Tuesday, June 12, 2012

Friends of MoeMaKa donated Kyats 100 Thousands for Charity School in Rangoon


 
 ပညာဒါနကျောင်း ၂ ကျောင်းအတွက် မိုးမခမိတ်ဆွေများက စုပေါင်းအလှူ ကျပ် ၁၀ သိန်း ပေးပို့
မိုးမခအထောက်တော် ၀၀၃၊ ဇွန် ၁၃၊ ၂၀၁၂
လွန်ခဲ့သည့် နှစ်ပတ်က ရန်ကုန်ြမို့နယ်များရှိ ပညာဒါနကျောင်းအချို့မှာ အကူအညီများ လိုအပ်နေတဲ့အကြောင်း မိုးမခမှာ သတင်း ထည့်သွင်းခဲ့ပါတယ်။ (သည်နေရာမှာ ပြန်ဖတ်ပါ)။ အဆိုပါသတင်းနဲ့ ပတ်သက်ပြီး မိုးမခမိတ်ဆွေများက တတ်စွမ်းသမျှ အလှူငွေများ ထည့်ဝင်ကြတဲ့အတွက် လက်ခံရရှိငွေ အလှူငွေ ကျပ် ၁၀ သိန်းကို သက်ဆိုင်ရာ စေတနာရှင် ဆရာ၊ ဆရာမများထံ သင့်လျော်သလို အသုံးပြုရန် ပေးအပ်လှူဒါန်းနိုင်ခဲ့ပါတယ်။
အမေမေတ္တာအိမ် ပညာဒါနအခမဲ့ကျောင်း (မြောက်ဥက္ကလာ) တွင် လျှပ်စစ်မီး ဆက်သွယ်ရန်အတွက် အလှူငွေ ကျပ် သုံးသိန်း နှင့် အမေ့ရင်သွေး ပညာဒါနကျောင်း (ဆိပ်ကြီးခနောင်တို) တွင် ကျောင်းအဆောက်အအုံတွင် သုံးစွဲရန်အတွက် အလှူငွေ ကျပ် ၇ သိန်း တို့ကို မျှဝေသုံးစွဲမည် ဖြစ်ကြောင်း အလှူလက်ခံရရှိသူ ဆရာမ ဒေါ်စံဝင့်ခိုင်က အလှူလက်ခံဖြတ်ပိုင်း ပြန်လည် ပေးပို့ပြီး အကြောင်းပြန်ခဲ့ပါတယ်။
သို့ဖြစ်ပါ၍ အများပြည်သူတို့၏ စုပေါင်းကောင်းမှုကို ယခုသတင်းကနေတဆင့် တင်ဆက် အကြောင်းကြားအပ်ပါတယ်။
Post a Comment