Mon Oo Myay - Articles

ကိုတိုး အသက်မွေးမှုသင်တန်ကျောင်း
(Koto Vocational Traning School, Hanoi, Vietnum)
မွန်ဦးမြေ
ဇန်န၀ါရီ ၁၃၊ ၂၀၁၃

 
ကိုတိုး အသက်မွေးမှုသင်တန်းကျောင်း၊ အ၀င်ဝ 

မသန်စွမ်းသူများကို ဥပဒေကြောင်းအရ အကာအကွယ် မပေးနိုင်သေးဟုဆို သောခေါင်းစဉ်ဖြင့် မြန်မာပြည်ကလာတဲ့ အင်တာနက်များမှာ ဖတ်ရတဲ့အတွက် အလွန်စိတ်မကောင်း ၀မ်းနည်းမိသည်ကြောင့်ယခု ဆောင်းပါးကလေးကို ပေးပို့ ရခြင်းဖြစ်ပါတယ်။ ဌင်းသတင်းနှင့် ဆက်စပ်ပြီး ၂၀၁၂ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် တောင်ဒဂုံမြို့ နယ် အတွင်း၌ အသက် ၁၂ နှစ်အရွယ် မသန်စွမ်း မိန်းခလေး တဦးကို သဘာဝအတိုင်း မဟုတ်သည့် အဓမ္မပြု့ ကျင့်မှုဖြစ်ပွားခဲ့ကြောင်းနှင့် အခြားမသန်စွမ်းသူများလည်း အလားတူ အဓမ္မပြု့ ကျင့်ခံရ မှုပုံများကိုဖတ်ရသည့် အတွက် အလွန်စိတ်မကောင်းဖြစ်မိပါသည်။

 
အ၀င်ဝမှာ ကျောင်းသားနှင့် ဆရာများလက်စွမ်းပြထားသော ပန်းပုရုပ်များ

ဗီယက်နမ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလ ကအလယ်ခရီးထွက်ရင်း စုဆောင်းမိတဲ့ သူတို့ ဆီက မသန်စွမ်းသူများကို အစိုးရနဲ့  ပြည်သူများကပါ မည်သို့ မည်ပုံ ကူညီစောင့်ရှောက်နေပုံများကို တစေ့တစောင်း ကြည့်ရှုခွင့်ရတာကြောင့် မိုးမခမိတ်ဆွေများကို တင်ပြပါ သည်။ တိုတောင်းလှတဲ့ အချိန်အတွင်း ရရှိသောသတင်းများမှ တင်ပြရခြင်းဖြစ်သည်ကြောင့် တိကြမှုမရှိပါကခွင့်လွှတ်ပါရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။ အထူးသဖြင့် ဒေသခံ ဧည့်လမ်းညွှန်၏ ရှင်းလင်းချက်များကို အားပြုပြီး တင်ပြရသည်ကြောင့် ဌာနေ ရှိမိတ်ဆွေ များမှအမှန်ကို တည့်မတ်ပေးပါက အထူးကျေးဇူးတင်ပါသည်။


 
သင်တန်းကျောင်းအတွင်းမှ ရွှေချည်ထိုး အခန်းနှင့် စွံ့ အနားမကြားသူကလေးများ။ သူတို့ ယက်လုပ်သော အဆင်ဆန်းကလေးများ

ဧည့်လမ်းညွှန်၏ပြောပြချက်အရ ဗီယက်နမ်နိုင်ငံတွင် လူဦးရေ သန်း ၇၀ ကျော်ရှိနေတဲ့အထဲက မသန်မစွမ်းလူဦးရေမှာ အရှေ့ တောင် အာရှမှာအများဆုံဟုပြောပြပါသည်။ စစ်ဘေးစစ်ဒါဏ်ကြောင့် ခြေပြတ်လက်ပြတ်ဖြစ်သူများ၊ ဓါတုဗေဒ ဗုံးများကြောင့် မွေးလာသော ခလေးများ အင်ဂါမစုံဘဲ စွံ့ အနားမကြားများ အလွန်များလာတာကြောင့် အစိုးရမှာခေါင်းခဲစရာဖြစ်လာပါသည်။ ဌင်းအတွက် ပထမဦး စားပေးလုပ်ငန်းအဖြစ်သတ်မှတ်ပြီး မသန်စွမ်းသူများ၏နေ့ စဉ်စောင့်ရှောက်မှုများကိုလက်တွေ့ ကြကြစလုပ်ပါသည်။  အရေးပေါ်ကူညီမှု လိုအပ်ပါက သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ကြိုးနီစံနစ်များကို ဖယ်ပစ်လိုက်ပြီး အသက်ကယ်ခြင်းကို အရင်ပြုလုပ်ရပါသည်။

