Thursday, June 21, 2012

Dhamma Beri Sayadaw Dhamma Class Invitation

အရှင်ဝီရိယ (ဓမ္မဘေရီဆရာတော်)၏ အမေရိကန်ပြည်ခရီးစဉ်
မေရီလင်း၊ ဘော်လတီမိုး၊ ဝေဇယန္တာကျောင်း၊ ဓမ္မစကြာနဲ့ ပဋ္ဌာန်းသင်တန်း
မိုးမခရွာဆော်ကြီး၊ ဇွန် ၂၂၊ ၂၀၁၂
ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့
“မထေရ်မြတ်တို့ စကားဝိုင်း“ စာအုပ်နှင့်  “အိုခြင်းရဲ့ အလှ“ “ဘယ်ကျောင်းနေမလဲ မောင်ရေခဲ“ စသော ဆောင်းပါးများစွာတို့၏ ကလောင်ရှင် သာသနဓဇ ဓမ္မာစရိယ၊ ဒီဃဘာဏက ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ (တောင်စွန်း) သည်
ဇွန်လ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့ အထိ၊ မေရီလင်းပြည်နယ်၊ ဘော်လတီမိုးမြို့ ဝေဇယန္တာကျောင်းတိုက်၌ ကြွရောက်သီတင်းသုံးမည်ဖြစ်ပါသည်။
ဆရာတော်ကြွရောက်သည့်အခိုက် အောက်ပါသင်တန်းများကိုလည်း ပို့ချပေးသွားမည်ဖြစ်ပါ၍ လာရောက်သင်ကြား နာယူမှတ်သားနိုင်ပါကြောင်း သတင်းကောင်းပါး ဖိတ်ကြားအပ်ပါသည်။
သင်တန်း  = ဓမ္မစကြာနှင့် ပဌာန်းသင်တန်း
အချိန်            = 8pm – 9pm
ရက်              = ဇွန်လ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ
ဌာန              = ဝေဇယန္တာကျောင်းတိုက် 4406 Windy Hill Road, Randallstown, MD 21133
                      Phone 443 272 7168
Post a Comment