လာ ဘဇွမ်း မောန် ဂျေ သူမ အစား စားရန် လိုအပ်သည်။
Nous avons besoin de travailler.  နူဇာဗွန်  ဘဇွမ်း ဒ ထရာဗိုင်ရေ ။  ကျနော်တို့၊ကျမတို့ အလုပ်လုပ်ရန် လိုအပ်သည်။ ( အလုပ်လုပ်ရမည်။)
၁၀။ တခုခုကို လုပ်ချင်တဲ့ဆန္ဒ ရှိကြောင်း ကိုပြောရာတွင် သုံးသည် 
Il a envie de manger. သူစားချင်တယ်။ Nous avons envie  de visiter La France. ကျနော်တို့ ပြင်သစ်နိုင်ငံကို လည်ချင်တယ်။ J'ai envie de rentrer La Birmanie. ကျနော်၊ ကျမ မြန်မာပြည် ကို ပြန်ချင်သည်။
As-tu envie d'une glace? မင်း ရေခဲမုန့်တခု လိုချင်သလား၊ (စားချင်သလား ဆိုပြီး ရေးလို့လဲရပါတယ်)
ဒီစာကြောင်းကိုကြည့်ပါ။ ပုံမှန်ဆိုရင် Tu as ဆိုပြီး ကတ္တားပြီးမှ ကြိယာ လိုက်ရမှာပါ ၊ အခုလို ကြိယာကို အရင်ရေးပြီး မှ ကတ္တား လိုက်တဲ့အခါ သဒ္ဒါနည်းအရ မှန်ကန်တဲ့ အမေးဝါကျ တကြောင်း ဖြစ်သွားပါတယ်။
အလယ်မှာ Tiret ခေါ် အတုံးလေး ထည့်ပေးရပါမယ်။ အမေးဝါကျ သင်ခန်းစာ တွင် ဖေါ်ပြပါမည်။
Il a envie d'une glace.  သူရေခဲမုန့် တခု လိုချင်ပါတယ်။
လေ့ကျင့်ခန်း (၁)
အောက်ပါ ရှိခြင်းပြဆိုသောစာကြောင်း ကွက်လပ်များတွင်  Article Indéfini များဖြစ်သော un, une , des   ထဲမှ မှန်ကန်သော စာလုံးကို ရွေးထည့်ပေးပါ။
1. Nous avons    ....   maison.
2. Elle a   ....   stylo.
3. Tu as   ....   livres.
4. Ils ont  ....  voiture.
5. Il a  .... .  ordinateur.
6. Vous avez  ....  enfants.
7. Mg Mg a  ....  pantalon.
8. Sophie et  Philippe ont   ....  chien.    Sophie  နဲ့ Philippe တို့မှာ ခွေးတကောင်ရှိသည်။
9. J'ai  ......  pomme.
10. Kathrine a  ......   jouets. 
အဖြေကို နောက်တပါတ်မှာ ဖေါ်ပြပါမယ်။
ပြင်သစ်သံ သီချင်းလေး နားထောင်ဖို့ Lara Fabien  ရဲ့ Je t'aime  ဆိုတဲ့ သီချင်းလင့်လေးပေးလိုက်ပါတယ် ။ တခုက စာသားအတွက်ပါ။  I Love You လို့ အဓိပ္ပါယ်ရပါတယ် ။
http://www.youtube.com/watch?v=Gm5S43YC2uo
http://www.youtube.com/watch?v=DFB6PRLQ878
                                        A Bientôt  အာ ဗျန် တိုး  ။  မကြာခင် ပြန် ဆုံမယ်
Comments