ဟနွိုင်းမြို့ ၏ဆင်ခြေဖုံး ရပ်ကွက်မှာရှိသော အထက်ပါ - ကိုတိုး အသက်မွေးမှုသင်တန်းကျောင်း - သို့ ခရီးစဉ်တခု၏အဆုံးတွင် ရောက်ရှိ သွားပါသည်။ ကျောင်းဟုခေါ်သော်လည်း တက္ကသိုလ် တစ်ခုပမာ ကြယ်ဝန်းလှပါသည်၊ ရေမီးအပြည့်အစုံနှင့် သင်ယူလိုသောအသက်မွေး မှုဘာသာရပ်များများပြားလှပါသည်။ ဥပမာ၊ အချုပ်အလုပ်သင်တန်း၊ ရွှေချည်ထိုး၊ ပန်းချီပန်းပု၊ အချက်အပြုတ်နှင့် ဟော်တယ်စားပွဲထိုး၊ ဧည့်လမ်းညွှန်သင်တန်းများ၊ ကြွေရည်သုတ် အိုးဖုတ်လုပ်ငန်း စသည်စသည်ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး သင်ကြားပေးနေပါသည်။



မော်ဒယ်ဂဲကလေးများ၏ ရုပ်ထုများ ကျောင်းအ၀င်ဝမှာပြထားပုံ၊ ကိုယ်အနေဟန်မှာ တခြားမှပုံများနှင့်တူသော်လည်း မျက်နှာပုံမတူလှပါ

သင်တန်းသားများမှာ စွံ့ အနားမကြားများ များလှတာကြောင့် ဧည့်သည်များ ဓါတ်ပုံရိုက်ရင် ကာယကံရှင်၏ခွင့်ပြု့ ချက်အရင်ယူဘို့ ဧည့် လမ်းညွှန်များကသတိပြု့ စေပါသည်။ ယခုစာစောင်နှင့် အတူဖေါ်ပြသော ဓါတ်ပုံများမှာ ဌင်းကျောင်းမှပြု့ လုပ်သောလက်ရာများဖြစ် ပါသည်။ နံနက်ပိုင်း ဟနွိုင်းမြို့ တော်ကို လမ်းညွှန်အတိုင်း လှည့်ပတ်ကြည့်ရှုပြီး နေ့ လယ် တစ်နာရီခန့် မှာ အထက်ပါ ကိုတိုး အသက် မွေးမှု သင်တန်းကျောင်ကို ရောက်ပါသည်။ ဌင်းကျောင်းဝင်းထဲမှာမင် Koto Café ဆိုသော ထမ်းဆိုင်ကြီးမှာ နေ့ လယ်စာစား ရပါသည်။ နံရံလေးဘက်စလုံးမှာ ရွှေချည် ငွေချည်ထိုးနှင့် ရောင်စုံ ပိုးကားချပ်ကြီးများချိတ်ဆွဲထားသည်မှာ အံသြရှုမငြီးစရာပါပေ။ လိုသော ပန်းချီ ကားကို ယခုလက်ငင်းငွေချေဝယ်ယူပြီး မိမိနိုင်ငံအထိ အရောက်ပို့ ပေးပါသည်။ စားသောက်စရာများကိုလည်း စားပွဲထိုး လူငယ်ကလေး များက ရိုရိုသေသေ လာချပေးပုံကိုလည်း ကြည်နူးမိပါသည်။ မသန်စွမ်းသူများဆိုတဲ့သိ မေ့ပြောက်သွားပြီး အပစ်ကင်းစင်သူကလေးများ အဖြစ် သာခံစားမိသည်ကို ရိုးသားစွာဝန်ခံမိပါသည်။ စားသောက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်သူများက သင်တန်းများကိုလှည့်လယ် ရှင်းပြပါသည်။ တချို့ ကျနော်တို့ သိခြင်သောမေးခွန်းများကို သက်ဆိုင်ရာဆရာက သင်တန်းသားများကို လက်ဟန်ချေဟန် စကားဖြင့်မေးပြီး။ သင်တန်းသားတစ်ဦးစီက သူတို့ စိတ်တိုင်းကြလက်ဟန် စကားဖြင့် ပြန်ဖြေကြပါသည်။ သူတို့ ပြန်ဖြေသော အမူအရာများကို ကျနော် မှတ်မိနေသော အချက်ဟာ၊ သူတို့ ယခုဘ၀မှာ ပျော်နေကြ ပါတယ်၊ ဘယ်သူ့ ကိုမှ အပစ်မဖို့ ကြပါ၊ အပစ်ကင်းစင်နေကြပါတယ်ဆိုတာကိုဖေါ်ပြနေကြပါတယ်။ ပန်းပုထုလုပ်နေတဲ့နေရာကို ကျနော်ရောက်တော့ မန်းခလေးတစ်ယောက် ခုံပေါမှာထိုင်နေပြီး ဘေးမှာပန်းပုဆရာ တွေကော တပည့်တွေပါ အလုပ်ရှုပ်နေတာ ကြောင့်၊ အဲဒီ့ မိန်းခလေးနဲ့  ကျတော်တို့ အ၀င်ဝလမ်းမှာ ပြထားတဲ့ ပန်းပုရုတ် ကတူလှချီလားလို စိတ်ကူးမိတာနဲ့  ဆရာတစ်ဦးကို မေးကြည့်မိပါတယ်။ ဟုတ်ပါတယ် သူရဲ့ ရုတ်လုံးပါဘဲဆိုတာနဲ့ သူ့ ရုတ်လုံးကို ဓါတ်ပုံရိုက်ပြီးတင်ပြလိုက်ပါတယ်။ အထူးစံပြမယ်ကလေး ဖြစ်နေတာကြောင့် သူ့ ရဲ့ပင်ကိုယ်ပုံကိုတော့ ဓါတ်ပုံရိုက်ခွင့် မရပါ။ သူ့ ဆရာပြောပြချက်အရတော့ ခလေးမလေးဟာအသက် ၁၂ ပဲရှိသေးတယ်၊ စွံ့ အနားမကြား လေးဘဲ။ ကျနော်တို့ ပန်းပုပညာမှာ စွံ့ အနားမကြားတာကို ထဲ့ ထုလို့ မရဘူး၊ ဒါပေမဲ့ အပစ်ကင်းတဲ့ ၁၂ နှစ်သမီးအဖြစ် ရုတ်လုံးပေါ်အောင်တော့ ကြိုးစားပြီးဖေါ်ထားပါတယ်လို့  ပြောလိုက်ထာ ကျနော်တုန်လှုပ် မိပါတယ်။

 
ပြစ်ကင်းသူကလေးရဲ့ ရုပ်ထု

ဒီစာစောင်ရဲ့အစမှာပါတဲ့ တောင်ဒဂုံ က ၁၂ နှစ်အရွယ် မသန်မစွမ်းမိန်ခလေး သူ့ မှာ ဘာအပစ်ရှိလို့ လည်း ကမဘီလူးကြီးတို့ ရယ်။ ပုံထဲမှာပါတဲ့ ဗီယက်နမ်က မော်ဒယ်ဂဲ ကလေးလိုပါဘဲ၊ တောင်ဒဂုံက သမီးလေးဟာလည်း အပစ်ကင်းပါတယ်။ သေသေခြာခြာကြည့်ပါ ကာမဘီလူးကြီးရယ်၊ တနေ့ မှာ ခင်ဗျားရဲ့ အပစ်ကင်းစင်တဲ့ သမီးလေး ဘယ်ဘီလူးကြီးနဲ့ မှ မတွေ့ ပါစေနဲ့ လို့ ဝိုင်းပြီးဆုတောင်းပေးကြပါ။

Comments

Unknown said…
Cannot read at all.